မာန တွေ အပြိုင်အဆိုင် ထားနေမယ်ဆိုရင်တော့ အိမ်ထောင် တစ်ခုက ဘယ်တော့မှ ထာဝစဥ် မတည်တံ့နိုင်ပါဘူး။ မာနချင်း ပြိုင်နေမယ်ဆိုရင် ကွီးတို့ ကာယကံရှင် နှစ်ဦးသားပဲ နစ်နာရမှာပါ။ မာနတွေ ပြိုင်လွန်းလို့ အဆုံးသတ် မလှတဲ့ အိမ်ထောင်ရေးတွေကလည်း ဒုနဲ့ ဒေးပါပဲ။ ဒါ့ကြောင့် အိမ်ထောင်တစ်ခု တည်ဆောက်ပြီဆိုတာနဲ့ မာနာတွေကို ဘေးချထားရတော့မှာပဲ ဖြစ်ပါတယ်။

မာန တွေကို ဘေးချထားပြီး အခုဖော်ပြမယ့်အချက်များကို လိုက်နာကျင့်သုံး ကြည့်မယ်ဆိုရင်တော့ ကွီးတို့ အိမ်ထောင် က ထာဝစဥ် တည်မြဲနေမှာ မုချ ဧကန်ပါပဲ။

ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု ဖန်တီးပါ

happy couple

သာယာတဲ့ အိမ်ထောင် တစ်ခုဖြစ်ဖို့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု တည်ဆောက်ဖို့ လိုအပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားပြီး တစ်ယောက် ပြောတာကို အခြားတစ်ယောက်က အလေးပေးပြီး နားထောင်တာမျိုး၊ ခံစားချက်တွေကို အချင်းချင်း ဖလှယ်တာမျိုးတွေသည် ကွီးတို့ အိမ်ထောင်ရေးကို ပိုမို သာယာလာစေမှာ အမှန်ပါပဲ။

ကျေးဇူးတင်စကား ဆိုပါ

couple cooking together

ကွီးတို့ မဟေသီက ကွီးတို့ ရုံးသွားဖို့အတွက် ထမင်း ဟင်းချက်ကာ ပြင်ဆင်ပေးတာမျိုး၊ ကွီးတို့ အဝတ်အစားတွေကို အဝတ်လျှော်၊ မီးပူ တိုက်ပေးတာမျိုး လုပ်ပေးတဲ့အခါ ကွီးတို့ဘက်ကရော ဘာပြန်လုပ်ပေးဖူးပါသလဲ။ ကျေးဇူးတင်စကားရော ပြောဖူးပါသလား။

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ မဟေသီကို ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောဖို့တော့ မမေ့ပါနဲ့။ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားနဲ့ ချစ်တယ် ဆိုတဲ့ စကားသည် အိမ်ထောင်တစ်ခုမှာ ဘယ်လောက်ထိ အရေးပါသလဲဆိုတာကို ကွီးတို့ သိထားဖို့ လိုအပ်ပါတယ်။ ထိုစကားလေး နှစ်ခွန်းက ဘယ်လောက်တောင်မှ တာသွားသလဲဆိုတာကို သိဖို့ လိုအပ်ပါတယ်။

အချိန်ပေးပါ

မာန အိမ်ထောင် ထာဝစဥ်

ဘယ်လောက်ပဲ အလုပ်များများ ကိုယ့်ရဲ့ မိသားစုအတွက် အချိန်ပေးဖို့ လိုအပ်ပါတယ်။ ငါက မိသားစုအတွက် ငွေရှာပေးနေတာပဲဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ မိသားစုကို လျစ်လျူရှုထားမယ်ဆိုရင် အိမ်ထောင်ရေး သုခကို ခံစားနိုင်မှာ မဟုတ်ပါဘူး။

ကိုယ်ပိုင်အချိန်ရအောင်လည်း ဖန်တီးယူပါ

မာန အိမ်ထောင် ထာဝစဥ်

မိသားစုအတွက် အချိန်ပေးဖို့လည်း လိုအပ်သလို ကိုယ်ပိုင်အချိန် ရရှိဖို့လည်း လိုအပ်ပါတယ်။ လူတစ်ယောက် ကိုယ်ပိုင်အချိန်တွေ မရရှိဘူးဆိုရင် အလွန်အမင်း စိတ်မွန်းကြပ်လာပြီး အခြားသော အရာတွေနဲ့ စိတ်ထွက်ပေါက် ရှာတတ်ပါတယ်။ ကိုယ် ရှာလိုက်တဲ့ စိတ်ထွက်ပေါက်က မမှန်ကန်ဘူးဆိုရင်တော့ ကွီးတို့ အိမ်ထောင်ရေးအပေါ် အကျိုးသက်ရောက်မှု အများကြီးရှိနိုင်ပါတယ်။

သဘောထား မတိုက်ဆိုင်တာတွေ ရှိရင်လည်း အိုခေပါတယ်

မာန အိမ်ထောင် ထာဝစဥ်

လူတစ်ကိုယ် အကြိုက် တစ်မျိုးစီပါပဲ။ စိတ်ချင်းဆက်ပါတယ်ဆိုတဲ့ အမြွှာတွေတောင် စိတ်သဘောထား မတိုက်ဆိုင်တာတွေ အများကြီးရှိပါတယ်။​ ကွီးတို့ အိမ်ထောင်တစ်ခုကို တည်ဆောက်တဲ့အခါမှာလည်း စိတ်သဘောထား မတိုက်ဆိုင်တာတွေ တစ်ခုမဟုတ် တစ်ခု ပေါ်လာမှာပါပဲ။ ထိုစိတ်သဘောထား မတိုက်ဆိုင်တာတွေအပေါ်မှာ လိုက်ညှိယူရခြင်းသည်လည်း အိမ်ထောင်ရေး တာဝန် တစ်ခုပဲ မဟုတ်လား။

ခွင့်လွှတ်တတ်ပါစေ

မာန အိမ်ထောင် ထာဝစဥ်

လူသားတိုင်းက အမှား ပြုလုပ်တတ်ပါတယ်။ ကွီးတို့ မဟေသီ ပြုလုပ်လိုက်တဲ့ အမှားတွေက ကွီးတို့ကို ဒေါသထွက်စေနိုင်တာမျိုးတွေလည်း ရှိမှာပါပဲ။ ဒါပေမဲ့ ဒေါသထွက်တဲ့ စိတ်ခံစားချက်၊ စိတ်ပျက်သွားတဲ့ ခံစားချက်တွေကို အကြာကြီး မသိမ်းဆည်းထားသင့်ပါဘူး။ မေ့ပျောက်ပြီး ခွင့်လွှတ်တတ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် သာယာပျော်ရွှင်ရတဲ့ အိမ်ထောင်တစ်ခုကို ဖန်တီးနိုင်မှာပါ။

ကွီးတို့ရော ကိုယ့်ရဲ့ အိမ်ထောင်ဖက်အပေါ် မာနတွေ ထားနေတုန်းပဲလား။

Source: Urmc.rochester.edu

Featured Image: Goodhousekeeping