မားကတ်တင်း လို့ ပြောလိုက်တာနဲ့ စီးပွားရေး လုပ်ငန်းတစ်ခုအတွက် အသက်သွေးကြောဆိုတာ ပြောနေစရာတောင် လိုမယ် မထင်ပါဘူး။ ယနေ့ခေတ်ရဲ့ မားကတ်တင်း နယ်ပယ်ထဲမှာ AI က မရှိမဖြစ်ပါပဲ။ ဘာ့ကြောင့် ဒီလိုပြောရလဲဆိုတာ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ရင် ကွီးတို့ သိသွားပါလိမ့်မယ်။

AI မားကတ်တင်းဆိုတာ ဘာလဲ

email marketing

အရင်ဦးဆုံး AI မားကတ်တင်းဆိုတာ ဘာလဲဆိုတာကို ရှင်းပြပေးချင်ပါတယ်။ AI မားကတ်တင်း ဆိုတာကတော့ ကာစတန်မာတွေရဲ့ ဒေတာများ၊ သူတို့ရဲ့ ဘရန်း အကြိုက်များ၊ သူတို့ အများဆုံး ဝယ်ယူလေ့ရှိတဲ့ အရာများ အစရှိတဲ့ ဒေတာများကို အသုံးပြပြီး သူတို့ကို ပစ္စည်းတစ်ခု မဝယ်ချင် ဝယ်ချင်လာအောင်၊ သူတို့ တစ်ခုခု ဝယ်ချင်လိုက်တာဆိုတဲ့ စိတ်ရှိရုံနဲ့ မျက်စိရှေ့မှာ သူတို့ဝယ်ချင်တာတွေကို မြင်ရအောင် ပြုလုပ်ပေးတဲ့ နည်းပညာတစ်မျိုးပဲ ဖြစ်ပါတယ်။

ကွီးတို့သည် Facebook ပေါ် (သို့) ကွီးတို့ရဲ့ ဆိုရှယ်မီဒီယာ တစ်ခုခုမှာ ကွီးတို့ သိချင်တာ လိုချင်တာ တစ်ခုခုကို ရှာကြည့်လိုက်ရုံနဲ့ နောက်နေ့တွေဆိုရင် အလားတူအရာတွေကိုသာ မြင်တွေ့နေရတာ ဒီလို အဆင့်မြင့် နည်းပညာတွေကို အသုံးပြုလို့ပဲ ဖြစ်ပါတယ်။

မားကတ်တင်း အတွက် AI ကို အသုံးပြုကြတဲ့အခါ ရရှိတဲ့ အကျိုးကျေးဇူးများ

မားကတ်တင်း AI

ယနေ့ခေတ်မှာ ဒီလိုမျိုး AI အသုံးပြုပြီး မားကတ်တင်း ချဲ့ထွင်ခြင်းကြောင့် ရရှိတဲ့ အကျိုးကျေးဇူးများက မနည်းမနောပါပဲ။ အသိသာဆုံး အကျိုးကျေးဇူးတစ်ခုကတော့ အချိန်ကုန် သက်သာခြင်းပါပဲ။ ကာစတန်မာတွေရဲ့ အကြိုက်ကို အချိန်ကုန်ခံ လူအပင်ပန်းခံပြီး လိုက်လံ စစ်တမ်းကောက်နေစရာမလိုအပ်ပါဘူး။ AI အသုံးပြုရုံနဲ့တင် အချိန်တိုအတွင်း ဒေတာတွေ စုဆောင်းနိုင်ပါတယ်။

နောက်ထပ် အကျိုးကျေးဇူးကတော့ ကာစတန်မာတွေကို စိတ်တိုင်းကျလာအောင် ကူညီပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ကာစတန်မာရဲ့ အကြောင်းကို အသေးစိတ် သိရှိလာနိုင်ပြီး ရောင်းအားလည်း ပိုမိုတိုးမြှင့်လာမှာပဲ ဖြစ်ပါတယ်။

ဘယ်လိုမျိုး အသုံးချနိုင်မလဲ

မားကတ်တင်း AI

ယနေ့ခေတ်မှာ အများဆုံး အသုံးများကြတဲ့နေရာကတော့ Content Creation ပိုင်းတွေမှာ အသုံးများပါတယ်။ ဒါ့အပြင် အလိုအလျောက် စာပြန်ပေးတဲ့စနစ် Task Automation စနစ်အတွက်လည်း AIကိုသာ အားကိုးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာ နားထောင်ခြင်းလို့ ခေါ်တဲ့ ကာစတန်မာတို့ရဲ့ အပြုအမူတွေပေါ် မူတည်ပြီး စျေးကွက် ချဲ့ထွင်ကြတာပဲ ဖြစ်ပါတယ်။ ထိုအချက်များကို အသုံးပြုကာ ဒေတာများ စုဆောင်းပြီး ကွီးတို့ဆီ သူတို့ရဲ့ ကုန်ပစ္စည်းများ အရောင်းထွက်အောင် ဖန်တီးကြတာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော AI နည်းပညာ အသုံးပြုပြီး ဘာတွေ ပြုလုပ်ဖူးပါသလဲ။

Source: Aurosign

Featured Image: Selzy.com