ZTE ကုမ္ပဏီရဲ့ Brand အခွဲတစ်ခုဖြစ်တဲ့ nubia ကတော့ အခုလ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ V70 Max စမတ်ဖုန်း အသစ်ကို ဖိလစ်ပိုင်နိုင်ငံအတွင်း တရားဝင် မိတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Photo : GSMArena.com
nubia V70 Max မှာ ကြီးမားကျယ်ပြန့်တဲ့ ၆.၉ လက်မ LCD မျက်နှာပြင် ပါဝင်ပြီး HD+ resolution နဲ့ 120 Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ SOC အနေနဲ့ Unisoc T606 Chipset ကို မောင်းနှင်ထားပြီး 8GB RAM / 128GB Storage ပါရှိပါတယ်။ ဘက်ထရီအနေနဲ့တော့ 22.5W Wired Charging စနစ် Support ပေးထားတဲ့ 6,000 mAh ဘက်ထရီ တပ်ဆင်ပေးထားပါတယ်။
ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 50 MP Main ကင်မရာနဲ့အတူ 2 MP ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 8 MP ဆယ်လ်ဖီကင်မရာ ၁ လုံး ပါပါတယ်။ မျက်နှာပြင်ရဲ့အပေါ်ပိုင်းမှာ Notch တစ်ခု ထည့်သွင်းပေးထားပြီး အောက်ခြေမှာတော့ Bezel ခပ်ကြီးကြီး ပါရှိပါတယ်။
ပါဝါခလုတ်အောက်မှာတော့ Side-Mounted Fingerprint Sensor ကို ထည့်သွင်းပေးထားပြီး ဆော့ဖ်ဝဲပိုင်းမှာတော့ Android 15 အခြေပြု ZTE ရဲ့ MyOS 15 ကို အသုံးပြုထားပါတယ်။ အရောင်တွေအနေနဲ့ မီးခိုးရောင် ၊ ပန်းရောင်နဲ့ အစိမ်း ကာလာ ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး လက်ရှိမှာ nubia V70 Max စမတ်ဖုန်းကို Shopee နဲ့ Lazada တို့လို Online Retailers တွေထံမှာ စာရင်းသွင်းထားပြီး ဖြစ်ပါတယ်။
Source : GSMArena.com
Featured Photo : YugaTech