ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ဖို့ဆိုတာကလည်း ယောကျ်ားလေးတွေတိုင်းရဲ့ စိတ်ကူးယဉ် အိမ်မက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ အတွက် Gym တွေ ဆော့ပြီး Six packs တွေ နဲ့ ဆွဲဆောင်မလား။ အရပ်ရှည်ရှည် အသားဖြူဖြူ ကိုးရီးယားမင်းသားလေးတွေလို ချောမော လှပတဲ့မျက်နှာမျိုးနဲ့လား။ အနောက်နိုင်ငံက မင်းသားတွေလို ပါးသိုင်းမွှေး ရေးရေးနဲ့ ဗလတောင့်တောင့် တည်ကြည်တဲ့ ရုပ်ရည်မျိုးနဲ့ လား။ ဒါတွေက အပြင်ပန်းအချက်အလက်တွေပါ။ တကယ်တော့ မိန်းကလေး တွေ သဘောကျ တဲ့ ယောကျာ်းတစ်ယောက် ဖြစ်ဖို့ ဒီအချက်တွေ သိရင်ကိုအဆင်ပြေပါတယ်။

(၁) ဦးစားပေးတတ်ပါစေ

Photo : iStock

တစ်ခုခုဆို ကောင်မလေးတွေကို အရင်ဆုံးဦးစားပေးလိုက်တာ။ Lady First ဆိုတဲ့စကားအတိုင်း ဦးစားပေး ဆက်ဆံကြည့်ပေးပါ။ သူတို့ကို ဦးစားပေးလို့ ကြည်နူးပြီး ပျော်ရွှင်သွားမယ့်ကောင်မလေး တစ်ယောက်ရဲ့ပုံစံကို မျက်လုံးထဲ ပုံဖော်ကြည့်လိုက်ပါ။ ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မယ့်ဖြစ်ခြင်းမျိုးလဲ။ လူကြီးလူကောင်းဆန်တဲ့ တည်ငြိမ်နေတဲ့အသွင်နဲ့ ကောင်မလေးတွေ သဘောကျတဲ့ကွီးတစ်ယောက် ဖြစ်ဖို့အတွက်က အချက်တွေအများကြီး မလိုအပ်ပါဘူး။ ကောင်မလေးတိုင်း သဘောကျ နှစ်သက်တဲ့အချက်လေးတွေသာ ရှိနေပါစေ။

(၂) အမြဲပြုံးနေတတ်ပါစေ

Photo : iStock

မျက်နှာထားက ပြုံးနေတာကိုက ကြီးမားတဲ့ ဆွဲဆောင်မှု ဖြစ်နေတာပါ။ ပြုံးနေဖို့ ဆိုတာက မျက်နှာက စပ်ဖြဲဖြဲ ဖြစ်နေတာမျိုးတော့ မဟုတ်ဘူးနော်။ လူကြီးဆန်ဆန်တည်ပြီး ပြုံးနေတာမျိုးကို ဖြစ်နေပါစေ။ မျက်နှာကြီး စူပုပ်နေတာတို့ မျက်နှာသေကြီး ဖြစ်နေတာမျိုးတို့ဆိုရင် ဘယ်လိုနည်းနဲ့မှ ဆွဲဆောင်မှုရှိနေမှာ မဟုတ်ပါဘူး။

(၃) ဟာသဉာဏ်ရွှင်ပါစေ

Photo : iStock

တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံတဲ့အချိန်မှာ စိတ်ညစ်စရာတွေချည်းပဲ ပြောနေတာမျိုးဆိုရင် နှစ်ယောက်သားကြားက ဆက်ဆံရေးက အတော်ကို ပျင်းစရာကောင်းနေမှာပါ။ ကွီးတို့ အနေနဲ့ ကောင်မလေးတွေကို ဆွဲဆောင်ဖို့ အကောင်းဆုံး အချက်ကသူတို့ စိတ်ဝင်စားမယ့်အကြောင်းအရာလေးတွေကို ဟာသလေးတွေလုပ်ပြီး ပြောပြပေးတာမျိုးပဲ ဖြစ်ပါတယ်။ဟာသ မကြိုက်တဲ့ကောင်မလေးဆိုတာ မရှိပါဘူး။ ဟာသဉာဏ်ရွှင်တာကတော့ ကောင်မလေးတွေ အတွက်သာ မကဘဲဘယ်နေရာမဆို လူချစ်လူခင်များစေတဲ့အချက်လည်း ဖြစ်ပါတယ်။