Love, Rosie ရုပ်ရှင်ဇာတ်ကားလေးကို ကြည့်ဖူးတယ်ဆိုရင် ဒီလို ရယ်ရခက် ငိုရခက် အခြေအနေကို ကောင်းကောင်းကြီး သိကြပါလိမ့်မယ်။ လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး တစ်ခါတစ်လေမှာ မတော်တဆဆိုတဲ့ အခြေအနေ အဆန်းကြီးတွေက ဖြစ်တက်တာ သဘာဝပါပဲ။ ဥပမာပြောရရင် အတူနေချိန်မှာ သင့်ပါတနာရဲ့ မိန်းမကိုယ် အတွင်း ကွန်ဒုံးကျွတ်ပြီး ကျန်ခဲ့တာမျိုးပါ။ ဒါဟာ ပုံမှန်အားဖြင့်တော့ ဖြစ်တောင်ဖြစ်ခဲ ကိစ္စတစ်ခုလို့ ဆိုပေမယ့်လည်း ကြိုတင်မျှော့်လင်မထားပဲ နဖူးတွေ့ဒူးတွေ့ကြုံရတဲ့အခါ တော်တော်လေး တိုင်ပတ်ပြီး ခေါင်းစားရမှာဖြစ်သလို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်တက်ပါတယ်။ အဓိက ဒီလိုအခြေအနေဟာ ကွန်ဒုံးဆိုဒ် သေးလွန်း/ကြီးလွန်းတာ ၊ ချောဆီအလုံအလောက် မရတာ ၊ ကိစ္စပြီးချိန်မှာ ညီလေးကို ပါတနာရဲ့ မိန်းမကိုယ်အတွင်းကနေ ချက်ချင်းမဖယ်ရှားတာ ဒါမှမဟုတ် ညီလေးထောင်မတ်မှု လျှော့ကျသွားချိန်မှာ ကွန်ဒုံးကျွတ်ပြီး အထဲမှာကျန်ခဲ့တာ စတဲ့အခြေအနေတွေကြောင့် ဖြစ်တက်ပါတယ်။ အကယ်၍များ ဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်သင့်လဲ ၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ဆက်ပြီး လေ့လာကြည့်ရအောင်ပါ။

condom

Photo : Greatist

ပထမဆုံး အဆင့်အနေနဲ့ မိန်းမကိုယ်အတွင်းမှာ ကျွတ်ကျန်နေခဲ့တဲ့ ကွိုင်ကို ဖယ်ရှားရပါမယ်

အရင်ဆုံးစိတ်ကို တက်နိုင်သမျှ ဖြေလျှော့ထားပါ။ ကွန်ဒုံးဟာ မိန်းမကိုယ် အတွင်းမှာ ကျွတ်ကျန်နေခဲ့တာ သေချာတယ်ဆိုရင် ဟင်ချလောင်းဆိုပြီး မျက်လှည့်ပြသလို ပျောက်သွားနိုင်စရာ မရှိတဲ့အတွက် အရမ်းကြီး စိုးရိမ်ထိတ်လန့်စိတ်တွေ မများဖို့ အကြံပေးချင်ပါတယ်။ ထို့နောက် အသက်ကိုအနည်းငယ် ခပ်ပြင်းပြင်းရှူပြီး သေချာဆေးကြော သန့်စင်ထားတဲ့ သန့်ရှင်းတဲ့ လက်နဲ့ မိန်းမကိုယ်အတွင်းပိုင်းကို စမ်းကြည့်ပါ။ ကွန်ဒုံးရဲ့ တစ်စိတ်တစ်ပိုင်းကို ခံစားမိ,မမိသေချာလေး စမ်းကြည့်ဖို့ လိုပါတယ်။ ကွန်ဒုံးဟာ ထိပ်နားမှာပဲဆိုရင် ပြဿနာသိပ်မရှိပေမယ့် အထဲထိရောက်သွားတယ်ဆိုရင်တော့ ခြေထောက်တစ်ဖက်ကို ခုံပေါ်တင်ပြီး ထိုင်ထလုပ်သလို ပုံစံမျိုးပြုလုပ်ကာ စမ်းနိုင်ပါတယ်။ ဒါက မိန်းမကိုယ် အတွင်းထဲကို နက်နက်ရှိုင်းရှိုင်း ပိုရောက်နိုင်စေသလို အထဲကကွန်ဒုံးကို အောက်သို့ လျောကျလာနိုင်အောင် ကူညီပေးပါတယ်။

condom

Photo : Romper

ကွန်ဒုံးကို စမ်းမိပြီဆိုတာနဲ့ လက်ချောင်းထိပ်လေးတွေကို အသုံးပြုကာ မိန်းမကိုယ်အပေါက်ဆီသို့ ဖြည်းဖြည်းချင်း ဆွဲချပေးပါ။ ချောပြီး ဆွဲထုတ်ရခက်နေတယ် ဆိုရင်တော့ လက်ညိုးလက်မကို ညှပ်ပြီး ဆွဲထုတ်ပေးနိုင်ပါတယ်။ အကယ်၍ လက်နဲ့အလွယ်တကူ ဆွဲထုတ်ဖို့ခက်နေတယ် ၊ မိန်းမကိုယ် အတွင်းထဲအထိကို နက်နက်ရှိုင်းရှိုင်း ရောက်သွားပြီး လက်နဲ့စမ်းမိဖို့ပင် ခက်ခဲနေတယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကိုသွားပြီး သူနာပြု သို့မဟုတ် ကျွမ်းကျင်တဲ့ ဆရာဝန်အကူအညီနဲ့ ဖယ်ရှားဖို့ အကြံပေးချင်ပါတယ်။

နောက်တဆင့်ကတော့ ပုံမှန်လစဉ်သောက်ရတဲ့ သန္ဓေတားဆေး သို့မဟုတ် သန္ဓေတားနည်းတစ်ခုခုကို မခံယူထားဘူးဆိုရင်တော့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရနိုင်တဲ့ အခြေအနေကို တားဆီးကာကွယ်ဖို့ အရေးပေါ်သန္ဓေတားဆေးကို သေချာပေါက် သောက်ပေးရပါမယ်။ အရေးပေါ်သန္ဓေတားဆေးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီး ၇၂ နာရီအတွင်း သောက်သုံးပေးရပါမယ်။ မြန်မြန်သောက်လေ ပိုပြီး ထိရောက်လေ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်  မတော်တဆ မိန်းမကိုယ် အတွင်း ကွိုင် ကျွတ်ကျန်ခဲ့တဲ့အခါ ဘာတွေလုပ်ရမလဲ သိသွားလောက်မယ် ထင်ပါတယ်။

ကွီးတို့ရော လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး ဒီလို ရယ်ရခက် ငိုရခက် ဖြစ်ရပ်ဆန်းကြီးတွေ ကြုံဖူးပါသလား ???

Source : Planned Parenthood

Featured Photo : New York Post