Self-Discipline လို့ သုံးနှုန်းကြတဲ့ မိမိကိုယ်ကို စည်ကမ်းရှိခြင်းက လူတိုင်းအတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်စည်းကမ်းရှိခြင်းဆိုတာ ကဏ္ဍအလိုက် အဓိပ္ပါယ်အမျိုးမျိုး သတ်မှတ်နိုင်သော်လည်း ယေဘုယျအားဖြင့်တော့ မိမိရဲ့ အတွေးအခေါ်၊ အပြုအမူနဲ့ ကိုယ့်ရဲ့ ခံစားချက်များကို ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေထက် ကိုယ်လုပ်သင့်တဲ့အရာ၊ မှန်ကန်တဲ့ လမ်းကြောင်းကိုလျှောက်ဖို့ အပြုအမူကို ထိန်းညှိပေးတဲ့ စွမ်းရည်တစ်ခုလည်း ဖြစ်ပါတယ်။ မိမိရဲ့ ကိုယ်ပိုင် ဘဝအတွက်သော်လည်းကောင်း၊ လုပ်ငန်းခွင်အတွက်သော်လည်းကောင်း၊ ကိုယ်လိုချင်တဲ့ အရာတွေ ပန်းတိုင်တွေ ရောက်ရှိဖို့အတွက် Self-Discipline က လိုကိုလိုအပ်ပါတယ်။ ဒီနေ့မှာတော့ မိတ်ဆွေတို့အတွက် မိမိကိုယ်ကိုယ် စည်းကမ်းပိုရှိအောင် ပျိုးထောင်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

အရေးကြီးတဲ့ အရာတွေကို ပိုမိုအာရုံစိုက်ပါ

မိမိကိုယ်ကို စည်းကမ်းပိုရှိအောင်

Photo : Vista Create

ကျွန်တော်တို့က တစ်ခါတစ်လေမှာ ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေကို ဘေးကိုဖယ်ထားတတ်ပြီး ကိုယ်လုပ်ချင်တာကိုပဲ အရင်လုပ်တတ်ကြပါတယ်။ ဒါက စိတ်ကိုအလိုလိုက်ပြီး ကိုယ်တိုင်စည်းကမ်းမရှိခြင်းပါပဲ။ ဒီလိုလုပ်ခြင်းက ကြာလာရင် မိတ်ဆွေတို့ လုပ်နေတဲ့အရာတွေက စည်းလွတ်‌ဘောင်လွတ်ဖြစ်လာပြီး ဘဝအတွက် ဆိုးကျိုးတွေကိုသာ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့အရာတွေကို သေချာသိရှိပြီး ထိုအရာတွေကို အရင်ဦးစားပေးလုပ်ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပေးပါ။ လုပ်ချင်တာထက် လုပ်စရာရှိတာတွေ၊ လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို ဦးစားပေးလုပ်ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပါ။

သေးငယ်သော စည်းကမ်းတွေကနေ စတင်ပါ

မိမိကိုယ်ကို စည်းကမ်းပိုရှိအောင်

Photo : Sandler Training

မိမိကိုယ်ကိုယ် စည်းကမ်းပိုရှိအောင် လေ့ကျင့်ယူလို့ရတဲ့ဆိုတာ သိပါသလား။ ဒီလိုမျိုး ကိုယ့်ကိုယ်ကို စည်းကမ်းရှိအောင် လေ့ကျင့်ရာမှာ သေးငယ်တဲ့ စည်းကမ်းလေးတွေ မိမိကိုယ့်ကို ချမှတ်ပြီး စတင်ပါ။ ဥပမာအားဖြင့် ည စောစောအိပ်ရာဝင်ဖို့ ကိုယ့်ကိုယ်စည်းကမ်းလုပ်တာ၊ အချိန်မှီ လုပ်ငန်းခွင်ကို ရောက်နိုင်အောင် ၁၅ မိနစ်ခန့် စောထွက်တာ၊ နေ့တိုင်း နာရီဝက်ခန့် စာလေ့လာတာ စတဲ့ အရာလေးတွေကို ကိုယ်တိုင်ချမှတ်ပြီး လိုက်နာကြည့်ပါ။ ဒီလိုအရာလေးတွေကို လိုက်နာနိုင်ပြီဆိုရင် မိတ်ဆွေတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပြီး ပိုမိုလေးနက်တဲ့ Self-Discipline တွေ ချမှတ်လိုက်နာလာနိုင်ပါလိမ့်မယ်။

ကိုယ့်ရဲ့ အားနည်းချက်ကို တွန်းလှန်ပါ

Photo : Inc. Magazine

ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိအောင် ဘယ်လိုထိန်းရမလဲ သိချင်ရင် ကိုယ့်အားနည်းချက်ကို သိရှိပြီး တွန်းလှန်ပါ။ ဥပမာအားဖြင့် မိတ်ဆွေတို့က အလုပ်ကို အလောတကြီး သွားစရာမလိုဖို့ နာရီဝက်လောက် စောထရမယ်ဆိုတာ သိထားပေမယ့် ကိုယ်တိုင်အအိပ်မက်ပြီး ဒီနေ့ထိ မထနိုင်ဖြစ်နေပါသလား။ ဒါဆိုရင်တော့ ဒါက ကွီးတို့ရဲ့ အားနည်းချက်ဖြစ်ပြီး ထိုအရာကို မတွန်းလှန်နိုင်သေးဘဲ Self-Discipline အပြည့်အဝမရှိသေးလို့ ဖြစ်ပါတယ်။ ဒီလို ကိုယ့်ရဲ့အားနည်းချက်ကို သိပြီဆိုရင် စောစောထနိုင်ဖို့ ညဘက်စောစောအိပ်တာ၊ ဝိရိယထားပြီး စောထနိုင်ဖို့ အလေ့အကျင့်တွေ ပြုလုပ်ပြီး တွန်းလှန်နိုင်ပါတယ်။ အဓိကကတော့ အားနည်းချက် ဒါမှမဟုတ် လိုအပ်ချက်ကို တွန်းလှန်ချင်တဲ့ စိတ်ပါပဲ။

စည်းကမ်းဆိုတာ နေရာတိုင်းမှာ ရှိဖို့လိုအပ်ပြီး မိမိကိုယ်ကိုယ် စည်းကမ်းရှိခြင်းက မိတ်ဆွေတို့ဘဝအတွက် တိုးတက်အောင်မြင်မှုတွေ၊ ပန်းတိုင်တွေ ဆီကိုခေါ်ဆောင်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိဖို့အတွက် အလေးပေးပျိုးထောင်ပါ။ ကိုယ်တိုင်စည်းကမ်းရှိဖို့ လိုအပ်တယ်လို့ ထင်ပါကလည်း အခုဖော်ပြပေးလိုက်တဲ့ နည်းလေးတွေကို လိုက်နာပြီး Self-Discipline ကို ကိုယ်တိုင် မြှင့်တင်ပျိုးထောင်နိုင်ပါတယ်။

Source : Clever

Featured Photo : Vista Create