မိုးတွင်းမှာ ရှိုးထုတ်မယ်ဆိုရင်တော့ မိုးတွင်းစီး ဖိနပ် တွေက မရှိမဖြစ်ပါပဲ။ မိုးတွင်းစီး ဖိနပ် မရှိဘူးဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်က ဘယ်လိုမှ အထာကျနိုင်မှာမဟုတ်တော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဖက်ရှင်ဆိုတာသည် သူ့ရာသီနဲ့သူ၊ သူ့ပွဲအခမ်းအနားနဲ့သူ လိုက်ဖက်အောင် ဝတ်စားဖို့ လိုအပ်လို့ပဲ ဖြစ်ပါတယ်။ ကွီးတို့က မိုးရေ ရွှဲရွှဲကြီးထဲမှာ ကတ္တီပါဖိနပ်ကြီး တကားကားနဲ့ လျှောက်သွားနေမယ်ဆိုရင် ဖက်ရှင်ကျမှာ မဟုတ်သလို ကတ္တီပါသားကနေ မိုးစိုတဲ့အတွက်ကြောင့် ထွက်လာတဲ့ရနံ့ကလည်း ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။
ဒါဆိုရင် မိုးတွင်းစီး ဖိနပ် တွေကို ဘယ်လိုမျိုး ရွေးချယ်ရမလဲ။
မိုးတွင်းစီး ဖိနပ်တွေကို ရွေးချယ်ဖို့ ခေါင်းစားနေစရာမလိုပါဘူး။ ဒီဆောင်းပါးလေးကနေတဆင့် ကွီးတို့အတွက် မိုးတွင်းမှာ အလန်းစားဖိနပ်ဒီဇိုင်းများနဲ့ ဖက်ရှင်ကျနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။
ဒီဇိုင်း အမိုက်စား ရာဘာခြေညှပ်ဖိနပ်များ
မိုးတွင်းဆိုတော့ လမ်းတစ်လျှောက်မှာ ရွံ့ဗွက်တွေ၊ ရေအိုင်တွေအပြည့်ပဲ ဖြစ်နေမှာပါ။ ဒီလိုအချိန်မျိုးမှာတော့ ကွီးတို့အတွက် အကောင်းစား ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ ခြေညှပ်ဖိနပ်တွေက အရေးပါလာပါပြီ။ ထသွား ထလာဖက်ရှင်မျိုးအနေနဲ့ ရွေးချယ်နိုင်ပါတယ်။ ကွီးတို့ရဲ့ ဖက်ရှင်ကို ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်အောင် ကူညီပေးမယ့် ဖက်ရှင်ဒီဇိုင်းလေးပဲဖြစ်ပါတယ်။
ကြိုးသိုင်းဖိနပ်များ
နောက်ထပ် အကြမ်းလည်း ခံပြီး ဖက်ရှင်လည်း ကျစေမယ့် မိုးတွင်းစီးဖိနပ်များကတော့ ကြိုးသိုင်းဖိနပ်များပဲ ဖြစ်ပါတယ်။ ကွီးတို့က အလုပ်ကိုပဲသွားသွား၊ ဘော်ဒါတွေနဲ့ပဲ လျှောက်လည် လျှောက်လည်၊ ဘောင်းဘီတိုနဲ့ပဲ ဝတ်ဝတ်၊ ဘောင်းဘီရှည်နဲ့ပဲ ဝတ်ဝတ် လိုက်ဖက်ပါတယ်။ အဝတ်အစားမရွေးတဲ့ ဖိနပ်ပဲဖြစ်ပါတယ်။
ကွင်းထိုး အပိတ်ဖိနပ်များ
အကြမ်းလည်း ခံရမယ်၊ ပြီးတော့ မိုးတွင်းမှာ ရွံ့ဗွက်တွေကြောင့် ခြေထောက် ညစ်ပတ်သွားမှာမျိုးကိုလည်း မနှစ်သက်ဘူးဆိုရင်တော့ ဒီဖိနပ်ဒီဇိုင်းလေးကို ရွေးချယ်နိုင်ပါတယ်။ ကွီးတို့ရဲ့ ခြေချောင်းလေးတွေကို ဗွက်မစင်အောင် ကူညီပေးမယ့် အမိုက်စား ဖိနပ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်။
Loafers ရှူးဖိနပ်များ
Gentleman ဆန်ဆန်ဖက်ရှင်မျိုးကို နှစ်သက်တယ်ဆိုရင်တော့ Loafers ရှူးဖိနပ်များကို ရွေးချယ်လိုက်ပါ။ အပြင်မှာ မိုးကလည်း ရွာနေတယ်၊ ကိုယ် သွားရမယ့် နေရာကလည်း နယ်နယ်ရရ နေရာမဟုတ်ဘဲ ကိန်းကြီးခမ်းကြီးနိုင်တဲ့ နေရာမျိုးဆိုရင်တော့ Loafers ဖိနပ်များကို ရွေးချယ် ဝတ်ဆင်သွားသင့်ပါတယ်။
ကွီးတို့ရော မိုးတွင်းမှာ ကတ္တီပါဖိနပ်တွေနဲ့ ရှိုးထုတ်နေတုန်းလား။ မိုးတွင်းစီး ဖိနပ်တွေ ပြောင်းဝတ်ဖို့ စိတ်မကူးတော့ဘူးလား။
Source: Lifeberrys
Featured Image: Gatwickairport