ပူအိုက် ခြောက်သွေ့လွန်းလှတဲ့ နွေရာသီကနေ မိုးရာသီသို့ ပြောင်းလဲ ရောက်ရှိသွားပြီပဲဖြစ်ပါတယ်။ ပွင့်လင်းရာသီတွေမှာ ခရီးသွားလို့ ကောင်းသလောက် မိုးရာသီမှာဆိုရင်တော့ စိုစိုစွတ်စွတ်နဲ့ ခရီးသွားလို့ မကောင်းပါဘူး။ ဒါပေမဲ့လည်း မိုးရာသီမှာ ပိုလှတဲ့ နေရာတွေကတော့ မိုးရာသီမှာ သွားမှ ပိုပြီး အဓိပ္ပါယ် ပြည့်စုံတာပါ။ ဒါ့အပြင် မိုးရာသီမှာ ခရီးထွက်ရတဲ့ ဖီလင်လ်ကလည်း ဘာနဲ့မှ လဲနိုင်မှာ မဟုတ်ပါဘူး။ ကွီးတို့သာ မိုးရာသီ ထဲမှာ ခရီးသွားဖို့ စဥ်းစားနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာ တွေက အလှဆုံး မို့လို့ ဒီနေရာတွေကို ရွေးချယ်သင့်ပါတယ်။​

ပုဂံ

ပုဂံ

ပုဂံကတော့ မြန်မာတို့ရဲ့ အသည်းနှလုံးပါပဲ။ မန္တလေးတိုင်း ဒေသကြီးထဲတွင် တည်ရှိပြီး စေတီပုထိုးပေါင်း သောင်းချီ တည်ရှိပါတယ်။ သမိုင်းဝင် နေရာဒေသတစ်ခုဖြစ်တဲ့ ပုဂံသည် မိုးရာသီမှာ လည်ပတ်မယ်ဆိုရင်တော့ အပူဒဏ်ကို ခံရမှာ မဟုတ်တော့ပါဘူး။ မိုး မရွာရင်တောင်မှ နေက အပူကြီး မဟုတ်တဲ့အတွက်ကြောင့် တစ်နေရာကနေ နောက်တစ်နေရာ ကူးပြီး ဘုရားဖူးမယ်ဆိုရင်တော့ လူပင်ပန်းတာလည်း သက်သာပါတယ်။ ဒါ့အပြင် မိုးရာသီမှာ ဟိုတယ်ခတွေကလည်း ပိုပြီး ဈေးသက်သာပါတယ်။

အင်းလေး

မိုးရာသီ နေရာ အလှဆုံး

မြန်မာနိုင်ငံသား မှန်ရင် မဖြစ်မနေ လည်ပတ်သင့်တဲ့အထဲမှာ အင်းလေး ဒေသကလည်း တစ်ခုအပါအဝင်ပါပဲ။ နိုင်ငံခြားသားများလည်း နှစ်သက်ကြတဲ့ နေရာတစ်ခုဖြစ်ပြီး ခြေထောက်တစ်ဖက်တည်းနဲ့ လှေလှော်ခတ်တာကလည်း ရေပန်းစားပါတယ်။ တကယ်လို့ ကွီးတို့သာ ဒီရေပေါ်မြို့လေးကို သွားရောက်လည်ပတ်ဖြစ်မယ်ဆိုရင်တော့ မိုးရာသီမှာ သွားရောက် လည်ပတ်သင့်ပါတယ်။ ရာသီဥတုက အုံ့မှိုင်းမှိုင်းလေးနဲ့ လွမ်းဆွေးစရာပါပဲ။

ကလော

မိုးရာသီ နေရာ အလှဆုံး

အေးချမ်းတဲ့ မြို့ကလေးဖြစ်တဲ့ ကလောမြို့လေးက မိုးရာသီမှာ ပိုမိုအေးချမ်းပြီး မိုးတဖြောက်ဖြောက်ကျတဲ့အခါ ဘယ်သူ့ကို လွမ်းလို့ လွမ်းရမှန်းမသိတောင် ဖြစ်တတ်ပါတယ်။ ကလောမြို့ရဲ့ ဒေသထွက် အစားအစာများကလည်း အစားအစာ Foodie များအတွက် အားရစရာပါပဲ။ ရန်ကုန်ကနေ သွားမယ်ဆိုရင် ၈ နာရီကြာသာ ကားစီးရမှာဖြစ်ပြီး တောင်ကုန်း တောင်တန်းများရဲ့ သဘာဝ ရှုခင်းအလှက ကွီးတို့ကို စောင့်ကြိုနေပါတယ်။ မိုးအုံ့အုံ့လေးမှာ Hiking လုပ်ချင်တဲ့ ကွီးတို့အတွက်လည်း ကလောမြို့က တောင်ကုန်းလေးတွေက ပြေပြေပြစ်ပြစ်နဲ့ သိပ် မမြင့်တဲ့အတွက် သက်သောင့်သက်သာနဲ့ Hiking ပြုလုပ်နိုင်ပါတယ်။

ဘားအံ

မိုးရာသီ နေရာ အလှဆုံး

မိုးရာသီနဲ့ ဘားအံမြို့လေးကတော့ ခွဲမရအောင် လိုက်ဖက်လွန်းလှပါတယ်။ မိုးများတဲ့အချိန်မှာဆိုရင် ထွန့်ပတိုင် ရေကန်ကလည်း ရေအပြည့်နဲ့ မြောက်မြားစွာသော ငါးတွေ ကူးခတ်နေတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ တောင်ကြားလမ်းရဲ့ နေရာလေးကလည်း အလွမ်းဓာတ်ခံ ရှိတဲ့ ကွီးတို့အတွက်တော့ ဆွေးငေးချင်စရာ ကောင်းလှပါတယ်။ ဘားအံမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဇွဲကပင်တောင်ပေါ် တက်ချင်တယ်ဆိုရင်လည်း မိုးအုံ့တဲ့အချိန်က တက်လို့ကောင်းပါတယ်။

ကွီးတို့ရော မိုးရာသီ ဆိုရင် ဘယ် နေရာ ဘယ် ဒေသတွေဆီ အလည်သွားရင် အလှဆုံး နေရာတွေကို ဖွေရှာချင်ပါသလဲ။

Source: Gomyanmartours

Featured Image: Columbia