Jeans ဆိုရင် ပုံမှန် Traditional Blue Denim တွေက အဝတ်များပေမယ့် မီးခိုးရောင်ဘောင်းဘီတွေကိုတော့ ဝတ်တာရှားတယ်လို့ ပြောရမှာပါ။ အမှန်တော့ Gray Jeans တွေက ဝတ်တက်ရင် တော်တော်လေး ဆွဲဆောင်မှုရှိပြီး စတိုင်ကျတဲ့ ဘောင်းဘီအမျိုးအစား တစ်ခုပါ။ ဒီဆောင်းပါးလေးမှာတော့ မီးခိုးရောင် Jeans ဘောင်းဘီတွေကို ဖက်ရှင်ကျကျ ဘယ်လိုဝတ်ရမလဲဆိုတာ မသိသေးတဲ့ ဖက်ရှင်ချစ်သူ ကွီးတို့အတွက် Tips လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ပေါ့ပေါ့ပါးပါး Weekend Look

Photo : Rocking Swamy
အားလပ်ရက်မှာ ဘော်ဒါတွေနဲ့ အပြင်ထွက်မယ် ၊ ချစ်သူလေးနဲ့ ဒိတ်လုပ်မယ်ဆိုရင် ပေါ့ပေါးပါးပါးနဲ့ စတိုင်ကျကျ ဝတ်ဖို့အတွက် မီးခိုးရောင် Jeans ဘောင်းဘီတွေကို အဖြူရောင် T-shirt တွေနဲ့ တွဲဝတ်နိုင်ပါတယ်။ လူငယ်ပိုဆန်ချင်တယ် ရာသီဥတုလည်း အနည်းငယ်အေးတယ်ဆိုရင် အပေါ်က Denim Jacket ဒါမှမဟုတ် Bomber Jacket လေး ထပ်ဝတ်လိုက်နိုင်ပါတယ်။ ဖိနပ်ရွေးချယ်မှုကတော့ White Sneakers ဒါမှမဟုတ် Casual Loafers တွေနဲ့ တွဲဝတ်လို့ အလိုက်ဖက်ဆုံးပါပဲ။
(၂) စမတ်ကျကျ ပေါ့ပေါ့ပါးပါး Office Attire

Photo : Pinterest
ရုံးတက်နေရတဲ့ ကွီးတို့ကတော့ စမတ်ကျကျနဲ့ ပေါ့ပေါ့ပါးပါး Office Attire အတွက် မီးခိုးရောင် Jeans ဘောင်းဘီတွေကို Button-Down Shirt တွေနဲ့ တွဲဝတ်နိုင်ပါတယ်။ အရောင်အနေနဲ့တော့ အပြာနု ဒါမှမဟုတ် အဖြူရောင် Shirt တွေက အလိုက်ဖက်ဆုံးပါ။ အပေါ်ထပ်အနေနဲ့တော့ Navy သို့မဟုတ် Charcoal Gray ကာလာ Blazer တွေကို ထပ်ဝတ်နိုင်ပါတယ်။ အောက်ပိုင်းကတော့ Suede Loafers ဒါမှမဟုတ် Oxford Shoes တွေနဲ့ တွဲဝတ်နိုင်ပြီး လည်သာခါးပတ် ကတော့ မပါမဖြစ် ဝတ်ဆင်သင့်ပါတယ်။
(၃) Date Night Outfit

Photo : AliExpress
ချစ်သူလေးနဲ့ Date Night လုပ်ဖို့ Outfit ရွေးချယ်ရခက်နေရင်တော့ မီးခိုးရောင် Jeans ဘောင်းဘီတွေကို Slim-Fit Sweater နဲ့သာ တွဲဝတ်ကြည့်ပါ။ အားကစားသမားတွေ ၊ မာဆယ်အနည်းငယ်ရှိနေသူတွေဆိုရင်ပိုပြီး ကြည့်ကောင်းပါလိမ့်မယ်။ အစိမ်းရင့် သို့မဟုတ် ခရမ်းပုတ်ရောင်တွေကို ရွေးနိုင်ပါတယ်။ ဒီ Outfit အတွက် Leather Chelsea Boots တွေကတော့ အလိုက်ဖက်ဆုံးပါပဲ။
(၄) အထာကျတဲ့ ဘီးကျဲ Look

Photo : Pinterest
အသက် ၂၅ နှစ်နဲ့အထက် ၃၀ ဝန်းကျင် ဘီးကျဲတို့အတွက်ကတော့ မီးခိုးရောင် Jeans ဘောင်းဘီတွေကို Printed Shirt တွေနဲ့ တွဲဝတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ Printed Shirt တွေထဲမှာတော့ ပန်းပွင်ဒီဇိုင်း ၊ အပွင့်အကွက် ၊ အလုံးအစင်း ကွီးတို့နှစ်သက်ရာ အဆင်ကို ရွေးချယ်နိုင်ပါတယ်။ ဖိနပ်ကတော့ Sneakers သို့မဟုတ် Brown Loafers တွေကတော့ အလိုက်ဖက်ဆုံးပါပဲ။
Source : magicpin
Featured Photo : DMARGE
