ဖက်ရှင်လောကမှာ ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံး Victoria's Secret Fashion Show ကြီးကို (၈) နှစ်တာ ရပ်နားပြီးနောက်မှာ အမေရိကန်နိုင်ငံ၊ LA မြို့မှာ အောက်တိုဘာလ ၁၈ ရက်က အထူးစည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပခဲ့ပါတယ်။

အဲဒီပွဲမှာ နာမည်ကျော် Kylie Jenner ဟာ ပရိသတ်တွေ လုံးဝထင်မှတ်မထားဘဲ အံ့အားသင့်သွားစေတဲ့ Surprise အနေနဲ့ ရဲရဲဝံ့ဝံ့ ပေါ်ထွက်လာပြီး သမိုင်းဝင် ရတနာဘရာစီယာကို ဝတ်ဆင်ကာ ရင်သပ်ရှုမောဖွယ် လမ်းလျှောက်ပြခဲ့တာ ဖြစ်ပါတယ်။

နာမည်ကျော် လက်ဝတ်ရတနာ brand တစ်ခုဖြစ်တဲ့ Jacob & Co. နဲ့ လက်တွဲဖန်တီးထားတဲ့ အဲဒီ Fantasy Bra ရဲ့ တန်ဖိုးဟာ အံ့အားသင့်စရာကောင်းလောက်အောင် ဒေါ်လာသန်း (၅၀) အထိ ရှိနေပါတယ်။

အဲဒီ ဘရာမှာ သဘာဝစိန်ပေါင်း (၄,၄၁၀) လုံး ပါဝင်ပြီး စုစုပေါင်း အလေးချိန် (၁,၃၇၃.၃၉) ကာရက် ရှိကာ ရင်ဘတ်အောက်ခြေမှာ ကျဆင်းနေတဲ့ စိန်ဆွဲသီးတွေနဲ့ ဗဟိုချက်မှာ လင်းလက်နေတဲ့ (၇၅.၅၄) ကာရက်ရှိတဲ့ အဝါရောင် စိန်တစ်လုံးတို့ ပါဝင်တာကြောင့် ဖက်ရှင်သမိုင်းတစ်လျှောက် အဈေးအကြီးဆုံးနဲ့ အလင်းလက်ဆုံး ဖန်တီးမှုတစ်ခု အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

Kylie Jenner ဟာ အဲဒီထူးခြားတဲ့ သမိုင်းဝင် ပစ္စည်းကို အဖြူရောင်အတောင်ပံတွေ၊ ရိုးရှင်းတဲ့ အတွင်းခံဝတ်စုံတို့နဲ့ တွဲဖက်ဝတ်ဆင်ပြီး စွဲမက်ဖွယ် ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ အဲဒီလို ရင်ခုန်စရာ အခမ်းအနားမှာ Kylie Jenner ရဲ့ မိခင်ဖြစ်တဲ့ Kris Jenner နဲ့ ချစ်သူဖြစ်တဲ့ Timothée Chalamet တို့က ရှေ့တန်းထိုင်ခုံကနေ အားပေးဝန်းရံခဲ့ကြတာကလည်း ပွဲကို ပိုပြီး စိတ်ဝင်စားစရာနဲ့ ဆွဲဆောင်မှုရှိသွားစေခဲ့ပါတယ်။

ဒီလို ရွေးချယ်မှုနဲ့ ပတ်သက်ပြီး Victoria's Secret ရဲ့ အဓိက ဖန်တီးမှုအရာရှိ Adam Selman က Kylie Jenner ဟာ ဖက်ရှင်နယ်ပယ်ကို ကျော်လွန်ပြီး လူမှုယဉ်ကျေးမှုဘက်မှာပါ ကိုယ်ပိုင်သတ်မှတ်ချက်တွေနဲ့ အင်အားစုတစ်ခုကို ဖန်တီးထားသူဖြစ်လို့ အခုလို ဂုဏ်ပြုရွေးချယ်ခဲ့တာလို့ Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။

Ref: usatoday