ဗြိတိန်နိုင်ငံမှာ လိင်တံ နာရီပေါင်းများစွာ ထောင်မတ်ပြီး နာကျင်မှုခံစားရတဲ့ ပြဿနာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ဆေးရုံတက်ရောက် ကုသခံခဲ့ရတဲ့ အမျိုးသား ၅၃၀ ဦးအထိ ရှိလာခဲ့ပြီး စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။
အဲဒီအရေအတွက်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅၈ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာတာ ဖြစ်ပြီး၊ တစ်ပတ်ကို လူနာ ၁၀ ဦးကျော်နှုန်း ရှိနေတယ်လို့ သိရပါတယ်။ ထိခိုက်ခံစားရသူတွေထဲမှာ အသက် ၈၀ နဲ့ ၉၀ ဝန်းကျင်ရှိတဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

ကျွမ်းကျင်ပညာရှင်တွေရဲ့ ထောက်ပြချက်အရ အဲဒီလို ဆေးရုံရောက်ရတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ အလွယ်တကူ ဝယ်ယူသုံးစွဲလို့ရတဲ့ Viagra လို ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးကုသမှု ခံယူရတဲ့ လူနာ ၄၄၁ ဦးဟာ အရေးပေါ်အခြေအနေနဲ့ ကုသခဲ့ရပြီး ရေခဲအိတ်ကပ်တာ၊ သွေးကြောကျဉ်းဆေး ထိုးတာတွေအပြင် တချို့လူနာတွေဆိုရင် ပိတ်ဆို့နေတဲ့သွေးတွေကို စုပ်ထုတ်ဖို့ ဆေးထိုးအပ်အသုံးပြုတာနဲ့ ခွဲစိတ်ကုသမှုတွေအထိ လုပ်ဆောင်ခဲ့ရပါတယ်။

အထူးသဖြင့် ဆေးဝါးတွေကို ကိုကင်း ဒါမှမဟုတ် အရက်လိုမျိုး အရာတွေနဲ့ တွဲဖက်သုံးစွဲသူတွေမှာ အဲဒီလို အန္တရာယ်ပိုများတယ်လို့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက သတိပေးထားပါတယ်။
နာရီပေါင်းများစွာ မရပ်မနား လိင်ဆက်ဆံချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆေးဝါးအမျိုးမျိုးကို ရောနှောသုံးစွဲတာဟာ ရေရှည်မှာ ကျန်းမာရေးအတွက် အလွန်အန္တရာယ်ကြီးမားတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။
Ref: thesun


