မုတ်ဆိတ်ရိတ်တာ ဘာခက်လို့လဲ မေးစရာ ရှိပါတယ်။ မှန်ပါတယ်။ ပုံမှန်အားဖြင့်တော့ မုတ်ဆိတ်ရိတ်တာက လွယ်ကူတယ်လို့ ထင်ရပေမယ့် ကွီးတို့ စနစ်တကျနဲ့ လိုက်နာရမယ့် အဆင့်တွေကို ကျော်သွားမယ်ဆိုရင် အသားအရေ ပျက်စီးတာ ၊ မတော်တဆ ဒဏ်ရာအနာတရ ရတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ မုတ်ဆိတ်ရိတ် တဲ့အခါမှာ မဖြစ်မနေ လိုက်နာရမယ့် အဆင့်လေးတွေကို ပြောပြပေးပါမယ်။

(၁) Exfoliate လုပ်ပါ

Shaving Tips

Photo : Epiphany Dermatology

မုတ်ဆိတ်မရိတ်ခင်မှာ Exfoliate အရင် လုပ်သင့်ပါတယ်။ အမျိုးသားတွေရဲ့ အသားအရေဟာ အမျိုးသမီးတွေထက် ပိုမိုကြမ်းတမ်းလေ့ ရှိတာကြောင့် ပုံမှန် Scrub သုံးပြီး ညင်သာစွာ ပွတ်တိုက်သန့်စင်မှု လုပ်ပေးခြင်းဖြင့် အရေပြားနဲ့ အမွှေးအမျှင်တွေမှာ ကပ်ညှိတွယ်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ မုတ်ဆိတ်ရိတ် တဲ့အခါ Exfoliate အရင်လုပ်ပေးတာက မုတ်ဆိတ်ရိတ်ပြီးချိန်မှာ ပိုမိုနုပျိုလန်းဆန်းတဲ့ အသားအရေကို ရရှိစေပါလိမ့်မယ်။

(၂) ရေနွေးသုံးပါ

Shaving Tips

Photo : PrettyBoy

မုတ်ဆိတ်ရိတ်တော့မယ်ဆို မရိတ်ခင် မိနစ်အနည်းငယ်လောက်ကို ရေနွေးငွေ့နဲ့ ပေါင်းတင်တာ သို့မဟုတ် ရေနွေးစိမ်ထားတဲ့ တဘက်နဲ့ မုတ်ဆိတ်မွှေး ဧရိယာတဝိုက်ကို ဖုံးအုပ်ထားပေးသင့်ပါတယ်။ ရေခပ်နွေးနွေးလေးကို အသုံးပြုပေးတာက ကွီးတို့ရဲ့ အသားအရေကို နူးညံ့ချောမွေ့စေပြီး မုတ်ဆိတ်ရိတ်တဲ့အခါ ညင်သာနူးညံ့တဲ့ အထိအတွေ့နဲ့အတူ အမွှေးအမျှင်တွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

(၃) မုတ်ဆိတ်ရိတ် ခရင်မ်လိမ်းပါ

Shaving Tips

Photo : St Johns Fragrance

မုတ်ဆိတ်ရိတ် ခရင်မ်လိမ်း အသုံးပြုတာဟာ အမွှေးအမျှင်တွေ အားလုံးကို လွယ်ကူစွာ ရှင်းလင်းနိုင်သလို အသားအရေကိုလည်း ကောင်းမွန်စေပါတယ်။ မုတ်ဆိတ်ရိတ်ဓားကြောင့် ဖြစ်တက်တဲ့ အသားအရေ နီမြန်းရောင်ရမ်းတာ ၊ အဖုအပိန့်တွေထွက်တာ စတာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

(၄) Aftershave Balm သို့မဟုတ် Moisturizer လိမ်းပါ

Shaving Tips
Photo : TheCoolist

မုတ်ဆိတ်ရိတ်ပြီးချိန်မှာ အသားအရေဟာ အလွန်ထိရှလွယ်ပါတယ်။ မုတ်ဆိတ်ရိတ်လိုက်ချိန်မှာ အရေပြားပေါ်က အပေါ်ယံဆဲလ်သေအလွှာကို ဖယ်ရှားပေးလိုက်တာဖြစ်တာကြောင့် ချွေးပေါက်တွေ ကျယ်ပြီး အရေပြားအတွင်းပိုင်းက သဘာဝအဆီတွေကို ခမ်းခြောက်စေပါတယ်။ ဒါကြောင့် Aftershave Care အဆင့်ဟာ အရမ်းကို အရေးကြီးပြီး အသားအရေ ပျက်စီးမှုနည်းစေဖို့ Aftershave Balm သို့မဟုတ် Moisturizer တစ်ခုခု လိမ်းပေးရမှာ ဖြစ်ပါတယ်။

Source : Man Of Many

Featured Photo : The Razor Company