မျက်ကွင်း ညိုခြင်းသည် ပုရိသ တို့အတွက် ကျန်းမာရေး ပြဿနာကဲ့သို့ ကြီးကြီးမားမား မဟုတ်ပေမယ့် ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ကို တန်ဖိုးထားတဲ့သူအတွက်ကြောင့် စိတ်ညစ်စရာပါပဲ။ မျက်ကွင်း ညိုခြင်းကြောင့် ပုရိသ တို့ကို ပိုမိုရုပ်ရင့်သွားစေပြီး လေးလံထိုင်းမှိုင်းတဲ့ အသွင်အပြင်၊ အိပ်ရေး မဝတဲ့အတွက်ကြောင့် ပင်ပန်းနေတဲ့ အသွင်အပြင်မျိုးကို ပေးနေပါတယ်။

အမျိုးသားတွေဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးတွေလိုမျိုး မျက်ကွင်းညိုခြင်းကို မိတ်ကပ်နဲ့ ဖုံးပစ်လို့ကလည်း မရပြန်ပါဘူး။ ဒါဆိုရင် မျက်ကွင်း ညိုခြင်းကို ပုရိသ တို့အနေနဲ့ ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။

အိပ်ရေးဝဝ အိပ်စက်အနားယူပါ

မျက်ကွင်း ပုရိသ

အိပ်ရေးပျက်ခြင်းကတော့ မျက်ကွင်း ညိုခြင်းရဲ့ အဓိက တရားခံပါပဲ။ ဖုန်းအသုံးလွန်လို့ပဲဖြစ်ဖြစ်၊ အိပ်ရေးပျက်ခံပြီး ဂိမ်းဆော့ရင်ပဲဖြစ်ဖြစ် အိပ်ရေးပျက်ညတွေ ရက်ဆက်လာပါက မျက်ကွင်းညိုလာမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်ကွင်းညိုခြင်းကို တားဆီးချင်တယ်ဆိုရင်တော့ အိပ်ရေး ဝဝ အိပ်စက်အနားယူရမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အစားအစား စားသောက်ပုံကို ပြောင်းလဲပစ်လိုက်ပါ

မျက်ကွင်း ပုရိသ

ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝဖို့ရန်အတွက် ရေများများ သောက်သုံးပေးဖို့လည်း လိုအပ်သလို ကောလဂျင်ဓာတ်ကို ထောက်ပံ့ပေးနိုင်တဲ့ အစားအစာများကိုလည်း စားသုံးရမှာပဲဖြစ်ပါတယ်။ ကောလဂျင်များ များများ ရရှိပါက အရွယ်တင် နုပျိုမှာပဲဖြစ်ပါတယ်. ၂၀၁၄ ခုနှစ်က လေ့လာချက်အရ Hyaluronic Acid ကြွယ်ဝတဲ့ အစားအစာများသည် ကောလဂျင် ထုတ်လုပ်မှုကို ထောက်ပံ့ပေးပါတယ်။ Hyaluronic Acid ဓာတ် ကြွယ်ဝတဲ့ အစားအစာများကတော့ လိမ္မော်သီး၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ကီဝီသီး၊ စတော်ဘယ်ရီသီး အစရှိသည်တို့ကို များများစားသုံးရမှာပဲ ဖြစ်ပါတယ်။

ရှားစောင်းလက်ပတ် အသုံးပြုပါ

aloe vera

ရှားစောင်းလက်ပတ်သည် ရောင်ရမ်းခြင်းမှ ကာကွယ်ပေးပြီး အသားအရေကိုလည်း တင်းရင်းလှပစေပါတယ်။ ဒါ့အပြင် အသားအရေကို ရေဓာတ် ဖြည့်တင်းပေးပြီး အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ မျက်ကွင်း ညိုခြင်းမှ ကာကွယ်ပေးချင်တဲ့ ပုရိသ တို့အနေနဲ့ ရှားစောင်းလက်ပတ်ဂျယ်ကို အိပ်ရာဝင်ခါနီးတွင် မျက်လုံးအောက်နားတစ်ဝိုက်မှာ လိမ်းကျံပေးလိုက်ပါ။ ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ မျက်ကွင်းညိုခြင်း ပြဿနာများ ကင်းဝေးသွားပါလိမ့်မယ်။

အုန်းဆီ အသုံးပြုပါ

coconut oil

အုန်းဆီထဲတွင် ရေဓာတ် ဖြည့်တင်းပေးနိုင်တဲ့ ဂုဏ်သတ္တိများ ပိုင်ဆိုင်ထားပါတယ်။ အသားအရေကို တင်းရင်းလှပစေပြီး မျက်လုံးအောက်နား လိမ်းကျံပေးမယ်ဆိုရင်တော့ မျက်ကွင်းညိုခြင်းမှ ကင်းဝေးမှာပဲဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ စောစောက ရှားစောင်းလက်ပတ် နည်းလမ်းနဲ့ အတူတူပါပဲ။ ညအိပ်ရာဝင်ခါနီးမှာ လိမ်းကျံပေးရမှာပဲဖြစ်ပါတယ်။ ရက်သတ္တပတ် ၂ ပတ်၊ ၃ ပတ်ခန့် ကြာတဲ့အခါမှာတော့ မျက်ကွင်းညိုခြင်း ပျောက်ကင်းသွားမှာပဲဖြစ်ပါတယ်။

Source: Healthline.com

Featured Image: Freepik