မျက်စိ တစ်မှိတ်အတွင်း ကမ္ဘာကြီးကို ပြောင်းလဲပစ်နေတဲ့ နည်းပညာ များသည် လူသားများအတွက် ကောင်းကျိုးတွေလည်း ဆောင်ကျဉ်းပေးနိုင်သလို ဆိုးကျိုးတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ကောင်းကျိုးတွေ အနေနဲ့ကတော့ လူသားတွေအတွက် အလုပ်လုပ်ရတာ၊ ခေါင်းစားရတဲ့ပြဿနာများ ပိုမိုလျော့နည်းသွားမှာဖြစ်ပြီး ဆိုးကျိုးကတော့ လျှပ်စစ်ပစ္စည်းတွေ အသုံးပြုခြင်းကြောင့် ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ အများအပြားထွက်လာပြီး ပတ်ဝန်းကျင်အတွက် ကမ္ဘာကြီးအတွက် ဆိုးကျိုးတွေဖြစ်ပေါ်လာစေတာပဲ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ လူသားများသည် သူတို့ရဲ့ စူးစမ်းလိုစိတ်၊ တိုးတက်ပြောင်းလဲမှုများကို ပြုလုပ်ချင်တဲ့စိတ်နှင့် စမ်းသပ်မှုများကို ဘယ်သောအခါမှ မရပ်တန့်ပစ်လိုက်ကြပါဘူး။ ဒါ့ကြောင့်ပဲ မျက်စိ တစ်မှိတ်အတွင်းမှာ ကမ္ဘာကြီးသည် အသစ် အသစ်သော နည်းပညာ များဖြင့် တိုးတက်ပြောင်းလဲလာတာကို တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။

မျက်စိ တစ်မှိတ်အတွင်း ပြောင်းလဲသွားတဲ့ သိသာထင်ရှားတဲ့ နည်းပညာ များကို ဖော်ပြရမယ်ဆိုရင်တော့ …

Apple ရဲ့ iPhone များ

မျက်စိ နည်းပညာ

Photo: MacRumors

ပန်းသီးကတော့ သူတို့ရဲ့ ပထမဦးဆုံး iPhone ကို ၂၀၀၇ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုမှတဆင့် တစ်နှစ်ပြီးတစ်နှစ် ထွက်ရှိလာတဲ့ စီးရီးသည်လည်း အများအပြားရှိနေပြီး ယခုဆိုလည်း iPhone 13 စီးရီးအထိ ထွက်ရှိနေပြီး များမကြာမီ လပိုင်းအတွင်းမှာလည်း iPhone 14 စီးရီးများ ဆက်လက်ထွက်ရှိလာဖို့လည်း ရှိပါသေးတယ်။

Wi-Fi

မျက်စိ နည်းပညာ

Photo: Minim

Wi-Fi ဆိုတဲ့အရာကိုတော့ ၁၉၉၇ ခုနှစ်က စတင်တီထွင်ထားတာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေ အသုံးများလာသည်နှင့်အမျှ Wi-Fi ရဲ့ အရေးပါမှုသည်လည်း တစ်စထက် တစ်စ ပိုများလာတာပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် Wi-Fi ကို ကွန်ပျူတာများ၊ စမတ်ဖုန်းများနှင့် ကားတွေထဲမှတောင် အသုံးပြုနိုင်နေပြီပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ Wi-Fi မတပ်ထားတဲ့ အိမ်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များသည်လည်း မဆိုစလောက်ကို ရှားပါးပါတယ်။

မိမိအသံဖြင့် ခိုင်းစေခြင်း

မျက်စိ နည်းပညာ

Photo: Forbes

လက်ရှိမှာ စမတ်ဖုန်းတွေ ပေါ်လာသလိုမျိုး၊ စမတ် Home နည်းပညာတွေလည်း ပေါ်ပေါက်လာနေပြီပဲဖြစ်ပါတယ်။ Apple ရဲ့ Siri ၊ Google’s Assistant နှင့် Amazon ရဲ့ Alexa တို့သည် အသံဖြင့် ခိုင်းစေနိုင်ပြီး သင့်အသံနဲ့ ချိတ်ဆက်ကာ သီချင်းများ ဖွင့်ပေးခြင်း၊ အဲကွန်း အဖွင့်အပိတ်၊ မီးအဖွင့်အပိတ် ပြုလုပ်ပေးခြင်း အစရှိတဲ့အရာများကို ပြုလုပ်နိုင်နေပြီပဲ ဖြစ်ပါတယ်။

မိမိမျက်နှာဖြင့် Facial Recognition ပြုလုပ်ထားခြင်း

Facial Recognition

Photo: RecFaces

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်အထိ လက်ကိုင်ဖုန်းတွေ ပေါ်ပေါက်လာခဲ့ပြီဆိုပေမဲ့ ယနေ့ခေတ်လောက်အထိ နည်းပညာက မမြင့်မားသေးပါဘူး။ ဒါ့အပြင် ကိုယ့်ရဲ့ဖုန်းကို Lock ချချင်တယ်ဆိုရင်တော့ Password အမျိုးမျိုးနှင့် လုံခြုံအောင် ချထားရတာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ထိုကဲ့သို့ လုပ်စရာမလိုတော့ပါဘူး။ လက်ဗွေရာဆင်ဆာဖြင့် အော်တို Unlock လုပ်နိုင်သလို မိမိမျက်နှာဖြင့်လည်း အော်တို Unlock လုပ်နိုင်တာကတော့ မျက်စိ တစ်မှိတ်အတွင်း တိုးတက်လာတဲ့ နည်းပညာ တစ်ခုပဲမဟုတ်လား။

မောင်းသူမဲ့ယာဉ်များ

မောင်းသူမဲ့ယာဉ်များ

Photo: Psychologicalscience

လူသားတွေမပါတဲ့ မောင်းသူမဲ့ယာဉ်တွေ အသုံးပြုခြင်းသည် ခရီးရှည်များ မောင်းနှင်တဲ့အခါ ယာဉ်မတော်တဆမှုများကို ပိုမိုလျော့ချနိုင်မှာဖြစ်ပြီး ပိုမိုသက်သောင့်သက်သာဖြင့် သွားလာနိုင်မှာဖြစ်တယ်လို့ နည်းပညာတီထွင်သူတွေက ပြောကြားထားပါတယ်။ ဒီနည်းပညာကိုတော့ ၂၀၀၉ ခုနှစ်က စတင်တီထွင်နေကြတာဖြစ်ပါတယ်။ မောင်းသူမဲ့ယာဉ်များကို ဈေးကွက်ထဲမှာ တွင်တွင်ကျယ်ကျယ်အသုံးမပြုနိုင်ကြသေးပေမယ့် နောင်လာမယ့် ဆယ်စုနှစ်တစ်စုမှာတော့ တွေ့မြင်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီနည်းပညာရဲ့ အကူအညီနဲ့ပဲ မောင်းသူမဲ့လေယာဉ်များ၊ အော်တို ကားပါကင်ထိုးပေးခြင်းများ အစရှိတဲ့အရာများကိုလည်း အလွယ်တကူပြုလုပ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

မျက်စိ တစ်မှိတ်အတွင်း တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာ များကတော့ အံ့မခန်းအောင်ကို မြင့်မားလွန်းလှတာတော့ ငြင်းမရအောင်ကို မှန်ကန်နေတဲ့အရာတစ်ခုပါပဲ။

Source: Cnet

Featured Image: State