သင့်ရဲ့အဝတ်အစားဖက်ရှင်လိုပဲ သင့်ရဲ့ဆံပင်ကေသည်လည်း အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ အဝတ်အစားဖက်ရှင်နဲ့ မတူတာကတော့ သင့်ရဲ့ဆံပင်ကေကို မကြိုက်လို့ဆိုပြီး ဖြုတ်လဲလိုက်လို့မရတာပါပဲ။ ကိုယ့်ရဲ့ဆံပင်က ရှည်တယ်ဆိုရင်တော့ ပထမတစ်ခါညှပ်ပြီးသားကေကို မကြိုက်ရင် နောက်တစ်ရက်မှာ နောက်ဒီဇိုင်းတစ်မျိုး ပြောင်းလို့ရတယ်ဆိုပေမယ့် ဆံပင်တိုတို ညှပ်ထားမိတဲ့သူတွေကတော့ ပြန်ပြင်ဖို့ရာခက်ခဲပါတယ်။ ဒါ့ကြောင့် ကိုယ့် မျက်နှာကျ နဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ် ကို ကွီး တို့အနေနဲ့ သေချာရွေးချယ်ဖို့ လိုအပ်ပါတယ်။
အရင်ဦးဆုံး ကိုယ့်ရဲ့ မျက်နှာသည် ဘယ်မျက်နှာကျအမျိုးအစားထဲမှာ ပါဝင်သလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။
စိန်တုံးပုံမျက်နှာကျပိုင်ရှင်များနဲ့ အလိုက်ဖက်ဆုံး ဆံပင်ကေများ
စိန်တုံးပုံမျက်နှာကျပိုင်ရှင်တွေမှာ ပါးရိုးသည် အကျယ်ပြန့်ဆုံးနေရာ ဖြစ်ပါတယ်။ နဖူးပြင်နဲ့ မေးရိုးတို့သည် အကွာအဝေးအတူတူနီးပါးခန့်ရှိပြီး ပါးရိုးထက်စာရင် ကျဉ်းမြောင်းကြပါတယ်။ ဒီလိုမျက်နှာကျပိုင်ရှင်များသည် Ryan Gosling ရဲ့ Textured Crop ဆံပင်ကေမျိုးနဲ့ လိုက်ဖက်ပါတယ်။
ထိုဆံပင်ကေမျိုးကို မနှစ်သက်ဘူးဆိုရင်တော့ အလယ်တည့်တည့်မှာ စုဆုံကာ ပုံဖော်ထားတဲ့ ဆံပင်ကေမျိုး ညှပ်နိုင်ပါတယ်။
ဒါမှမဟုတ် အလယ်ခွဲဆံပင်ကေ
အုံခပ်ထူထူနဲ့ ဘေးခွဲထားတဲ့ ဆံပင်ကေ
ဆံပင်အရှည်ကိုမှ အလယ်ခွဲထားတဲ့ ဆံပင်စတိုင်လ်မျိုး
တိုတိုကပ်ကပ်ဆံပင်စတိုင်
ဆံပင်အထောင်ကေ
ဘဲဥပုံမျက်နှာကျမျိုး ပိုင်ဆိုင်ထားတဲ့ အမျိုးသားများအတွက်
ကိုယ့် မျက်နှာကျ က ဘဲဥပုံမျိုး ပိုင်ဆိုင်ထားပြီး ကိုယ်နဲ့ အလိုက်ဖက်ဆုံး ဆံပင်စတိုင်လ် မျိုးကို ရှာဖွေနေတဲ့ ကွီး တို့အတွက် အခုဖော်ပြပေးမယ့် ဆံပင်ကေများက အကြိုက်တွေ့စေမှာပါ။ ဒီမျက်နှာကျပိုင်ရှင်တွေသည် သိသာထင်ရှားတဲ့ မေးရိုးမျိုး မရှိဘဲ မေးစေ့လုံးလုံးလေးနဲ့ နဖူးပြင်ခပ်ကျယ်ကျယ်လေး ပိုင်ဆိုင်ထားကြပါတယ်။
Jake Gyllenhaal ရဲ့ ဆံပင်ကေကို မကြိုက်သေးဘူးဆိုရင်တော့ ဒီလိုမျိုး ကတုံးဆံပင်ပေါက်ကေမျိုးကို ရွေးချယ်လိုက်ပါ
ဆံပင်ပါးတဲ့ ဘဲဥပုံမျက်နှာကျပိုင်ရှင်များနဲ့ လိုက်ဖက်တဲ့ဆံပင်ကေ
မျက်နှာကျဝိုင်းတဲ့ အမျိုးသားများအတွက်တော့ အခုဖော်ပြပေးမယ့် ဆံပင်ကေတွေကို ရွေးချယ်နိုင်ပါတယ်။
ဆံပင်ကို ဂျယ်လ်နဲ့ ပုံသွင်းကာ ထောင်ထားတဲ့ ဆံပင်ကေ
အနောက်သို့ လှန်ဖြီးထားတဲ့ ဆံပင်ကေ
ဆံပင်အုံထူသယောင် ညှပ်ထားတဲ့ ဆံပင်ကေ
မျက်နှာကျ ဝိုင်းပြီး ဆံပင်စတိုင်လ် က မွေးရာပါ ကောက်တဲ့ ကွီး တို့အတွက်
တြိဂံပုံမျက်နှာကျပိုင်ရှင်များ
နဖူးပြင်ကျယ်ကျယ်နဲ့ မေးစေ့ခပ်ချွန်ချွန်မျိုး ပိုင်ဆိုင်ထားတဲ့ မျက်နှာကျပိုင်ရှင်တွေကိုတော့ တြိဂံဇောက်ထိုးပုံမျက်နှာကျပိုင်ရှင် တစ်နည်းအားဖြင့် တြိဂံမျက်နှာကျပိုင်ရှင်တွေလို့ သတ်မှတ်ကြပါတယ်။ သင့်အနေနဲ့ ဒီလို မျက်နှာကျ မျိုး ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ ဆံပင်စတိုင်လ်မျိုး ဖန်တီးချင်တဲ့ ကွီး တစ်ယောက်ဆိုရင်တော့ Zac Efron ရဲ့ဆံပင်ကေကို ရွေးချယ်နိုင်ပါတယ်။
ဒါမှမဟုတ် Nick Jonas ရဲ့ Pompadour ဆံပင်ကေကို ရွေးချယ်နိုင်ပါသေးတယ်
မျက်နှာရှည်သော အမျိုးသားများအတွက်
နဖူးပြင်၊ ပါးရိုးနှင့် မေးရိုးတို့သည် အကွာအဝေးအတူတူနီးပါးလောက်ရှိတဲ့သူတွေကိုတော့ မျက်နှာကျရှည်တဲ့သူတွေလို့ သတ်မှတ်ထားပါတယ်။ ထိုသူတွေအတွက်တော့ Zayn Malik ရဲ့ ဆံပင်ကေမျိုးနဲ့ လိုက်ဖက်ပါတယ်။
ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသားတစ်ယောက်အသွင်ဖန်တီးချင်တယ်ဆိုရင်တော့ ဒီလိုညှပ်ပါ
အနောက်သို့ လှန်ထားကာ ဘေးဘက်သို့ ဖြီးချထားတဲ့ ဆံပင်ကေ
ဆံပင်ကောက်တဲ့ မျက်နှာကျရှည်သော ယောကျာ်းများအတွက်
လေးထောင့်စပ်စပ် မျက်နှာကျပိုင်ရှင်များ
မျက်နှာဝိုင်းဝိုင်းကိုမှ မေးရိုးနှင့် ပါးရိုးတို့ ပေါ်လွင်နေတာမျိုးကို လေးထောင့်စပ်စပ် မျက်နှာကျပိုင်ရှင်တွေလို့ သတ်မှတ်ထားတာပါ။ ဒီလို လေးထောင့်စပ်စပ် မျက်နှာကျပိုင်ရှင်တွေက Rami Malek ရဲ့ ဆံပင်စတိုင်လ် မျိုးနဲ့ လိုက်ဖက်ပြီး ကွီး တို့ရဲ့သွင်ပြင်ကို ညှို့ငင်အားပြင်းသွားစေမှာဖြစ်ပါတယ်။
ကတုံးဆံပင်ပေါက်ကေမျိုးနဲ့လည်း ဆွဲဆောင်မှုရှိစေမှာပါ
ဒါမှစိတ်တိုင်းမကျသေးရင်တော့ Sebastian Stan ရဲ့ ဆံပင်စတိုင်လ်မျိုး ညှပ်ပါ
Charles Melton ရဲ့ ဆံပင်စတိုင်လ်ကလည်း လူငယ်ဆန်သွားအောင် ကူညီပေးပါလိမ့်မယ်
အခုဖော်ပြသွားတာတွေကတော့ မျက်နှာကျ အမျိုးမျိုးနဲ့ သူတို့ရဲ့ ဆံပင်စတိုင်လ် အမျိုးမျိုးဖြစ်ပြီး ကွီး တို့လည်း ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေမျိုးကို ရွေးချယ်ကာ ဖက်ရှင်ကျကျနဲ့ ရှိုးထုတ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Source: Byrdie.com
Featured Image: Todayworldpro