Xiaomi ကနေ ပြီးခဲ့နှစ် ဒီဇင်ဘာလတုန်းက Redmi K60 ၊ Redmi K60E နဲ့ Redmi K60 Pro တို့ပါဝင်တဲ့ Redmi K60 စီးရီးကို ကြေညာခဲ့ပါတယ်။ အခုလက်ဆက်ပြီး K60 စီးရီးရဲ့ စတုတ္ထမြောက် မျိုးဆက်သစ် Redmi K60 Ultra ကို မိတ်ဆက်လာခဲ့ပါပြီ။

Redmi K60 Ultra ဖုန်းမှာ Dimensity 9200+ SoC မောင်းနှင်ထားပြီး MIUI 14 ကို စတင်အသုံးပြုနိုင်မှာဖြစ်သလို 24GB LPDDR5X RAM ၊ 1TB UFS 4.0 Storage ပါဝင်လာပါတယ်။ အဆိုပါဖုန်းမှာ 12-Bit ၆.၆၇ လက်မ 1.5K (2,712×1,220 Pixels) မျက်နှာပြင် တပ်ဆင်ပေးထားပြီး 2,600 Nits Peak Brightness နဲ့ 2,880Hz PWM Dimming တို့ပါဝင်ပါတယ်။

Redmi K60 Ultra

Photo : GSMArena.com

Redmi K60 Ultraရဲ့ Display ဟာ 144Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ထောက်ပံ့ပေးထားပြီး ဂိမ်း 30 မှာ Native Frame Rate 144 FPS ရရှိအောင် ကူညီပေးနိုင်တဲ့ Pixelworks နဲ့ဖန်တီးထားတဲ့ X7 လို့နာမည်ပေးထားတဲ့ သီးခြား Graphics Chip တစ်ခုပါဝင်လာမယ်လို့ Xiaomi က ပြောကြားထားပါတယ်။ နားလည်လွယ်အောင်ပြောရရင်တော့ X7 Chip ဟာ ဂိမ်းတွေကစားတဲ့အခါမှာ ပိုမိုကြည်လင်ပြတ်သားမှုရှိစေဖို့ ကူညီပေးမှာပါ။

Panel အနေနဲ့ LCD လား OLED လားဆိုတာတော့ Xiaomi ဘက်က အတိအလင်း ဖော်ပြထားခြင်း မရှိသေးပေမယ့် Redmi K60 Ultra မှာ In-display Fingerprint Reader ပါဝင်လာမယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။ မျက်နှာပြင်ဟာ DCI-P3 Coverage ပါရှိပြီး Dolby Vision နဲ့ HDR10+ Content ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ ကင်မရာ ၃ လုံးတပ်ဆင်ထားတဲ့ Camera Island ပါဝင်ပြီး Primary ကင်မရာအနေနဲ့ 50MP နဲ့တူညီတဲ့ OIS နဲ့ 8K HDR10+ Recording ပြုလုပ်နိုင်မယ့် 54MP Sony IMX800 ကင်မရာ ၊ 8MP Ultrawide နဲ့ 2MP Macro ကင်မရာတို့ကို တွဲဖက်တပ်ဆင်ပေးထားပါတယ်။ Camera Island မှာ Xiaomi ရဲ့အခေါ်အရ ဘေးနှစ်ဖက်က အောက်ကိုနှိမ့်ဆင်းသွားတဲ့ ထူးခြားတဲ့ Metal Dome DECO ဒီဇိုင်းနဲ့ လာမှာဖြစ်ပြီး ဆယ်လ်ဖီဓာတ်ပုံနဲ့ ဗီဒီယိုကော ခေါ်ဆိုမှုတွေအတွက် အရှေ့ဘက်မှာ 20MP ကင်မရာ ကို ပါဝင်ပါတယ်။

ဘက်ထရီအနေနဲ့တော့ 5,000 mAh ဘက်ထရီကို သုံးပေးထားပြီး တစ်ရက်ကျော်ကျော် အသုံးပြုနိုင်မှာဖြစ်သလို 120W Charger နဲ့ 100% အားအပြည့်သွင်းဖို့ ၁၉ မိနစ်သာ ကြာမြင့်မယ်လို့ ဆိုထားပါတယ်။ Fast Charging အတွက်ကိုတော့ Xiaomi ကနေ ကိုယ်တိုင်ထုတ်ထားတဲ့ P1 Chip ကို အသုံးပြုထားမှာဖြစ်ပြီး Redmi K60 Ultra မှာ ဘက်ထရီစီမံခန့်ခွဲမှုအတွက် G1 Chip လည်း ထည့်သွင်းပေးထားပါတယ်။

Redmi K60 Ultraမှာ 5G ချိတ်ဆက်မှု ၊ USB-C ၊ Wi-Fi 6 နဲ့ Multi-Function NFC တို့အပြင် 5000mm² Stainless Steel VC Cooling ၊ Stereo Speakers ၊ Dual-Band GPS နဲ့ NavIC တို့လည်း ပါဝင်မှာဖြစ်ပါတယ်။ ဒါ့ထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုက Redmi K60 Ultra မှာ IP68 Rating ပါဝင်လာပြီး ၎င်းက Ingress Protection အဆင့်ရှိတဲ့ ပထမဆုံး Redmi စမတ်ဖုန်းဖြစ်လာမှာ ဖြစ်ပါတယ်။

Redmi K60 Ultra

Photo : GSMArena.com

Redmi K60 Ultraဖုန်းကို White ၊ Black နဲ့ Green ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး Memory Options အနေနဲ့တော့ ၅ မျိုးအထိ ပေးထားပါတယ်။ 12GB/256GB ဗားရှင်းက ယွမ် ၂,၅၉၉ ( ဒေါ်လာ ၃၅၅ ၊ ယူရို ၃၂၅ ၊ ရူပီး ၂၉,၉၂၀) ၊ 16GB/256GB ဗားရှင်းက ယွမ် ၂,၇၉၉ ( ဒေါ်လာ ၃၈၅ ၊ ယူရို ၃၅၀ ၊ ရူပီး ၃၂,၂၁၀) ၊ 16GB/512GB ဗားရှင်းက ယွမ် ၂,၉၉၉ ( ဒေါ်လာ ၄၁၀ ၊ ယူရို ၃၇၆ ၊ ရူပီး ၃၄,၅၁၅) ၊ 16GB/1TB ဗားရှင်းက ယွမ် ၃,၂၉၉ ( ဒေါ်လာ ၄၅၀ ၊ ယူရို ၄၁၅ ၊ ရူပီး ၃၇,၉၆၅) နဲ့ 24GB/1TB ဗားရှင်းကတော့ ယွမ် ၃,၅၉၉ ( ဒေါ်လာ ၄၉၅ ၊ ယူရို ၄၅၀ ၊ ရူပီး ၄၁,၄၂၀) ခန့် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Redmi K60 Ultra ကို Xiaomi ရဲ့တရားဝင် တရုတ်ဝဘ်ဆိုဒ်ကနေတဆင့် တရုတ်နိုင်ငံအတွင်း ရောင်းချမှာဖြစ်ပြီး အခြားနိုင်ငံရဲ့ ဈေးကွက်တွေမာ ရောင်းချခြင်း ရှိမရှိနဲ့ပတ်သတ်ပြီးးတော့ အတိအကျမသိရသေးပါဘူး။

Featured Photo : GSMArena.com