မြန်ဆန်သွက်လက်တဲ့ 144Hz Display ၊ စွမ်းဆောင်ရည် ပြည့်တဲ့ Qualcomm တဲ့ Snapdragon 7s Gen 2 Chip နဲ့ 5,500mAh ဘက်ထရီတွေ ပါဝင်တဲ့ Motorola Moto G96 ကို Official မိတ်ဆက်လိုက်ပါပြီ။
Photo : GSMArena.com
Moto G96 မှာ ၆.၆၇ လက်မ မှန်ခုံး OLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး FHD+ Resolution နဲ့ 144Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ မျက်နှာပြင်ဟာ 1600 Nits Peak Brightness အထိ ရပြီးs Gorilla Glass 5 ဖုံးအုပ်ပေးထားပါတယ်။
မျက်နှာပြင်မှာ မြန်ဆန်တဲ့ In-display Fingerprint Scanner ထည့်သွင်းပေးထားပြီး 32MP Front-Facing ကင်မရာ ပါဝင်ပါတယ်။ ကျောဘက်မှာတော့ 50MP (LYT-700C) Main ကင်မရာနဲ့အတူ OIS ပါတဲ့ 8MP Ultrawide Lens ၂ လုံး တွဲဖက်တပ်ဆင်ပေးထားပါတယ်။
Moto G96 ဖုန်းဟာ ရေဒဏ်ဖုန်ဒဏ်ခံ IP68 အဆင့်သတ်မှတ်ချက် ပါရှိပြီး Dolby Atmos ပါတဲ့ Stereo Speakers တွေကိုလည်း တပ်ဆင်ပေးထားပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာတော့ Android 15 ကို အသုံးပြုထားပြီး Motorola ဘက်ကနေ Android Version Updates ၃ ခုနဲ့ Security Patches တွေကို ၄ နှစ်ပေးသွားမယ်လို့ ပြောထားပါတယ်။
Photo : GSMArena.com
ဘက်ထရီကတော့ 33W Fast Charging စနစ် Supports ပေးထားတဲ့ 5,500mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။ ဖုန်းရဲ့အရောင်တွေအနေနဲ့ကတော့ Pantone Colors တွေဖြစ်တဲ့ Greener Pastures ၊ Cattleya Orchid ၊ Ashleigh Blue နဲ့ Dresden Blue ဆိုပြီး ကာလာ ၄ မျိုးနဲ့ လာပြီး 8/128GB ဗားရှင်းအတွက် ရူပီး ၁၇,၉၉၉ (ဒေါ်လာ ၂၁၀) နဲ့ 8/256GB ဗားရှင်းကတော့ ရူပီး ၁၉,၉၉၉ (ဒေါ်လာ ၂၃၃) ခန့် သတ်မှတ်ထားပါတယ်။ Motorola Moto G96 ဖုန်းကို လာမယ့် ဇူလိုင် ၁၆ ရက်နေ့ကနေ စတင်ပြီး Flipkart ကနေ အိန္ဒိယနိုင်ငံမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။
Source : GSMArena.com
Featured Photo : Notebookcheck