ကွီးတို့ရဲ့ မြွေကြီးက အကြောင်းအမျိုးမျိုးကြောင့် ယားယံတတ်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းခြင်းကြောင့်သော်လည်းကောင်း၊ ရောဂါပိုး ဝင်ခြင်းကြောင့်သော်လည်းကောင်း၊ ကိုယ်ခံအားနည်းခြင်းကြောင့်သော်လည်းကောင်း အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် ယားယံတတ်ပါတယ်။ ဒီလိုမျိုး မြွေကြီး ယားယံနေချိန်မှာ ဦးထုပ် ဆောင်းသင့်သလား။ ကွီးတို့ရော ဘယ်လိုထင်ပါသလဲ။
ပုံမှန်ဆိုရင်တော့ မြွေကြီး ယားယံနေချိန်မှာ ဦးထုပ် ဆောင်းဖို့ နေနေသာသာ ယားယံနေတဲ့ စိတ်ကြောင့် ဟိုစိတ် ဒီစိတ်တောင် ရှိမှာမဟုတ်ပါဘူး။
ဒါပေမဲ့ တကယ်လို့ ဒီလို ယားယံနေချိန်မှာ စိတ်ပါလာခဲ့သည်ရှိသော် ဘယ်လိုလုပ်ရမလဲ၊ ဦးထုပ် ဆောင်းသင့်သလား။
အဖြေကတော့ “နိုး” ပါပဲ။ ယားယံနေချိန်မှာ ဦးထုပ် သွားဆောင်းတဲ့အခါ ကွန်ဒုံးရဲ့ ရာဘာက ယားယံမှုကို ပိုဆိုးစေပြီး ကွီးတို့ရဲ့ ညီလေးကို ပိုမိုရောင်ရမ်းလာစေပါတယ်။ အကောင်းဆုံးကတော့ ဒီလိုမျိုး ယားယံနေချိန်မှာ ဦးထုပ် ဆောင်းဖို့နေနေသာသာ ကိုယ့်ရဲ့စကီလေးနဲ့ ချစ်တင်းနှောခြင်းကိုလည်း ခဏတဖြုတ် ရပ်ထားသင့်ပါတယ်။ လိင်ဆက်ဆံလို့ မရတာ မဟုတ်ပေမယ့် ဆက်ဆံသင့်တဲ့ အခြေအနေမျိုး မရှိနေတာပါ။ ကွီးတို့ရဲ့ ညီလေးကလည်း ယားယံနေတာကြောင့် ကွီးတို့ရဲ့ စွမ်းဆောင်ရည်ကလည်း ကျဆင်းနေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ စကီလေးဆီကိုလည်း ရောဂါပိုး ကူးနိုင်ပါသေးတယ်။ ဒါ့ကြောင့်မို့လို့ ဒီလို ယားယံနေချိန်၊ ဆေးဝါး မှီဝဲနေရချိန်၊ ညီလေး ကျန်းမာရေး မကောင်းတဲ့အချိန်မှာ ကွီးတို့ရဲ့ ညီလေး အားပြန် ပြည့်ဖို့ကိုပဲ ဂရုစိုက်သင့်ပါတယ်။
ညီလေး ယားယံနေချိန်မှာ ဘာတွေကို ရှောင်ကြဥ်သင့်သလဲ
အရေးကြီးဆုံး ရှောင်ကြဥ်ရမယ့်အချက်ကတော့ လက်နဲ့ မကုတ်ဖဲ့မိဖို့ပါပဲ။ ယားယံ မှုဖြစ်နေတဲ့ အရေပြားနေရာကို ခပ်ကြမ်းကြမ်းကုတ်ခြင်း ၊ ဖဲ့ခြင်းမျိုး မလုပ်ပါနဲ့။ မှိုစွဲတဲ့အရေပြားရောဂါဟာ ကုတ်လေယားလေဖြစ်စေသလို ဘက်တီးရီးယားပိုးမွှား ကူးစက်ပြန့်ပွားမှုကိုလည်း ပိုဖြစ်စေတာကြောင့်ပါ။
ယားယံနေတဲ့ နေရာတစ်ဝိုက်ကို မဟုတ်တရုတ် လိုးရှင်းများ လူးခြင်းကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုလိုးရှင်းများက ချွေးပေါက်တွေကို ပိတ်စေပြီး မှိုနဲ့ ဘက်တီရီးယားတွေ ပေါက်ဖွားစေဖို့ အားပေးနေလို့ပဲဖြစ်ပါတယ်။
ညီလေး ယားယံနေချိန်မှာ ဘာတွေကို လိုက်နာသင့်သလဲ
အကောင်းဆုံးကတော့ ဆရာဝန်ထံ အမြန်ဆုံး ကုသမှု ခံယူခြင်းပဲဖြစ်ပါတယ်။ မခံမရပ်နိုင်အောင် နာကျင်လာတဲ့အခါ အရေးပေါ် ဆေးခန်းပြေးဖို့ရာလည်း အချိန်မတော်ဖြစ်နေတယ်ဆိုရင်တော့…
ယားယံနေတဲ့ နေရာကို ရေခဲအိတ်လေး ကပ်ပေးထားလိုက်ပါ။ ဒီနည်းလမ်းက ယားယံခြင်းကို သက်သာစေပါတယ်။ နောက်နည်းလမ်းတစ်ခုကတော့ ဆားရေစိမ်ပြိး ရေချိုးခြင်းပဲဖြစ်ပါတယ်။ လေ့လာချက်တစ်ခုအရ ဆားရေထဲ စိမ်ပြီး ရေချိုးခြင်းသည်လည်း ရောင်ရမ်းခြင်းနှင့် ယားယံခြင်းတို့ကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
ထို့နောက် ချည်သားအတွင်းခံနဲ့ ပွပွချောင်ချောင် အဝတ်အစားတွေကို ဝတ်ဆင်ဖို့လိုပါမယ်။ ဒါ့အပြင် အတွင်းခံဘောင်းဘီကို အနည်းဆုံး ၂၄ နာရီ တစ်ကြိမ် အသစ်တစ်ထည်ပြောင်းလဲ ဝတ်ဆင်လိုက်ပါ။ မျိုးပွားအင်္ဂါ တဝိုက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ ဆပ်ပြာအပျော့စားကို အသုံးပြုပြီး ကောင်းစွာဆေးကြော သန့်စင်ပေးလို့ ရပါတယ်။
ဒါဆိုရင်တော့ ကွီးတို့လည်း ကိုယ့်ရဲ့ မြွေကြီး ယားယံ နေချိန်မှာ ဦးထုပ် ဆောင်းသင့်သလား၊ ချစ်တင်းနှောသင့်သလား၊ ဘယ်လိုမျိုး ပြုမူနေထိုင်ရမလဲဆိုတာ သိသွားလောက်ပြီလို့ထင်ပါတယ်။
Source: Menshealth
Featured Image: Freepik