အမျိုးသမီးတိုင်းသဘောကျပြီး အမျိုးသားအချင်းချင်းလည်းလေးစားအတုယူရတဲ့ ယောကျာ်းကောင်းတစ်ယောက်ဖြစ်ချင်ပါသလား။ဒါဆိုရင်တော့ ယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ အခြေခံအချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ကတိလွယ်လွယ်မပေးဘူး

Source : Shutterstock

ကတိစကားတစ်ခွန်းဆိုတာ လူတစ်ယောက်ရဲ့ အကျင့်သိက္ခာနှင့် သစ္စာစောင့်သိမှုကိုဖော်ပြတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကတိစကားဆိုတာက လွယ်လွယ်ပေးတိုင်းမကောင်းပါဘူး။ အကယ်၍ကတိပေးပြီးရင်လည်း ကိုယ်ပေးထားတဲ့ကတိကို တည်အောင်ကြိုးစားရပါမယ်။

(၂) အမှားလုပ်မိရင်တောင်းပန်ဖို့မတွန့်ဆုတ်ဘူး

Source : Shutterstock

အမှားဆိုတာလူတိုင်းကျူးလွန်မိတက်တဲ့အရာတစ်ခုပါ။ ယောကျာ်းကောင်းတစ်ယောက်အတွက်တော့ အမှားလုပ်မိတဲ့အခါ ကိုယ့်ရဲ့အမှားအတွက် တာဝန်ယူမှုအပြည့်ရှိတက်သလို အမှားကိုဖုံးကွယ်ဖို့လည်း ဘယ်တော့မှမကြိုးစားပါဘူး။ ကိုယ့်ရဲ့ အမှားအတွက် တောင်းပန်ဖို့ မတွန့်ဆုတ်သလို အမှန်ကိုပြင်ဖို့လည်း ဝန်မလေးကြပါဘူး။

(၃) အမျိုးသမီးတွေကိုအနိုင်မကျင့်ဘူး

Source : Shutterstock

ယောကျာ်းကောင်းတို့မည်သည် အမျိုးသမီးတွေအပေါ်ကို အနိုင်ကျင့်ဆက်ဆံတဲ့ အမူအရာမျိုးဘယ်တော့မှမလုပ်ကြပါဘူး။ သူတို့ရဲ့ ခွန်အားနှင့်သတိကို အားနွဲ့တဲ့ အမျိုးသမီးတွေအပေါ် အသုံးပြုပြီး အနိုင်ကျင့်တဲ့အလေ့အကျင့်မရှိပါဘူး။ အမျိုးသမီးတိုင်းကိုလေးစားစွာဆက်ဆံပြီး တန်းတူညီမျှအခွင့်အရေးပေးတက်ကြပါတယ်။

(၄) အတင်းမပြောဘူး

Source : Shutterstock

ယောကျာ်းကောင်းတစ်ယောက်ဟာ တခြားသူတစ်ယောက်ရဲ့ မကောင်းကြောင်းကို နောက်ကွယ်ပြောတက်တဲ့အကျင့်မျိုးမရှိပါဘူး။ တခြားသူတစ်ယောက်ရဲ့ အားနည်းချက် လိုအပ်ချက်တွေကို ဘယ်လောက်အထိအတွင်းကျကျသိထားပါစေ နှုတ်ရဲ့ စောင့်ထိန်းခြင်းကျင့်ဝတ်ကို စွဲမြဲစွာလက်ကိုင်ထားတက်ကြပါတယ်။

(၅) တခြားသူတွေအပြစ်ပုံမချဘူး

Source : Shutterstock

ယေကျာ်းကောင်းတွေဟာ ရာထူးတွေအာဏာပါဝါတွေပိုင်ဆိုင်ထားပါစေ ကိုယ်လုပ်ခဲ့တဲ့အပြစ်တစ်ခုအတွက် ကိုယ်တိုင်ခံယူဖို့ သတိရှိကြပါတယ်။ ကိုယ့်ရဲ့ အပြစ်ကို တခြားသူတစ်ယောက်အပေါ် ပုံချပြီး ကိုယ်လွှတ်ရုန်းဖို့ မကြိုးစားကြပါဘူး။ ကိုယ့်ရဲ့ အပြစ်အမှားတစ်ခုအတွက် ကိုယ်တိုင်တာဝန်ယူရဲတဲ့စိတ်အပြည့်ရှိကြပါတယ်။