ကျွန်တော်တို့ ယောကျာ်းလေးတွေမှာ မေးချင်ပေမယ့် လူတိုင်းကို မမေးရဲတဲ့ မေးခွန်းတွေ ရှိနေတက်ပါတယ်။ အထူးသဖြင့် လိင်မှုရေးရာနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေ ဆိုရင်ပေါ့။ ဖွားဘက်တော်နဲ့ ပတ်သတ်တဲ့ ပြဿနာလေးတွေ ၊ လိင်အင်္ဂါ ပုံမှန်မဟုတ်ခြင်း သို့မဟုတ် လိင်အင်္ဂါ ချို့ယွင်းမှုဆိုင်ရာ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး သူငယ်ချင်း အချင်းချင်းတောင် မေးရမှာ ရှက်ရွံ့တာမျိုး ဖြစ်တက်ကြပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ယောကျာ်းတိုင်း မေးချင်သိချင်ပေမယ့် မမေးရဲတဲ့ ယေဘုယျ ဘုံမေးခွန်းလေးတွေကို ကျန်းမာရေး ရှုထောင့်ကနေ အားလုံးကိုယ်စား ဖြေကြားပေးချင်ပါတယ်။

(၁) မနက်ခင်းမှာ ဘာလို့ညီလေး အရင်နိုးထနေတာလဲ ?

Photo : GoodRxMedicine

မနက်ခင်းတွေမှာဆို လူမနိုးခင် ညီလေးအရင် နိုးထနေတာမျိုး ယောကျာ်းတိုင်း ဖြစ်ကြမှာပါ။ ဒါဟာ ခန္ဓာကိုယ်က ကွီးတို့ကို သတင်းကောင်းပေးနေတဲ့ သဘာဝလက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ မနက်ခင်းမှာ လိင်တံထောင်မတ်နေရခြင်းဟာ အာရုံကြောတွေနဲ့ သွေးလည်ပတ်မှု ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေတယ်နေဆိုတာကို ပြသနေတာ ဖြစ်ပြီး ပုံမှန်အားဖြင့် လိင်ဆက်ဆံချိန်မှာ ကောင်းမွန်စွာ ထောင်မတ်မှုကို ရနိုင်မယ် ၊ ညီလေး ကျန်းမာသန်စွမ်းတယ်ဆိုတာကို ဖော်ပြနေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

(၂) အတူနေပြီးရင် ဆီးသွားသင့်လား ?

Should I Urinate After Sex?

Photo : Daily Mail

ချစ်တင်းနှောပြီးချိန်မှာ ဆီးသွားတာဟာ ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ခြင်းပြဿနာကို လျှော့ချနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ရေများများသောက်ဖို့ လိုအပ်ပြီး အတူနေပြီးချိန်မှာ ဆီးသွားတဲ့အခါ လိင်အင်္ဂါကနေတဆင့် ရောဂါပိုးမွှား ကူးစက်နိုင်ခြေနဲ့ ပိုးဝင်ခြင်းတွေကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) အချိန်အခါမဟုတ် ဘာကြောင့် ညီလေး ထောင်မတ်လာရတာလဲ ?

Why Do I Get Random Erections?

Photo : Chemist Click

အပြင်ရောက်ချိန်မှာ ဒါမှမဟုတ် လူကြားသူကြားထဲမှာ တစ်ခါတစ်ရံ မျှော်လင့်မထားပါပဲ ညီလေး နှိုးထလာတာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် ဖုံးရဖိရခက်နဲ့ အတော်လေး ချွေးပျံရတဲ့ အခြေအနေပါ။ ဒါဟာ ယောကျာ်းတိုင်း အသက်အရွယ်မရွေး ကြုံတွေ့ရနိုင်ပြီး အထူးသဖြင့် ကျန်းမာရေးကောင်းတဲ့ ဆယ်ကျော်သက်တွေနဲ့ လူငယ်ပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်မှာ တက်စတိုစတီရုန်းဟော်မုန်း ပမဏမြင့်မားနေချိန်မှာ ဒီလို အချိန်အခါမဟုတ် ညီလေး ထောင်မတ်တာမျိုး ဖြစ်နိုင်တယ်ဆိုပေမယ့်လို့ ဒီအကြောင်းပြချက်တစ်ခုတည်းကြောင့် မဟုတ်ဘူးလို့ ဆေးဘက်ဆိုင်ရာ သုတေသီတွေက ဆိုထားပါတယ်။ ဒီအခြေအနေဟာ အကြောင်းအရင်းအတိအကျပြောဖို့ခက်ပြီး ဆေးပညာအရလည်း အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေဆဲ အခြေအနေတစ်ခု ဖြစ်ပါတယ်။

(၄) နောက်တစ်ကြိမ် ပြန်နိုးထဖို့ ဘာလို့ကြာနေတာလဲ ?

Why Can’t I Repeat an Erection Right Away? x

Photo : Hims

တစ်ကြိမ် ချစ်တင်းနှောပြီးချိန်မှာ နောက်ထပ် တစ်ကြိမ် ညီလေး ပြန်လည်နိုးထလာဖို့ ဘာကြောင့် အချိန်လိုအပ်တာလဲ။ ဒီဖြစ်စဉ်ကို Refractory Period လို့ခေါ်ပြီး အချိန်အားဖြင့် ၃ မိနစ် ကနေ ၂၄ နာရီ ကြာနိုင်သလို ဒီထက်ပိုပြီးလည်း ကြာတက်ပါတယ်။ အသက်အရွယ် ၊ ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေး ၊ ပါတနာနဲ့ ရင်းနှီမှု ၊ ဆက်ဆံစဉ်မှာ ရရှိတဲ့ စိတ်ကျေနပ်မှုနဲ့ ပြီးမြောက်မှု အကြိမ်အရေတွက်ပေါ်မူတည်ပြီး အချိန်အားဖြင့် ကွာဟသွားနိုင်တာပါ။ ကျားဟော်မုန်း အတက်အကျ အပေါ်မူတည်ပြီးလည်း လူတစ်ယောက်နဲ့တစ်ယောက် အများကြီး ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။

(၅) ညီလေးအရွယ်အစား ဘယ်လိုတိုင်းတာရမလဲ ?

How Do I Measure Penis Size?

Photo : The Sun

ညီလေး အရွယ်အစားကို တိုင်းတာတဲ့အခါ ဘယ်လိုနည်းလမ်း ဘယ်လိုအခြေအနေမှာ တိုင်းတာရမလဲ တော်တော်များများ သိချင်ကြပါတယ်။ တကယ်တော့ ကွီးတို့ရဲ့ လိင်တံထောင်မတ်နေချိန်မှာ တိုင်းတာရမှာဖြစ်ပြီး ပေတံ သို့မဟုတ် ပေကြိုးနဲ့ တိုင်းတာနိုင်သလို Flexible Measuring Tape ကို အသုံးပြုပြီးလည်းတိုင်းတာလို့ ရနိုင်ပါတယ်။ အရင်ဆုံး တိပ်ကို အသုံးပြုပြီး လိင်တံအရင်းကနေ အဖျားအထိ အရှည်ကို တိုင်းတာပါ။ အတိကျဆုံး တိုင်းတာမှုဖြစ်စေဖို့ မတ်တပ်ရပ်အနေအထားနဲ့ တိုင်းတာတာ ပိုကောင်းပါတယ်။ လုံးပတ်အရွယ်အစားကိုတော့ လိင်တံရဲ့ အကြီးပိုင်းကို ရွေးချယ်ပြီး တိပ်နဲ့ ပတ်ကာ လုံးပတ်အရွယ်အစားကို တိုင်းတာနိုင်ပါတယ်။

Featured Photo : Men’s Health