ယောကျ်ားလေးတိုင်းမေးကြတဲ့ မေးခွန်းတခုရှိပါတယ်။ “မိန်းကလေးတွေ ဘာကြိုက်ကြလဲ” ဆိုတဲ့မေးခွန်းပါပဲ။ ဒီမေးခွန်းကိုဖြေဖို့က ခတ်ပါလိမ့်မယ်။ လူတကိုယ်အကြိုက်တမျိုး ဆိုတဲ့အတိုင်း မိန်းကလေးတိုင်းတူချင်မှ တူကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဆီမှာတူညီတဲ့အချက်တွေတော့ ရှိနေပါသေးတယ်။

အခု kwee page ကနေ ယောကျ်ားလေးတွေဆီကနေ မိန်းကလေးတွေ မျှော်လင့်တတ်ကြတဲ့ အရာတွေကို ဖော်ပြပေးသွားမှာပါ။

ဇွဲရှိတဲ့သူ

Source: The-Other-Press

သူမက “no” လို့ပြောတာဟာ တကယ်တမ်းတော့ “no” လို့ပြောချင်တာမဟုတ်ပါဘူး။ ဒါပေမယ့် “yes” လို့ပြောချင်တာလည်း မဟုတ်ပြန်ပါဘူး။ နည်းနည်းတော့ ရှုပ်သွားလိမ့်မယ်ထင်တယ်။ တခါတလေ မိန်းကလေးတွေရဲ့ စကားလုံးတွေက ဘာကိုမှ မဆိုလိုပဲ ပြောတာတွေရှိတတ်ပါတယ်။

သူတို့လိုချင်တာ သူတို့ကိုယ်တိုင်မသိသေးလို့လည်း မဟုတ်ပြန်ဘူး။ သူတို့လိုချင်တာက ယောကျ်ားလေးတစ်ယောက်က ဇွဲရှိရှိနဲ့ သူတို့စီက “yes” ဆိုတဲ့ စကားလုံးထွက်လာအောင် လုပ်နိူင်စွမ်းရှိတဲ့သူကို လိုချင်တာပါ။

စဉ်းစားပေးတတ်သူ

Source: Dreamstime

မိန်းကလေးတွေက စိန်တွေ၊ ရွှေတွေ၊ တန်ဖိုးကြီးပစ္စည်းတွေပဲ သဘောကျနှစ်ခြိုက်ကြတယ်လို့ ထင်နေရင် ကွီးအကြီးကြီးမှားသွားပါလိမ့်မယ်။ မိန်းကလေးအကုန်လုံးကိုတော့ မဆိုလိုပါဘူး။ တချို့တွေကတော့ ခြွင်းချက်ရှိပါတယ်။

လက်ဆောင်သေးသေးလေးတွေကအစ အမျိုးသမီးတွေကို ရင်ခုန်အောင်လုပ်နိူင်ပါတယ်။ သူမပြောတာကိုသာ သေချာဂရုတစိုက်နားထောင်ပေးပါ။ သူမက ဘယ်စာရေးဆရာရဲ့ စာအုပ်ကိုကြိုက်တာ၊ ဘယ်သူပါတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်တာ စသဖြင့်ပြောလာတဲ့အချိန်မှာ သေချာမှတ်သားထားဖို့လိုအပ်ပါတယ်။ အခွင့်အခါကြုံလာတဲ့အခါမှာ သူမပြောခဲ့တာတွေကို ဖြည့်ဆည်းပေးလိုက်ပါ။ မိန်းကလေးတွေ လိုချင်တာ ဒီလိုမျိုးစဉ်းစားပေးတတ်သူတွေကိုပါ။

ဟာသဉာဏ်ရှိသူ

Source: Coconuts

တည်တည်ငြိမ်ငြိမ်နေတဲ့သူနှင့် တွဲရတာဟာ ကျောက်ရုပ်ကြီးဖြင့် တွဲရတာနဲ့တူပါတယ်။ မိန်းကလေးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ လူကြီးဆန်တဲ့ အိုပါးတွေကို ကြိုက်ကြတယ်လို့ပြေပေမယ့်လည်း တကယ်တော့ သူတို့ဟာ ဟာသဉာဏ်ရှိတဲ့သူတွေကို ပိုပြီးသဘောကြနှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် တခုသတိထားဖို့က ဟာသတွေပြောတဲ့အချိန်မှာ သူမရဲ့အဝတ်အစား၊ ဆံပင် (သို့) မိသားစုဝင်တွေအကြောင်း ဟာသလုပ်မပြောဖို့တော့ လိုအပ်ပါတယ်။

ဂရုစိုက်ပေးတတ်သူ

Source: Pixabay

အရမ်းကြီးတော့ မပိုမလုပ်ဖို့လိုအပ်ပါတယ်။ သူမကို တနေ့ဖုန်း အကြိမ် (၁၀၀) လောက်ခေါ်နေစရာမလိုပါဘူး။ စာတွေ တရဆက် ပို့နေစရာလည်း မလိုပါဘူး။ ရိုးရှင်းပြီးရိုးသားတဲ့ မေးခွန်းတွေကပဲ ကွီးကသူမကို ဂရုစိုက်ကြောင်း ပြလို့ရပါတယ်။ သူမရဲ့တနေ့တာ ဖြတ်သန်းခဲ့ရတာ၊ သူမရဲ့ခံစားချက်၊ သူမဘာလိုအပ်လဲ၊ သူမဘာတွေတွေးနေလဲ ဆိုတာတွေကို မေးဖို့မမေ့ပါနဲ့။ မိန်းကလေးတွေက ဒီလို မေးခွန်းမျိုးမေးခံရတာ သဘောကျနှစ်ခြိုက်ကြပါတယ်။ တခုသတိထားရမှာပါ သူမအလုပ်အားတဲ့အချိန်ကို သိနေဖို့ လိုအပ်ပါတယ်။ သူမအလုပ်ရှုပ်နေတဲ့အချိန် မေးခွန်းတွေ သွားမေးတာဟာ အမှားကြီးတခုပါပဲ။

နောက်ဆုံးကွီးတို့ကို အကြံပေးချင်တာကတော့ မိန်းကလေးတွေကို ဘယ်လောက်ပဲ six pack ရှိတဲ့ ယောကျ်ားလေးတွေကို သဘောကျပါတယ်ပြောပြော နောက်ဆုံးမှာတော့ သူတို့ကို တကယ်ဂရုစိုက်တဲ့သူတွေကိုပဲ ရွေးချယ်သွားကြတာပါ။ မိန်းကလေးတွေ သဘောကျအောင် အများကြီးပြင်ဆင်ခြယ်သနေစရာမလိုအပ်ပါဘူး။ အဓိကက သူတို့ကိုဂရုစိုက်တတ်ဖို့နဲ့ ရိုးသားစွာ ချဉ်းကပ်တတ်ဖို့ လိုအပ်ပါတယ်။ မိန်းကလေးအများစုက သူတို့ကို ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ လုံခြုံမူပေးနိူင်စွမ်းတဲ့ ယောကျ်ားလေးတွေကို သဘောကျနှစ်သက်ကြတယ်။