ရည်းစားဟောင်းနဲ့ လမ်းခွဲပြီးနောက် သူငယ်ချင်းလို ဆက်နေသွားဖို့ စိတ်ကူးထားတဲ့ ကွီးတွေ ရှိပါသလား ? အကြောင်းအမျိုးမျိုးကြောင့် ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ပေမယ့် သူငယ်ချင်း ဆက်ဆံရေးနဲ့ ပတ်သတ်သွားကြမယ်ဆို သိထားရမယ့် ဆောင်ရန်ရှောင်ရန်တွေ ရှိပါတယ်။
(၁) အီစီကလီတွေ မလုပ်မိပါစေနဲ့
Photo : Verywell Mind
ရည်းစားဟောင်းနဲ့ စကားပြောဆို ဆက်ဆံရာမှာ ပွင့်လင်းရင်းနှီးစွာ ပြောဆိုဆက်ဆံလို့ ရပါတယ်။ ဒါပေမယ့် နှစ်ဦးနှစ်ဖက် ခံစားချက်တွေ ရှုပ်ထွေးသွားစေမယ့် အပြောအဆို ၊ အပြုအမူတွေကိုတော့ ရှောင်တာ အကောင်းဆုံးပါပဲ။
(၂) အချိန်ပေးဖို့ မမျှော်လင့်ပါနဲ့
Photo : Innovative Match
လမ်းခွဲပြီးပြီ ဖြစ်လို့ ရည်းစားဘဝကလို ဖုန်းပြောဖို့ ၊ စာပို့ဖို့ စတဲ့ အရာတွေအတွက် ကွီးတို့ကို အချိန်ပေးဖို့ သွားမျှော်လင့်လို့ မရတော့ပါဘူး။ သူငယ်ချင်း ဆက်ဆံရေးတစ်ခုမှာ ရှိရမယ့် ကိုယ်ပိုင်အချိန် ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ စည်းဘောင်တွေကိုတော့ လေးစားတတ်ဖို့ လိုပါမယ်။
(၃) အတိတ်အကြောင်းတွေ မတူးဆွပါနဲ့
Photo : Mind Her Way
လူတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတာပါပဲ။ ရည်းစားဘဝမှာ ကောင်းတဲ့ ပျော်စရာ အမှတ်တရတွေ ရှိနိုင်သလို ဆိုးတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ဖူးပါလိမ့်မယ်။ လမ်းခွဲပြီး သူငယ်ချင်း ဆက်ဆံရေးနဲ့ ဆက်သွားမယ်ဆိုရင် အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အရာတွေနဲ့ ပတ်သတ်ပြီး ပြန်မပြောတာ ကောင်းပါတယ်။ အထူးသဖြင့် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်တာ ၊ လက်ညိုးထိုးတဲ့ စကားတွေကို ရှောင်သင့်ပါတယ်။
(၄) အသုံးချဖို့ မတွေးပါနဲ့
Photo : Medium
ရည်းစားဟောင်းက ကိုယ့်အတွက် အသုံးချစရာ လူတစ်ယောက် မဟုတ်ပါဘူး။ ကိုယ်တိုင်ကလည်း ရည်းစားဟောင်းအတွက် အသုံးချခံ လူတစ်ယောက် မဖြစ်သင့်ပါဘူး။ ရှေ့ဆက်လက်တွဲသွားဖို့ မဖြစ်နိုင်တော့တဲ့ ဆက်ဆံရေးတစ်ခုကို အဆုံးသတ်ပြီး သူငယ်ချင်းလို ဆက်သွားမယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် အသုံးချမှုတွေ မပါတဲ့ ရိုးစင်းတဲ့ Friendship ဆက်ဆံရေးကိုသာ တည်ဆောက်သင့်ပါတယ်။
Source : Mensxp
Featured Photo : Herzindagi