Relationship တိုင်းက ကွီးတို့ကို သင်ခန်းစာတစ်ခုခုတော့ ပေးစမြဲပါပဲ။ ဘာပြဿနာမှ မရှိ ပျော်ရွှင်အဆင်ပြေနေတဲ့ အချစ်ရေးမှာတောင် ဘဝကို ချမ်းမြေ့ကြည်လင်တဲ့ စိတ်အစဉ်နဲ့ ရှုမြင်တတ်အောင် သင်ပေးနိုင်ပါတယ်။ ရည်းစား ထားခြင်းကနေ ရလာမယ့် သင်ခန်းစာ တွေထဲမှာ ဘဝအတွက် အသုံးဝင်တဲ့အချက်တွေလည်း အများကြီး ပါနေပါတယ်။
(၁) ဘဝထဲက သေးသေးမွှားမွှားလေးတွေ ခံစားတတ်လာမယ်
Photo : Pexels
သေးမွှားတဲ့ အောင်မြင်မှုလေးတွေ ၊ ဘာရယ်မဟုတ်တဲ့ နေ့ရက်လေးတွေ ၊ မှတ်တိုင်ငယ်လေးတွေနဲ့ ပျော်စရာကိစ္စလေးတွေအကြောင်း ချစ်ခြင်းမေတ္တာကပဲ လှစ်ဟ ဖော်ကျူးနိုင်မှာပါ။ ရင်နာစရာ Relationship တွေမှာတောင် ရင်ခုန်လှိုက်မောဖွယ်ရာ အခိုက်အတန့်တွေနဲ့ ကြုံရတတ်သေးတာပဲ မလား။
(၂) ဂရုစိုက်တတ်လာမယ်
Photo : Pexels
လှပတဲ့ ချစ်ခြင်းနဲ့ ကြုံတွေ့တဲ့အခါ လူတွေဟာ အရင်လို တစ်ကိုယ်တော်အထီးကျန်မှု ခံစားချက်တွေ လွင့်ပါးလာပြီး တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ရကောင်းမှန်း သိလာနိုင်ပါတယ်။ ဘယ်လောက်ပဲ အလုပ်များများ အချိန်ပေးဖို့ လူတစ်ယောက် ကိုယ့်ဘဝထဲ ရောက်လာတာကလည်း ထူးခြားတဲ့ ခံစားချက်တစ်ခုပါပဲ။
(၃) အမျိုးသမီးတွေကို လေးစားမှု ရှိလာမယ်
Photo : Pexels
ကိုယ်ချင်းစာမှု နဲ့ လေးစားမှုဆိုတာ လူတိုင်းအတွက် မရှိမဖြစ် အရေးပါတဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ကို ချစ်မိတဲ့အခါ အရင်ကထက် ပိုပြီး အမျိုးသမီးတွေကို နားလည်အောင် လေ့လာဖြစ်လာပါမယ်။ ကိုယ်တွေမှာ မရှိတဲ့ အရည်အသွေးတွေကို အမျိုးသမီးတွေမှာ မြင်တွေ့လာတာကြောင့် တစ်ယောက်ကို တစ်ယောက် လေးစားရကောင်းမှန်း ပိုသိလာမှာပါ။
(၄) ခံစားချက်တွေ ဖော်ပြဖို့ မခက်တော့ဘူး
Photo: Pexels
ယောကျာ်းအတော်များများက ကိုယ့်ခံစားချက်ကို မြိုသိပ်ရတာ အကျင့်လိုကို ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း ချစ်သူတစ်ယောက် ရှိလာတဲ့အခါ ယောကျာ်းတစ်ယောက်အတွက် ကိုယ့်ခံစားချက် Expression ကို ပြသဖို့ သိပ်မခက်တော့တာ တွေ့လာနိုင်ပါတယ်။ အရင်လို မထုံတတ်တေးနဲ့ လောကဓံကို ရင်ဆိုင်တဲ့ အမျိုးသားတစ်ယောက်တောင် သူ့ချစ်သူရှေ့မှာ ခံစားချက်တွေ ရင်ဖွင့်ချလာနိုင်ပါတယ်။
(၅) လိင်ကိစ္စက အဓိက မဟုတ်တော့ဘူး
Photo : Pexels
ရုပ်ပိုင်းအထိအတွေ့ သာယာမှုတွေဟာ အရေးကြီးပေမယ့် ဒါဟာ ဘဝနဲ့ချီပြီး အရေးကြီးတဲ့ အရာ မဟုတ်တော့ပါဘူး။ လိင်ကိစ္စဆိုတာ Relationship ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပြီး တကယ့် မေတ္တာစစ် မေတ္တာမှန် နဲ့ ဂရုစိုက်မှု အကြင်နာသာ ခိုင်မြဲနှစ်မာတဲ့ လက်တွဲမှုကို ပုံဖော်သွားမှာ ဖြစ်ပါတယ်။
Featured Photo : medium