နေ့စဉ်ဘဝထဲက စားသောက်နေထိုင်မှုပုံစံတွေဟာ ကျွန်တော်တို့ရဲ့ ရုပ်ရည်သွင်ပြင်အပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ မှားယွင်းတဲ့ စားသောက်မှုပုံစံတွေ ၊ အနေအထိုင်အမှားတွေက ကျွန်တော်တို့ကို အရွယ်မတိုင်မီ အိုမင်းရင့်ရော်တဲ့ ပုံပေါက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်တော့ ကွီးတို့ ရှိရင်းစွဲအသက်ထက် ရုပ်မရင့် ချင်ဘူးဆိုရင် သိထားရမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ပြောပြပေးပါမယ်။

(၁) Healthy ဖြစ်အောင် စားပါ

Photo : BSA Health System

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ထိန်းသိမ်းဖို့ဆိုရင် လွယ်ကူရိုးရှင်းဆုံး ကျန်းမာတဲ့ နည်းလမ်းတစ်ခုကတော့ ကျန်းမာရေးနဲ့အညီ ပြည့်စုံမျှတတဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းစားသုံးပေးတာပဲ ဖြစ်ပါတယ်။ အချို ၊ အငန်နဲ့ အနီရောင်အသားတွေကို လျှော့စားပြီး လတ်ဆတ်တဲ့သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပါ။

(၂) လေ့ကျင့်ခန်းလုပ်ပါ

Fit man

Photo : Peloton

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာက စိတ်ပြိုကိုယ်နု စေပါတယ်။ တစ်ရက်ကို အနည်းဆုံး မိနစ် ၃၀ လောက် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အိုမင်းရင့်ရော်မှုတွေကို အတိုင်းအတာတစ်ခုအထိ ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဟာ အသက်ကြီးလာတာနဲ့အမျှ ယို့ယွင်းလာမယ့် ကျန်းမာရေး အခြေအနေတွေကို တွန်းလှန်ကာကွယ်ပေးပြီး စိတ်ရောကိုယ်ပါ ကျန်းမာနုပျိုစေမှာပါ။

(၃) နည်းပညာ ပစ္စည်းတွေ လျှော့သုံးပါ

man using mobile phone

Photo : CNN

ဖုန်း ၊ ကွန်ပြူတာလို Device တွေကနေ ထွက်ရှိတဲ့ အလင်းရောင်တွေဟာ အရေပြား အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ ဒါကြောင့် တစ်နေ့တာအတွင်းမှာ နည်းပညာ ပစ္စည်းတွေ အသုံးပြုမှုကို တက်နိုင်သမျှ လျှော့ချဖို့ အကြံပေးချင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်စွမ်းရှိတဲ့ Moisturizer လိမ်းပေးခြင်းဖြင့် အသားအရေ အိုမင်းရင့်ရော်မှုကို အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။

(၄) ရေများများသောက်ပါ

man drinking water

Photo : Eat This Not That

ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် အသားအရေဆိုင်ရာ ပြဿနာတွေ အများကြီး ဖြစ်ပေါ်လာစေနိုင်ပါတယ်။ တစ်နေ့တာအတွင်းမှာ ရေလုံလုံလောက်လောက် မသောက်ဘူးဆိုရင် အသားအရေခြောက်သွေ့ခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းတွေကို ဖြစ်စေနိုင်ပြီး ဒါတွေက အိုမင်းရင့်ရော်မှု ပြဿနာနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကို ဖန်တီးပေးပါ။ ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ ရေဓာတ် လုံလုံလောက်လောက်တဲ့ သောက်သုံးပေးဖို့ အကြံပြုချင်ပါတယ်။

(၅) အသားအရေ ထိန်းသိမ်းပါ

skin care

Photo : Bellphoria

အိုမင်းရင့်ရော်မှုတွေကို တားဆီးနိုင်ဖို့ဆိုရင် အသားအရေ ထိန်းသိမ်းမှု လုပ်ရိုးလုပ်စဉ်တစ်ခု ပုံမှန်ပြုလုပ်သင့်ပါတယ်။ နေ့စဉ်ပုံမှန် မနက်တစ်ကြိမ် ညတစ်ကြိမ်ခန့် မျက်နှာသစ်တာ ၊ အစိုဓာတ်ထိန်းခရမ်င် အသုံးပြုတာ ၊ နေလောင်ကာခရမ်င်လိမ်းတာ ၊ တစ်ပတ်တစ်ကြိမ်ခန့် မျက်နှာကို ဂျေးချွတ်သန့်စင်တာ စတာတွေ ပြုလုပ်နိုင်ပါတယ်။ အလှအပဆိုင်ရာ ထုတ်ကုန်တွေသုံးတဲ့အခါမှာလည်း ကိုယ့်ရဲ့မျက်နှာအသားအရေနဲ့ ကိုက်ညီတဲ့ Products တွေကို ရွေးချယ်သုံးသင့်ပြီး ဓာတုပစ္စည်းနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ ထုတ်ကုန်တွေကို တက်နိုင်သမျှ ရှောင်သင့်ပါတယ်။

Featured Photo : Loyal Crush