အားလပ်ချိန်တွေမှာ ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ အပန်းဖြေတဲ့နည်းကို လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ တစ်နှစ်မှာ ပျှမ်းမျှအားဖြင့် ရုပ်ရှင်ကားပေါင်း ၇၀၀ နီးပါး အသစ်ထွက်နေတာဆိုတော့ ကြည့်စရာ ရုပ်ရှင်ဇာတ်ကားတွေကလည်း ခပ်များများရယ်ပါ။ ဒီတစ်ခေါက်မှာတော့ အားလပ်ချိန်မှာ ဇာတ်ကားကောင်းတစ်ကားကြည့်ချင်ပေမယ့် ဘယ်ကားကြည့်ရမလဲ ရွေးချယ်ရ ခက်နေတဲ့ ကွီးတို့ အတွက် ရုပ်ရှင်ဝါသနာအိုးတွေ မဲပေးရွေးချယ်ထားတဲ့ အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားကောင်း တွေကို တင်ဆက်ပေးလိုက်ပါတယ်။

 The Shawshank Redemption (1994)

Photo : Brightside

ဒီဇာတ်ကားကတော့ ရုပ်ရှင်ဝါသနာရှင်တွေနဲ့ ရင်းနှီးပြီးသားဖြစ်သလို ဟောလိဝုဒ်ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးဇာတ်ကား စာရင်းဝင်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ IMDb Rating 9.3/10 အထိရရှိထားပြီး မင်းသားကြီး Morgan Freeman နဲ့ Tim Robbins တို့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘယ်နှစ်ကြိမ် ပြန်ကြည့်ကြည့် ကောင်းနေဆဲ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ရုပ်ရှင် ချစ်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

The Dark Knight (2008)

Photo : Brightside

IMDb Rating 9.0/10 ရရှိထားပြီး ထွက်ခဲ့သမျှ Batman ဇာတ်ကားတွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ Batman ကားတစ်ကား ဖြစ်ပါတယ်။ မင်းသား Christian Bale ရဲ့ Batman ဇာတ်ရုပ်နဲ့ Heath Ledger ရဲ့ ပီပြင်လှတဲ့ Joker ဗီလိန်ဇာတ်ရုပ်တို့ရဲ့ အားပြိုင်မှုတွေနဲ့အတူ The Dark Knight ဇာတ်ကားဟာ ရုပ်ရှင်ချစ်သူတွေ သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုတာ သေချာပါတယ်။

Inception (2010)

Photo : Brightside

ရုပ်ရှင်ဇာတ်ကားကောင်း ကြိုက်နှစ်သက်တဲ့ ကွီးတို့ ကြည့်သင့်တဲ့ နောက်ထပ် ဇာတ်ကားကောင်း တစ်ကားကတော့ Inception (2010) ဇာတ်ကားပဲ ဖြစ်ပါတယ်။ မင်းသားကြီး Leonardo DiCaprio နဲ့ Peaky Blinders စီးရီးရဲ့ အဓိကဇာတ်ဆောင် မင်းသား Cillian Murphy တို့အပြင် နာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb Rating 8.8/10 ရရှိထားပြီး သာမန်ကြည့်နေကြ ဇာတ်ကားတွေနဲ့မတူတဲ့ ခံစားမှုရသအသစ်တွေ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

Fight Club (1999)

Photo : Brightside

IMDb Rating 8.8/10 ရရှိထားတဲ့ နောက်ထပ် ဇာတ်ကားကောင်း တစ်ကားကတော့ Fight Club (1999) ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Brad Pitt နဲ့ Edward Norton တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဟာကွက်ရယ်လို့ ပြောစရာသိပ်မရှိလောက်တဲ့အောင် အတွဲညီတဲ့ သရုပ်ဆောက်ချက်တွေနဲ့အတူ ဇာတ်လမ်းအဆုံးကို ဆွဲခေါ်သွားနိုင်တဲ့အထိ ကောင်းမွန်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

Pulp Fiction (1994)

Photo : Brightside

Pulp Fiction (1994) ဇာတ်ကားကလည်း ရုပ်ရှင်ချစ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းစာရင်းမှာ ပါပါတယ်။ IMDb Rating 8.9/10 ရရှိထားပြီး မင်းသားကြီး John Travolta ၊ Samuel L. Jackson ၊ Bruce Willis နဲ့ မင်းသမီး Uma Thurman တို့လို နာမည်ကြီး သရုပ် ဆောင်တွေ အများကြီးပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Quentin Tarantino ရဲ့ လက်ရာမြောက်လှတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ရုပ်ရှင်ချစ်သူတွေ ခံစားကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားပဲ ဖြစ်ပါတယ်။

Featured Photo : Pic2.me