ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာ မန်စီးတီးကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အင်္ဂါနေ့ည ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အပြီးမှာ ရူဒီဂါ ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူမယ့်ကိစ္စကို တုံ့ပြန်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

Carlo Ancelotti

Photo: Metro

ဂွါဒီယိုလာရဲ့အသင်းဟာ ရီးရဲလ်မက်ဒရစ်ကို အီတီဟတ်မှာ ဒီဘရိုင်းနား၊ ဂျီးဆပ်၊ ဖိုဒန်၊ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင် ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ ကာရင် ဘန်ဇီးမားရဲ့ သွင်းဂိုး ၂ ဂိုး၊ ဗင်နစ်ရှပ်ရဲ့ သွင်းဂိုးတွေကြောင့် ဒုတိယအကျော့ပွဲစဉ်မှာ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ မျှော်လင့်ချက် ရှိနေဆဲဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ရီးရဲလ်မက်ဒရစ်အသင်းက ယခုရာသီကုန်မှာ ချဲလ်ဆီးအသင်းကနေ ရူဒီဂါကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ဂျာမန်နောက်ခံကစားသမားဟာ ယခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။

Antonio Rudiger

Photo: Goal.com

ရူဒီဂါရဲ့ အေးဂျင့်ကလည်း မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာတို့နဲ့ ပြောဆိုဆွေးနွေးခဲ့ပေမယ့် မက်ဒရစ်က လက်ရှိမှာတော့ အသက် ၂၉ နှစ်အရွယ် နောက်ခံလူကို အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ နားလည်ရပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီက အင်္ဂါနေ့ညနေမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ရူဒီဂါရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မပြောဘဲ ဝေ့လည်ကြောင်ပတ် လုပ်သွားခဲ့တာဖြစ်ပါတယ်။ “အဲဒါက ဘယ်သူလဲ။ သူက ချဲလ်ဆီး ကစားသမားပါ။ သူက ချဲလ်ဆီး ကစားသမားဖြစ်နေဆဲပါ။ ကျွန်တော် ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မပြောနိုင်ပါဘူး”လို့ တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။

Featured Photo: Metro