ကွီးတို့ရဲ့ အကြိုက်ဆုံး ရေမွှေးတွေ ကို အချိန်ကြာကြာ အသုံးပြုချင်တယ် ဆိုရင်တော့ ထိန်းသိမ်းထားသိုမှု မှန်မှန်ကန်ကန်ရှိဖို့ အရေးကြီးပါတယ်။ အခုလက်ရှိမှာ ရေမွှေးတွေရဲ့ဈေးနှုန်းကလည်း မသေးလှပါဘူး။ ရေမွှေးတွေမှာပါတဲ့ အဆီနဲ့ အယ်လ်ကိုဟောဓာတ်တွေက စိုထိုင်းဆ ၊ အပူချိန်နဲ့ အလင်းရောင် ထိတွေ့မှုတွေပေါ်မူတည်ပြီး ပြိုကွဲတက်တာကြောင့် သေချာနည်းမှန်လမ်းမှန် မထိန်းသိမ်းတက်ရင် မူလရနံ့တွေ ပျက်ပြယ်သွားတက်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ရေမွှေးတွေ ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။
(၁) မှောင်ပြီး အေးမြတဲ့နေရာတွေက အကောင်းဆုံးပါ
Photo : Go French Yourself
နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ ရေမွှေးတွေ က မြန်မြန်ပျက်စီးလွယ်ပြီး ရနံ့တွေ ပြိုကွဲသွားတက်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကွီးတို့ရဲ့ ရေမွှေးပုလင်းတွေကို အလင်းရောင် တိုက်ရိုက်မထိတွေ့နိုင်တဲ့ မှောင်တဲ့နေရာ ဥပမာ ဗီရိုထဲ ၊ အံဆွဲထဲလို နေရာတွေမှာ သိမ်းဆည်းထားတာ ပိုကောင်းပါတယ်။ အလားတူ အပူချိန်လွန်ကဲမှုမရှိတဲ့ အေးမြတဲ့နေရာတွေမှာ ရေမွှေးပုလင်းတွေကို ထားတာဟာ ကြာရှည်ခံစေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။
(၂) ခြောက်သွေ့တဲ့နေရာမှာ ထားပါ
Photo : Real Men Real Style
ရေမွှေးပုလင်းတွေကို ရေချိုးခန်းမှာ ထားတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ စိုထိုင်းဆများခြင်းက ရေမွှေးတွေ ကိုပျက်စီးစေနိုင်လို့ပါ။ ဒါကြောင့် ခြောက်သွေ့ပြီး စိုထိုင်းဆနည်းတဲ့ နေရာတွေမှာပဲ ရေမွှေးပုလင်းတွေကို ထားသင့်ပါတယ်။
(၃) အဖုံးကို အချိန်အကြာကြီး ဖွင့်ထားတာမျိုး ရှောင်ပါ
Photo : NDTV
ရေမွှေးသုံးတဲ့အခါမှာ အဖုံးကို အချိန်ကြာကြီး ဖွင့်ထားတာမျိုး ရှောင်ကြဉ်ရပါမယ်။ လေနဲ့ထိတွေ့တဲ့အခါမှာ ရေမွှေးရဲ့ မူလရနံ့တွေ ပျက်ပြယ်သွားနိုင်လို့ပါ။ ဒါကြောင့် ရေမွှေးသုံးပြီးတဲ့အခါမှာ တက်နိုင်သမျှ မြန်မြန်အဖုံးကို ပြန်ပိတ်ပေးဖို့ လိုပါတယ်။
(၄) ပုလင်းကို ရှိတ်ပြီး သုံးတာမျိုး ရှောင်ပါ
Photo : Homage Perfume
ရေမွှေးတွေ မစွတ်ခင်မှာ ပုလင်းကို ရှိတ်ပြီး သုံးတက်တဲ့အကျင့်ရှိရင်တော့ အခုပဲရပ်တန့်လိုက်ပါ။ ရေမွှေးပုလင်းတွေကို ပြင်းပြင်းထန်ထန် လှုပ်ခါပြီး အသုံးပြုခြင်းက ရေမွှေးထဲမှာပါဝင်တဲ့ မော်လီကျူလေးတွေကို ပိုမြန်မြန် ပျက်စီးသွားစေနိုင်ပါတယ်။ ဒါကြောင့် ပုလင်းကို ရှိတ်ပြီး သုံးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။
Featured Photo : WHAT IS SCNT SOLN?