ရေမွှေး Brand ပေါင်း ၊ အမျိုးအစားပေါင်း သောင်းချီရှိတဲ့ အထဲကမှ ဘယ်ရနံ့က ကွီးတို့နဲ့ လိုက်ဖက်မှု အရှိဆုံးလဲဆိုတာ ရှာပုံတော်ဖွင့်ရတာ သိပ်လွယ်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ကွီးတို့နဲ့ အလိုက်ဖက်ဆုံး Signature Scent တစ်ခုအနေနဲ့ သုံးချင်တဲ့ ရေမွှေးကို ရှာရတာဟာ အနုပညာတစ်ခုလို့ပင် သတ်မှတ်လို့ ရပါတယ်။ ဘာလို့ဆို အနုစိတ်ကျကျ ရနံ့ခံစားမှုတွေနဲ့အတူ ရေမွှေးမှာပါတဲ့ Notes တစ်ခုချင်းစီအလိုက် သေချာလေး ခံစားရွေးချယ်ရလို့ပါ။ ဒီဆောင်းပါးမှာတော့ ကွီးတို့ ကိုယ်နဲ့ ကိုက်တဲ့ ရေမွှေးတစ်ခုကို ဘယ်လိုရွေးချယ်သင့်လဲဆိုတာ ပြောပြပေးပါမယ်။
Top Notes: အဖွင့်ရနံ့
Photo : Fragrances Line
ရေမွှေး ပုလင်းတစ်ခုကို စဆွတ်လိုက်တာနဲ့ ကွီးတို့ကို ပထမဆုံး နှုတ်ဆက်လာမယ့် ရနံ့ကတော့ Top Notes ပါပဲ။ ဒီလို ပထမဆုံးစရမယ့် အဖွင့်ရနံ့ဟာ ကွီးတို့ရဲ့ စိတ်ကို ဆွဲဆောင်နေရမယ် ၊ ညို့ယူနေဖို့ လိုပါတယ်။ Top Notes တွေဟာ ဆွတ်ပြီး ၁၀ – ၁၅ မိနစ်အတွင်းဆို အနံ့စပြယ်သွားပြီ ဆိုတာတော့ သတိပြုရပါမယ်။ သို့သော်လည်း ဒါဟာ ရေမွှေးတစ်ခုရဲ့ မိတ်ဆက် နိဒါန်းရနံ့သာဖြစ်ပြီး နောက်ထပ် စိတ်ဝင်စားစရာ ရနံ့တွေ နောက်မှာ အများကြီး ကျန်နေပါသေးတယ်။
Middle Notes: အလှည့်အပြောင်းများနဲ့ရနံ့
Photo : JASS Perfumes
Top Notes ရနံ့တွေရဲ့ နောက်မှာတော့ ရှုပ်ထွေးနက်နဲတဲ့ Plot Twist တွေနဲ့ ရုပ်ရှင်တစ်ကားကို ခံစားရသလို Vibe မျိုးပေးမယ့် Middle Notes ခေါ် အလှည့်အပြောင်းများနဲ့ရနံ့တွေကို စရပါတော့မယ်။ Middle Notes တွေဟာ ရေမွှေး တစ်ခုမှာ တော်တော်လေး ဇာတ်လိုက်ကျတဲ့ အပိုင်းလို့ ပြောလို့ရပြီး နွေးထွေးတဲ့ ရနံ့ကို သွားမှာလား ၊ ချိုမြမြ ရနံ့ကို ဆောင်မှာလား ၊ စူးရှကြမ်းတမ်းတဲ့ ရနံ့ကို ထုတ်ပေးမှာလား ဆိုတဲ့ မေးခွန်းတွေကို ဦးတည်ပြီး ကွီးတို့ နှစ်သက်ရာ ရနံ့ကို စဉ်းစားရွေးချယ်ရမှာ ဖြစ်ပါတယ်။
Base Notes: အဆုံးသတ်ရနံ့
Photo : Sperance perfume
ရေမွှေးမှာ Base Notes လို့ခေါ်တဲ့ အဆုံးသတ်ရနံ့ဟာ အဝေးပြေးလမ်းမကြီးပေါ်မှာ ခပ်နှေးနှေး မောင်းနှင်နေတဲ့ ဇိမ်ခံကားတစ်စီးနဲ့ တူပါတယ်။ ရေမွှေး တစ်ခုရဲ့ အဆုံးသတ်ရနံ့ဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ်တဝိုက်မှာ နာရီပေါင်းများစွာ ခပ်သင်းသင်း ထင်ကျန်နေမှာ ဖြစ်လို့ ကွီးတို့ အမှန်တကယ် ကြိုက်နှစ်သက်တဲ့ ရနံ့ ၊ ကွီးတို့ရဲ့ စိတ်ကို ကြည်နူးစေမယ့် ရနံ့မျိုးကိုသာ သေချာလေး ရွေးချယ်သင့်ပါတယ်။ Base Notes ကို အချိန်ကြာကြာ အနံ့စွဲနေစေချင်တယ် ဆိုရင်တော့ အရေပြားပေါ် တိုက်ရိုက်ဖြန်းတာထက် အဝတ်အစားပေါ် ဖြန်းတာဟာ ပိုပြီး ထိရောက်ပါတယ်။
Source : Craftier Perfume
Featured Photo : GQ India