ဘော်ဒါတွေနဲ့ အုပ်စုဖွဲ့ပြီး အပီအပြင် ဂိမ်းဆော့ရတဲ့ ဖီလင်က ဘာနဲ့မှကို လဲမရတဲ့ ဖီလင်တစ်ခုပါပဲ။ ကွီးတို့အနေနဲ့ ကိုယ့်ဘော်ဒါတွေနဲ့ အုပ်စုလိုက် အတူတူ ဂိမ်းဆော့ပြီး ရှယ်ချဲ လို့ရမယ့် ဂိမ်း မျိုးကို မျှော်လင့်တောင့်တနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဂိမ်းတွေကို ရွေးချယ် ဆော့ကစားနိုင်ပါတယ်။

ဒီဂိမ်းတွေကို ဘော်ဒါတွေနဲ့ အတူတူ အုပ်စုလိုက် ရှယ်ချဲ ကာ ဂိမ်း ဆော့ရင်း စိတ်ညစ်စရာများကို အဝေးသို့ လွှင့်ပစ်လိုက်ပါတော့။

(၁) Raid: Shadow Legends

Raid: Shadow Legends

ကွီးတို့ ဘော်ဒါတွေနဲ့ အတူတူ မျိုးနွယ်စုတွေ အတူတူ တည်ထောင်ကာ မကောင်းဆိုးတွးများကို အတူတူ နှိမ်နင်းနိုင်ပါတယ်။ ကွီးတို့ ရန်သူတွေကလည်း ကွီးတို့ကို အနားပေးမှာ မဟုတ်ပါဘူး။ တစ်ခေါက်ပြီး တစ်ခေါက် အနိုင်ပိုင်းဖို့ ကြိုးစားနေမှာဖြစ်ပြီး ကွီးတို့ကို အနားမရအောင် ကြိုးစားနေမှာပဲဖြစ်ပါတယ်။ ကွီးတို့ တစ်ယောက်တည်း ဆော့တာထက် ကိုယ့်ဘော်ဒါတွေနဲ့ အတူတူ ဆော့ကစားတာက နိုင်ခြေ ပိုများပါတယ်။

(၂) Mech Arena

Mech Arena

ဒီဂိမ်းလေးကတော့ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မကုန်ဘဲ ဖရီးဆော့လို့ ရတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ အပစ်အခတ်တွေကို နှစ်သက်တဲ့ ကွီးတို့ အတူတူ ဆော့ကစားလို့ရပါတယ်။ ကွီးတို့ အဖွဲ့က စက်ရုပ် ချပ်ဝတ်တွေကို ဝတ်ဆင်ကာ ပြိုင်ဘက် ကစားသမားများကို ပစ်ခတ်ပြီး အနိုင်ပိုင်းကာ ဆော့ကစားရမယ့် ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့က လယ်ဗယ်တစ်ခုကို အောင်နိုင်ပြီးတိုင်း ကွီးတို့ ချပ်ဝတ်ကလည်း ပါဝါ ပိုမြင့်လာမှာပဲဖြစ်ပါတယ်။

(၃) Iron Order 1919

ရှယ်ချဲ ဂိမ်း

ကွီးတို့ ဘော်ဒါတွေ ဘယ်လောက် များများရှိသလဲ။ ဒီဂိမ်းက ကစားသမား အယောက် ၁၀၁ ယောက်တောင် ဆော့ကစားနိုင်တဲ့ ဂိမ်းပဲဖြစ်ပါတယ်။ ပထမကမ္ဘာစစ်က ၁၉၁၈ ခုနှစ်မှာ ရပ်တန့်မသယားဘဲ ၁၉၁၉ အထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဒီဂိမ်းက သမိုင်းကြောင်းကို နောက်ခံထားကာ ဂိမ်းရဲ့ Setting နဲ့ ဇာတ်လမ်းပိုင်းကို စိတ်ဝင်စားစရာကောင်းအောင် ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။

(၄) Magic: The Gathering Arena

ရှယ်ချဲ ဂိမ်း

အက်ရှင်ဂိမ်းတွေကိုမှ ကတ်ဂိမ်းနဲ့ ပေါင်းစပ်ထားတာမျိုးကို ဆော့ကစားချင်တယ်ဆိုရင်တော့ Magic: The Gathering Arena ကို ဆော့ကစားနိုင်ပါတယ်။ ဂိမ်းမစခင်မှာ ကွီးတို့ကို ကျူတိုရီယယ်များနဲ့ ရင်းနှီးအောင် ကူညီပေးမှာဖြစ်ပြီး ကွီးတို့က တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ စကေးကို ပြနိုင်ပါတယ်။

(၅) League of Legends: Wild Rift

ရှယ်ချဲ ဂိမ်း

ဘော်ဒါတွေနဲ့အတူတူ ရှယ်ချဲ လို့ကောင်းတဲ့ နောက်ထပ် ဂိမ်း တစ်ခုကတော့ League of Legends: Wild Rift ပဲဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းပိုင်းကလည်း ဆွဲထားတာက အသက်ဝင်နေတာကြောင့် ဆော့ကစားရတာ ပျင်းမနေစေပါဘူး။ ကွီးတို့က ကိုယ် ကြိုက်တဲ့ ကာရိုက်တာကို ရွေးချယ်နိုင်ပြီး ကိုယ့် အသင်းအဖွဲ့ တစ်ခု တည်ထောင်ကာ ရန်သူတွေကို အတူတူ နှိမ်နင်းနိုင်ပါတယ်။

ကွီးတို့ရော ကိုယ့် ဘော်ဒါတွေနဲ့အတူတူ ဘယ်လိုဂိမ်းမျိုးတွေ အတူတူ ဆော့ကစားဖို့ အပီအပြင် ချဲလေ့ရှိပါသလဲ။

Source : Pockettactics

Featured Photo :  Truteamstaffing