ဒါဟာ တော်တော်လေး ဖြေရခက်တဲ့ မေးခွန်းတစ်ခုလို့ ပြောရမှာပါ။ Fingering လို့ခေါ်တဲ့ လက်ချောင်းသိုင်း တစ်ခုတည်းနဲ့ ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်မရနိုင်ပါဘူး။ ကိုယ်ဝန် ရဖို့အတွက် အမျိုးသား သုတ်ပိုးဟာ အမျိုးသမီးရဲ့ မိန်းမကိုယ်အတွင်းနဲ့ လိင်အင်္ဂါဇာတ်တို့ကို ထိတွေ့မိဖို့ လိုပါတယ်။ လက်ဟာ သုတ်ပိုးထုတ်မပေးနိုင်တဲ့အတွက် ကိုယ်ဝန်ရနိုင်ဖို့ကတော့ မဖြစ်နိုင်သလောက် ရှားပါတယ်။ သို့သော် လုံးဝမရနိုင်ဘူးလား ဆိုရင်တော့ မဟုတ်ပြန်ပါဘူး။
Photo : Today’s Parent
တချို့သော အခြေအနေတွေမှာတော့ လက်ချောင်းသိုင်း ကနေလည်း မတော်တဆ ကိုယ်ဝန်ရသွားတာမျိုး ဖြစ်နိုင်ပါတယ်။ သင်ရဲ့ လက်တွေမှာ သုတ်ရည်ကြည် (Pre-cum) ဒါမှမဟုတ် သုတ်ရည်တချို့ကို ထိတွေ့မိထားပြီး အဆိုပါလက်နဲ့ ပါတနာရဲ့ လိင်အင်္ဂါကို ထိုးဆွဆက်ဆံမိမယ်ဆိုရင်တော့ ကိုယ်ဝန်ရသွား နိုင်ပါတယ်။
အဓိကအားဖြင့် သင်ဟာ တစ်ကိုယ်ရည် အာသာဖြေပြီး အဆိုပါတူညီတဲ့ လက်နဲ့ပဲ ပါတနာရဲ့ မိန်းမကိုယ်ကို ထိတွေ့ကိုင်တွယ် ထိုးဆွဆက်ဆံမိတဲ့အခါ ကိုယ်ဝန်ရဖို့ ရာခိုင်နှုန်းတချို့ ရှိပါတယ်။ အကယ်၍ သုတ်ရည်ပေထားတဲ့ သင့်လက်ကို သေချာ သန့်စင်ဆေးကြောခြင်းမရှိပဲ အလွယ်တကူ အဝတ်နဲ့သုတ်တာ ၊ တဘက်နဲ့သုတ်တာ မျိုးလောက်ပဲ လုပ်ပြီး ပါတနာရဲ့ လိင်အင်္ဂါကို ကိုင်တွယ်ထိတွေ့မယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ အန္တရာယ်က အနည်းငယ်များ နေမှာပါ။ ဒါဟာ ဖြစ်နိုင်ခြေနည်းတဲ့ အခြေအနေ ဆိုပေမယ့်လည်း လုံးဝမဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရနိုင်ပါဘူး။
အမျိုးသားတွေရဲ့ သုတ်ရည်ဟာ ဆန့်ကျင်ဘက် ပါတနာရဲ့ ခန္ဓာကိုယ်အတွင်း သို့မဟုတ် လိင်အင်္ဂါဇာတ်နဲ့ မထိတွေ့သ၍တော့ ကိုယ်ဝန်မရနိုင်ပါဘူး။ ဒါကြောင့် မျိုးအောင်နိုင်ခြေနည်းတဲ့ ရက်ကိုတွက်ပြီး သုတ်ရည်ကို မိန်းမကိုယ်ပြင်ပမှာ စွန့်ထုတ်ခြင်းဖြင့် သဘာဝအတိုင်း သန္ဓေတားနည်းကို အသုံးပြုကြတာ ဖြစ်ပါတယ်။ သို့သော်လည်း အမျိုးသမီး လိင်အင်္ဂါအနီးတဝိုက်မှာ သုတ်ရည်စွန့်ထုတ်ပြီး လက်နဲ့ထိုးဆွ ဆက်ဆံလိုက်မယ်ဆိုရင် သုတ်ရည်အချို့ မိန်းမကိုယ်ထဲကို တွန်းပို့ပေးသလို ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ ကိုယ်ဝန်ရနိုင်ပါတယ်။
Photo : Parents
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် လက်ချောင်းသိုင်း ကနေ ကိုယ်ဝန်ရနိုင်ခြေ နည်းပါးသော်လည်း ဖြစ်နိုင်ခြေလည်းရှိတဲ့ အခြေအနေပါ။ လက်ချောင်းသိုင်းကို အသုံးပြုတော့မယ်ဆိုရင် သင့်ရဲ့ လက်တွေကို သေချာသန့်စင်ဆေးကြောထားဖို့ လိုပါတယ်။ အကယ်၍ ထင်မှတ်မထားတဲ့ အမှားကနေ ကိုယ်ဝန်ရှိလာမှာကို စိုးရိမ်နေတယ်ဆိုရင် သင့်မှာ ရွေးချယ်စရာ ရှိပါတယ်။ ဒါကတော့ အရေးပေါ်သန္ဓေတားဆေး (EC) ကို အတူနေပြီး ၇၂ နာရီအတွင်း သောက်သုံးတာပါ။ မြန်မြန်သောက်လေ ထိရောက်မှုပိုရှိလေ ဖြစ်ပါတယ်။ လိုအပ်ပါက နားလည်တက်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့လည်း အကြံပေးချင်ပါတယ်။
Featured Photo : Freepik