လူတွေမှာ ကိုယ်ပိုင်အကြိုက်ကိုယ်စီရှိကြပြီးတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ပုံစံနဲ့ အနီးစပ်ဆုံးလက်တွဲဖော် ကို ရှာတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုကိုယ်လိုချင်တဲ့အရာနဲ့ ကိုယ့်အတွက်သင့်တော်တဲ့အရာဟာ အမြဲတမ်းကွက်တိ ဖြစ်နေမယ်လို့ မဆိုလိုပါဘူး။ သင့် အနေနဲ့ လက်တွဲဖော် ကောင်းတစ်ယောက်ကိုရှာဖွေတဲ့အခါ သင်လိုချင်တဲ့ပုံစံထက် သင့်ကို ကောင်းမွန်စွာဆက်ဆံပြီး စောင့်ရှောက်တတ်တဲ့ သူတစ်ယောက်ပဲ ဖြစ်သင့်ပါတယ်။ နောက်ထပ် အဓိကကျတဲ့ လက္ခဏာရပ်တွေ အများကြီးရှိပါသေးတယ်။
(၁) သန်မာတဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုတွေကို မျှဝေတယ်
Photo : Healthline
လက်တွဲဖော်နဲ့အတူတူ သန်မာတဲ့ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုကို မျှဝေတာက လက်တွဲဖော်ကောင်း တယောက်ရဲ့ အဓိက လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ စိတ်ခံစားမှုဆိုင်ရာ ရင်းနှီးမှု ဒါမှမဟုတ် လူအချင်းချင်း ဆက်ဆံရေးကို မျှဝေတဲ့အခါမှာ သင်နဲ့ သင့်လက်တွဲဖော်က နက်ရှိုင်းတဲ့ ဆက်သွယ်မှုတစ်ခုကို မျှဝေခံစားရတယ်လို့ ဆိုလိုပါတယ်။ သင်အနေနဲ့ ချစ်ခြင်းမေတ္တာ၊ ချစ်မြတ်နိုးမှုစတဲ့ ခံစားချက်တွေကို မျှဝေနိုင်ပြီး သင်တို့ ၂ ယောက်ရဲ့စိတ်ဝိညာဉ် ၂ ခုကအစ ဆက်စပ်မှု ရှိနိုင်ပါတယ်။
(၂) ရုပ်ပိုင်းဆိုင်ရာ ချစ်ခင်မှု( Physical Affection) ကို ပြတယ်

Photo : Word From The Bird
လူအများစုအတွက် (Physical Affection) လို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ချစ်ခင်မှုကိုဖော်ပြတာဟာ ကျန်းမာတဲ့ ဆက်ဆံရေး (Healthy Relationship) တစ်ခုမှာ မရှိမဖြစ် လိုအပ်ပါတယ်။ ထိတွေ့ခြင်းက သင့်ကို သင့်ရဲ့ လက်တွဲဖော် တွေအတွက် ချစ်မြတ်နိုးစေပြီး လိင်ပိုင်းဆိုင်ရာအချိတ်အဆက်ကို ဖန်တီးပေးပါတယ်။ ဒါ့အပြင် Physical Affection ကိုပြတာက စုံတွဲတွေအတွက် စိတ်ဖိစီးမှု သက်သာစေတာ၊ စိတ်ခံစားချက် မြင့်မားစေတာနဲ့ လက်တွဲ ဖော်တွေအကြား တွယ်တာမှုဖြစ်စေတဲ့ Oxytocin လိုခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။
(၃) ကတိတည်တယ်

Photo : Engagement Rings – LoveToKnow
လက်တွဲဖော် ကောင်းတစ်ယောက်ရဲ့ ရှိသင့်တဲ့အရည်အချင်းတွေထဲက တစ်ခုကတော့ သူတို့ရဲ့ချစ်သူလက်တွဲ ဖော်အပေါ် မယိမ်းယိုင်တဲ့ကတိတည်တာ ဖြစ်ပါတယ်။ သစ္စာမရှိတဲ့ လက်တွဲဖော်က ကိုယ့်ကိုလုံခြုံမှုမရှိဘူးလို့ ခံစားရစေနိုင်သလို သင်မယုံကြည်နိုင်တဲ့သူတစ်ယောက်နဲ့ အတူရှိနေတဲ့အခါ မနာလိုမှု၊ သံသယတွေနဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေက အမြဲလိုလို ကြုံတွေ့နေရမှာပါ။ တစ်ဖက်မှာတော့ သင့်ကို ကတိတည်တဲ့ လက်တွဲဖော်နဲ့ အတူရှိတာက မင်းရဲ့ အချစ်ရေးကို ပိုကောင်းစေပြီး သင်တို့ရဲ့ဆက်ဆံရေးကို စိတ်ကျေနပ် မှုရှိစေမှာပါ။
(၄) ပွင့်ပွင့်လင်းလင်းဆက်ဆံကြတယ်

Photo : LoveDevani.com
အိမ်ထောင်ရေးနဲ့ စုံတွဲတွေကြားက ဆက်ဆံရေးဟာ စိတ်ကျေနပ်မှုကို ပေးနိုင်တယ်လို့ ဆိုပါတယ်။ စုံတွဲတွေ အချင်းချင်း စကားများများပြောလေ ပိုပျော်လေလေပါပဲ။ ပွင့်လင်းတဲ့ဆက် သွယ်ရေးက သေးငယ်တဲ့ မတူကွဲပြားမှုများကို အငြင်းအခုံအဖြစ်ပြောင်းလဲခြင်းမှ ကာကွယ်ပေးဖို့ ကူညီပေးနိုင်ပါတယ်။ စုံတွဲတွေဟာ သူတို့ရဲ့ခံစားချက်ကို ပွင့်လင်းရိုးသားစွာ ဆက်ဆံတဲ့အခါ သူတို့ဟာ အတူတကွ ပေါင်းစည်းကြပြီး ပြဿနာတွေကို အေးအေးဆေးဆေးနဲ့ လေးစားစွာ ဖြေရှင်းနိုင်ပါတယ်။
Photo : How to Become an Individual

