တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အရွယ်ရောက်ပြီး သူတိုင်းအတွက် ဘေးကင်းပြီး ပုံမှန်ဖြစ်တဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပေမယ့်လည်း အလွန်အကျွံ လုပ်ဆောင်လာမိမယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာမှာ ဆိုးကျိုးတွေ သက်ရောက်လာစေ နိုင်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းကနေ စိတ်ဖိစီးမှု လျော့ကျစေတာ ၊ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးတာ ၊ ကောင်းစွာအိပ်ပျော်စေတာ ၊ ချစ်တင်းနှောချိန်မှာ အချိန်ကြာကြာ စွမ်းဆောင်စေနိုင်တာ စတဲ့ ကောင်းကျိုးတွေ ရနိုင်ပေမယ့်လို့ အလွန်အကျွံ လက်များ မိတဲ့ အခါမှာတော့ အခုပြောပြမယ့် ဆိုးကျိုးတွေ ကြုံတွေ့ ခံစားလာရ နိုင်ပါတယ်။

(၁) ညီလေး အာရုံခံနိုင်စွမ်း ကျဆင်းလာမယ်

Masturbation

Photo : Medical News Today

အလျွန်အကျွံ အာသာဖြေမယ်ဆိုရင် လိင်အင်္ဂါအပေါ် ပြင်းထန်တဲ့ ဖိအားသက်ရောက်စေတဲ့ အတွက် လိင်တံအရေပြား ယားယံခြင်း သို့မဟုတ် နာကျင်ခြင်းတွေကို ကြုံတွေ့ခံစားရနိုင်သလို အချိန်ကြာလာနဲ့အမျှ လိင်အင်္ဂါရဲ့ ထိတွေ့အာရုံ ခံစားနိုင်စွမ်းကို ကျဆင်းလာစေမှာ ဖြစ်ပါတယ်။

(၂) အထွတ်အထိပ်ရောက်ဖို့ ခက်ခဲလာမယ်

couple on bed

Photo : Pexels

လက်ချည်းပဲ အသုံးများနေတဲ့အခါ တကယ်လက်တွေ့ ချစ်တင်းနှောချိန်မှာ အော်ဂဇင်ရဖို့ ခက်ခဲနိုင်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းကပဲ ကွီးတို့အတွက် ပိုပြီး စိတ်ကျေနပ်မှုရစေတယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်လာစေနိုင်တာပါ။ အမှန်တကယ် ချစ်တင်းနှောချိန်မှာ ထိတွေ့ အာရုံခံစားမှုတွေက ကွဲပြားသွားနိုင်ပြီး အထွတ်အထိပ်ရောက်ဖို့ ခက်ခဲစေနိုင်ပါတယ်။

(၃) ထောင်မတ်နိုင်စွမ်း လျှော့ကျလာမယ်

Masturbation

Photo : Holistic Foods

အလွန်အကျွံ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ပါတနာနဲ့ ချစ်တင်းနှောစဉ်မှာ ညီလေးကောင်းစွာ ထောင်မတ်နိုင်ဖို့ ခက်ခဲတက်ပါတယ်။ နေ့တိုင်း ဒါမှမဟုတ် တစ်ရက်တည်းမှာပဲ အကြိမ်ပေါင်းများစွာ အာသာဖြေမိတဲ့အခါ လိင်အင်္ဂါ ပေါ်သက်ရောက်တဲ့ ဖိအားနဲ့ ပွတ်တိုက်မှုတွေကြောင့် သန်မာမှုလျှော့ကျပြီး တကယ်တမ်း ချစ်တင်းနှော ချိန်မှာ လုံလောက်တဲ့ ထောင်မတ်နိုင်စွမ်း ရှိမှာ မဟုတ်တော့ပါဘူး။

(၄) စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာမယ်

 Masturbation

Photo : Priority Men’s Medical Center

မကြာခဏဆိုသလို တစ်ကိုယ်ရည် အာသာဖြေမိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားရတာ ၊ ရှက်ရွံ့မိတာ နဲ့ စိတ်ဖိစီးမှု စိုးရိမ်ပူပန်ခြင်းတွေများလာတာ ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ သေချာပေါက် ဖြစ်ပေါ်ခံစား ရနိုင်ပါတယ်။ အဆိုပါ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကြောင့် မိမိကိုယ်ကိုယ် အပျက်သဘောဆောင်တဲ့ အတွေးတွေ ၊ အဆိုးမြင်စိတ်တွေပိုများလာစေနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု ၊ ချစ်ခင်လေးစားမှုတွေပါ လျှော့ကျလာတဲ့အထိ ဖြစ်နိုင်ပါတယ်။

(၅) အလေ့အကျင့်တစ်ခု ဖြစ်လာမယ်

Masturbation

Photo : Medical News Today

နေ့တိုင်း ဒါမှမဟုတ် အမြဲတမ်း ပုံမှန် တစ်ကိုယ်ရည် အာသာဖြေမိမယ်ဆိုရင် ဒါက ကွီးတို့ရဲ့ နေ့စဉ်ဘဝထဲက လုပ်ရိုးလုပ်စဉ် အလေ့အကျင့်ကြီး တစ်ခုလို ဖြစ်လာပါလိမ့်မယ်။ အလေ့အကျင့်တစ်ခု ဖြစ်လာတာနဲ့အမျှ ကွီးတို့အနေနဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်းကို မလုပ်ရ မနေနိုင်တဲ့အထိ ဒါမှမဟုတ် အမြဲတမ်း တစ်ကိုယ်ရည် အာသာဖြေချင်တဲ့စိတ်တွေ ဖြစ်ပေါ်ခံစားလာရနိုင်ပြီး နေ့စဉ်ဘဝထဲက အလုပ်တာဝန်တွေ ၊ လူမှုပေါင်းသင်းဆက်ဆံရေးတွေအထိပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

Source : My Fit Brain

Featured Photo : Man Matters