နှစ်တစ်နှစ် ကုန်ဆုံးဖို့ အချိန်ပိုင်းပဲ လိုပါတော့တယ်။ ဒီနှစ်မှာ ကွီးတို့အတွက် စိတ်တိုင်းမကျတာ၊ ကိုယ်လိုချင်တဲ့အတိုင်း ဖြစ်မလာတာတွေ ရှိခဲ့မှာပါ။ ဒါတွေကို ဒီနှစ်မှာပဲ ထားခဲ့လိုက်ပြီးတော့ နောင်လာမယ့်နှစ်သစ်မှာ ကွီးတို့အတွက် ပိုမိုကောင်းမွန်တိုးတက်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ပဲ အာရုံစိုက်ပါ။ ဒါ့ကြောင့် လာမယ့်နှစ်မှာ ပိုမို တိုးတက် ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ အတွက် ကွီးတို့ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို ဝေမျှသွားမှာပဲ ဖြစ်ပါတယ်။
အတိတ်က နောင်တတွေ၊ အမှားတွေထဲက ရုန်းထွက်ခဲ့ပါ
Photo : Better Humans
ဒီ ၂၀၂၃ မှာ ဖြတ်သန်းခဲ့တဲ့ အချိန်တစ်လျှောက် ကွီးတို့ နောင်တတွေ၊ အမှားတွေ၊ ကျရှုံးမှုတွေ ရှိခဲ့နိုင်ပါတယ်။ ထိုသို့ ကြုံတွေ့ခဲ့ရတဲ့ ကျရှုံးမှုတွေထဲမှာ ရုန်းမထွက်နိုင်ဘဲ စိတ်ဓာတ်ကျနေရင် ကွီးတို့ ဘဝ တိုးတတ်ရေး မှာ ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အတိတ်က ကျရှုံးမှုတွေကို သင်ခန်းစာ ယူပါ၊ သင်ယူပြီး တိုးတတ်အောင်မြင်ရေးအတွက် လှေကားထစ် အဖြစ်ဖန်တီးလိုက်ပါ။
အချိန်နဲ့ ပတ်သတ်ပြီး ပိုပိုအကျိုးရှိရှိ အသုံးချတတ်အောင် ပြင်ဆင်ပါ
Photo : Nutcache
အချိန်တွေဟာ အကန့်အသတ်နဲ့ ဖြစ်ပြီး တန်ဖိုးရှိလှပါတယ်။ တိုးတတ်အောင်မြင်ချင်တဲ့ လူတိုင်းက အချိန်ကို တန်ဖိုးထားပြီး အလဟာသ အကုန်မခံကြပါဘူး။ ဒါကြောင့် ကွီးတို့လည်း ဘဝ တိုးတက်မှုအတွက် အထောက်အကူ မပြုတဲ့အရာတွေနဲ့ အချိန်ကုန်ခံမနေပါနဲ့။ ဒီကမ္ဘာပေါ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ လူတော်တော်များများဟာ အချိန်နဲ့ ပတ်သတ်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေကို ကိုယ်တိုင်ချမှတ်ပြီး တန်ဖိုးထားလိုက်နာကြပါတယ်။ ဒါကြောင့် လာမဲ့နှစ်သစ်မှာ ကွီးတို့ ဘဝကို ပိုမို တိုးတက် ကောင်းမွန်စေဖို့ အချိန်ကို လေးစားတန်ဖိုးထားပြီး အသုံးချဖို့ လိုပါတယ်။
အခက်အခဲတွေအတွက် သူများကို အပြစ်တင်တတ်တဲ့ အကျင့်ကို ပြင်ပါ
Photo : Newsweeks
ကွီးတို့မှာ အခက်အခဲတွေ ရှိတိုင်း၊ အဆင်မပြေမှုတွေ ရှိတိုင်း သူတစ်ပါးကို အပြစ်မတင်ပါနဲ့။ ဆင်ခြေပေးတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ဘဝနဲ့ ဆိုင်တဲ့ အရာအားလုံးနဲ့ တိုးတက်အောင်မြင်မှုအတွက် တာဝန်အပြည့်အဝက ကွီးတို့မှာ ရှိပါတယ်။ ဒါ့အပြင် ကွီးရဲ့အိပ်မက်တွေ ဘယ်လောက်အောင်မြင်မယ်ဆိုတာ ကွီးတာဝန်ယူတဲ့ အတိုင်းအတာပေါ် မူတည်ပါတယ်။ ကွီးကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ပတ်သက်ပြီး အခြားသူများကို အပြစ်တင်ခြင်းက ကွီးလုပ်ရမဲ့ တာဝန်ကို ငြင်းပယ်ခြင်းနဲ့ အတူတူပါဘဲ။
အဆိုးမြင်စိတ်တွေ ရှိနေရင် ဖယ်ရှားတတ်အောင် ကြိုးစားပါ
Photo : Inc.Megazine
အဆိုးမြင်စိတ်တွေ သို့မဟုတ် အပျက်သဘောဆောင်တဲ့ အတွေးတွေက ကွီးတို့အတွက် ဘာမှ အကျိုးမရှိစေဘူး ဆိုတာ သဘောပေါက်ရပါမယ်။ အပျက်သဘောဆောင်တဲ့ အတွေးတွေက ကွီးတို့ရဲ့ ကိုယ်ကိုယ်ကို ယုံကြည်မှု၊ တန်ဖိုးထားမှုတွေကို လျော့ကျစေနိုင်ပါတယ်။ အပျက်သဘောဆောင်တဲ့ အဆိုးမြင်စိတ်တွေကို ကွီးတို့အနေနဲ့ တစ်နေ့တာအတွက် အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ ပြောင်းလဲလိုက်ပါ။ လာမယ့်နှစ်သစ်မှာ အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ ရှေ့ဆက်လျှောက်လှမ်းနိုင်အောင် ကြိုးစားပါ။
စိတ်အားထက်သန်မှုနဲ့ ကြိုးစားချင်စိတ်ကို မွေးမြူပါ
Photo : Lot at Say
ဘယ်အရာကိုမဆို တိုးတက် အောင်မြင်မှုကိုလိုချင်ရင် စိတ်အားထက်သန်ရပါမယ်။ ထို့နောက် ဘယ်အရာကို ဦးတည်ချက် ထားသလဲ ဆိုတာ သိရှိပြီး တစိုက်မတ်မတ် ကြိုးစားရပါမယ်။ ဘဝ တိုးတက်ပြောင်းလဲမှု၊ အောင်မြင်မှုဆိုတာ တကယ်ကြိုးစားမှုကနေ လာတာပါ။ ပြီးတော့ ဘယ်လောက်ပဲ ခက်ခဲတဲ့အလုပ်ဖြစ်ပါစေ ကိုယ်တိုင်ကြိုးစားပြီး ပြီးမြောက်အောင်မြင်တဲ့အခါ ကျေနပ်အားရမှုနဲ့ ယုံကြည်ချက်ရှိမှုတို့ကို ပိုမိုတိုးမြှင့်စေနိုင်ပါတယ်။ ဒီအချက်ကလည်း လာမယ့်နှစ်မှာ ပိုမိုတိုးတက် ကောင်းမွန်တဲ့ဘဝကို ရရှိဖို့ လှေကားထစ်တစ်ခုပါ။
ကွီးတို့ရေ နှစ်သစ်မှာ ဒီအချက်တွေကို လိုက်နာရင်း ဘဝအတွက် တိုးတက်မှုတွေ ရှိဖို့ ကြိုးစားလိုက်ပါ။
Source : Inc.
Featured Photo : Vista Create