ဆေးလိပ်သောက်ခြင်းဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အဓိကအားဖြင့်တော့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ ကင်ဆာရောဂါအပါအဝင် ကျန်းမာရေးပြဿနာ တော်တော်များများအတွက် စိုးရိမ်စရာ ရှိတာပါ။ ဒါပေမယ့် လူတွေသိပ်မသိကြသေးတာက ဆေးလိပ်သောက်ခြင်းနဲ့ လိင်မှုဆိုင်ရာကျန်းမာရေးကြား ဆက်စပ်မှု ရှိနေတယ်ဆိုတာပါ။ စီးကရက် မှာပါတဲ့ ဓာတုပစ္စည်းတွေက လိင်စိတ်ဆန္ဒ ၊ လိင်မှုစွမ်းဆောင်ရည်နဲ့ မျိုးပွားမှု ကျန်းမာရေးအပေါ် ထိခိုက်မှုတွေ အများကြီး ရှိစေတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့သိထားသင့်တဲ့ လိင်မှုကျန်းမာရေးနဲ့ ဆေးလိပ်သောက်ခြင်းကြားက ဆက်စပ်နေတဲ့ ဆိုးကျိုးအန္တရာယ်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ညီလေးထောင်မတ်နိုင်စွမ်းကို လျှော့ကျစေတယ်

erectile dysfunction

Photo : Men’s Health

ဆေးလိပ်သောက်ခြင်းဟာ ကွီးတို့ရဲ့ လိင်တံဆီကို ပို့လွှတ်နေတဲ့ သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေတဲ့အတွက် ညီလေးကောင်းစွာ မထောင်မတ်နိုင်တာ ၊ ပန်းသေပန်းညိုးစတဲ့ ပြဿနာတွေကို ကြုံတွေ့ ခံစားရနိုင်ပါတယ်။ American Journal of Epidemiology ကနေ ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုအရ စီးကရက် သောက်တဲ့ အမျိုးသားတွေဟာ မသောက်တဲ့သူတွေထက် လိင်အင်္ဂါ ချို့ယွင်းမှု ဖြစ်နိုင်ခြေ ၄၁ ရာခိုင်နှုန်း ပိုများတယ်လို့ တွေ့ရှိရပါတယ်။

(၂) ရင်သား ကျန်းမာရေးကို ဖြစ်စေနိုင်တယ်

Breast health

Photo : Health

ဆေးလိပ်သောက်တာဟာ အမျိုးသားတွေပေါ်မှာပဲ ဆိုးကျိုးသက်ရောက်စေတာ မဟုတ်ပါဘူး။ အမျိုးသမီးတွေမှာလည်း လိင်မှုဆိုင်ရာကျန်းမာရေးအပေါ် ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အမျိုးသမီးတွေမှာ ရင်သားလျော့ရဲတာ ၊ ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေတာ စတဲ့ ပြဿနာတွေ ကြုံတွေ့ ခံစားရနိုင်ပါတယ်။ အကယ်၍ ရင်သားကင်ဆာဖြစ်ဖူးတဲ့ မိသားစုရာဇဝင်ရှိတဲ့ အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ရာခိုင်နှုန်း ပိုများပါတယ်။

(၃) သုက်ပိုးအရေအတွက် ကျဆင်းစေတယ်

reduced sperm count

Photo : BBC

ဆေးလိပ်သောက်ခြင်းဟာ သုက်ပိုးအရေအတွက်ကို ကျဆင်းစေတဲ့အတွက် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို အဟန့်အတား ဖြစ်စေနိုင်ပြီး ကလေးမရနိုင်တာ ၊ ကလေးရဖို့ ခက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးလိပ်သောက်တာဟာ သုက်ပိုးအရည်အသွေးနဲ့ သုက်ပိုးအရေအတွက်ကို ကျဆင်းစေတဲ့အတွက် အထူးသဖြင့် စီးကရက် အလွန်အကျွံသောက်တက်တဲ့ အမျိုးသားတွေမှာ မျိုးအောင်နိုင်စွမ်းဟာ ရာခိုင်နှုန်း နည်းနည်းသာ ရှိပါတယ်။ အကယ်၍ ဆေးလိပ်ဖြတ်လိုက်မယ် ဆိုရင်တော့ သုက်ပိုးအရေအတွက်ကို ပြန်တက်စေမှာဖြစ်ပြီး ကျန်းမာတဲ့ သုက်ပိုးတွေကို ထုတ်လွှတ်လာစေနိုင်မှာပဲ ဖြစ်ပါတယ်။ အလားတူ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေမှာဆိုရင်လည်း မျိုးဥအရေအတွက် လျော့နည်းစေနိုင်တဲ့အတွက် ကလေးရဖို့ ခက်ခဲတာမျိုး ဖြစ်တက်ပါတယ်။ ဒါကြောင့် ကလေးယူမယ်လို့ စဉ်းစားထားသူတွေ ၊ ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတွေအနေနဲ့တော့ ဆေးလိပ်သေချာပေါက် ဖြတ်ဖို့လိုအပ်ပါတယ်။

(၄) အရွယ်မတိုင်ခင် စောစီးစွာ သေဆုံးနိုင်ခြေများတယ်

depression

Photo : Gino Cosme – Gay Therapist and Counselor

ဆေးလိပ်စွဲစွဲမြဲမြဲ သောက်တာဟာ အရွယ်မတိုင်မီ စောစီးစွာ သွေးဆုံးနိုင်ခြေကို တိုးစေပါတယ်။ Tobacco Control ဂျာနယ်ရဲ့ လေ့လာမှုတစ်ခုအရ စီးကရက် အလွန်အကျွံသောက်တဲ့သူတွေနဲ့ဆေးလိပ်မသောက်သူတွေကို နှိုင်းယှဉ်ရာမှာ ဆေးလိပ်သောက်သုံးသူတွေက အသက် ၅၀ မတိုင် သွေးဆုံးနိုင်ခြေ ပိုများတယ်လို့ ဆိုထားပါတယ်။ အရွယ်မတိုင်မီ သွေးဆုံးခြင်းဟာ မျိုးပွားမှုသာမက ကျန်းမာရေးဆိုင်ရာ အန္တရာယ်အမျိုးမျိုးနဲ့လည်း ဆက်စပ်နေတာကြောင့် မျိုးဆက်ပွားကျန်းမာရေးနဲ့ အသက်ရှည်ကျန်းမာစေဖို့အတွက် ဆေးလိပ်ဖြတ်ဖို့က နံပါတ်တစ် အရေးကြီးပါတယ်။

Source : Healthshots

Featured Photo : Healthshots