အမျိုးသားတွေမှာ အဖြစ်များတဲ့ ပန်းသေပန်းညို ပြဿနာ ၊ လိင်အင်္ဂါ မသန်စွမ်းမှု အခြေအနေဟာ ဆေးပညာအရ သက်သေပြနိုင်တဲ့ အကြောင်းအရင်းတွေ များစွာရှိပေမယ့် တစ်ခါတစ်ရံမှာ ပုံမှန်မဟုတ်တဲ့ အချို့သော အချက်တွေကြောင့်လည်း ဖြစ်တက်ပါတယ်။ ဘယ်လို ပုံမှန်မဟုတ်တဲ့ အချက်တွေက ကွီးတို့ရဲ့ လိင်အင်္ဂါသန်စွမ်းမှုကို ပြဿနာဖြစ်စေလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) လိင်မှုစွမ်းဆောင်ရည်အပေါ် စိုးရိမ်စိတ်များတာ

Sexual Performance Anxiety

Photo : MensXP

ပထမဆုံးအကြိမ် အတူနေတဲ့အခါ သို့မဟုတ် လိင်ကိစ္စနဲ့ အချိန်အတော်ကြာ ဝေးကွာပြီးမှ ပြန်လည်ထိတွေ့တာ စတဲ့အချိန်တွေမှာ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းနေတက်ပါတယ်။ ကွီးတို့ရဲ့ လိင်မှုစွမ်းရည်ဆောင်အပေါ် စိုးရိမ်စိတ်များတာ ၊ သံသယများတာဟာ ဖိအားဖြစ်စေနိုင်ပြီး အတူနေချိန်မှာ လိင်တံကောင်းကောင်း မထောင်မတ်နိုင်တာ ၊ လိင်တံထောင်မတ်မှုကို ထိန်းသိမ်းဖို့ ခက်ခဲတာတွေ ကြုံရနိုင်ပါတယ်။

(၂) ကွန်ဒုံးနဲ့ အသားမကျတဲ့ ပြဿနာရှိတာ

Difficulty Using A Condom

Photo : MensXP

ကွန်ဒုံးနဲ့ ထိတွေ့မှုနည်းတဲ့ ကွီးတွေဆိုရင် ကွီးတို့ ဝတ်ဆင်ချိန်မှာ အဆင်မပြေမှုတွေ ရှိတက်ပါတယ်။ ဒါကပဲ ကွီးတို့ရဲ့ လိင်တံထောင်မတ်မှုကို ပြန်လည်ပျော့သွားစေနိုင်တာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် ကွန်ဒုံးရဲ့အလုပ်လုပ်ပုံ ၊ ကွန်ဒုံးဝတ်ဆင်နည်းတွေကို သေချာလေး ရင်းနှီးအောင် ကြိုးစားသင့်ပြီး ကွန်ဒုံး ဝတ်ဆင်ချိန်မှာ စိတ်ရှည်ရှည်ထားမယ်ဆိုရင် အဆင်ပြေသွားနိုင်ပါတယ်။

(၃) အပြာကား စွဲလမ်းတာ

Watching Excessive Porn

Photo : MensXP

အပြာရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်း ကြည့်ဖြစ်ရင် လိင်အင်္ဂါ ကမောက်ကမ ဖြစ်နိုင်ခြေ တိုးစေနိုင်ပါတယ်။ အကြောင်းကတော့ ဒီလို အပြာရုပ်ရှင်တွေထဲက ဖျော်ဖြေရေးသပ်သပ် အတုအယောင် ပြကွက်တွေကို ကြည့်ရှုပြီးနောက် တကယ့် ပြင်ပလက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်တာ ၊ အားမလိုအားမရ ခံစားချက်တွေကို ခံစားရစေနိုင်ပါတယ်။ အကျိုးဆက် အနေနဲ့ကတော့ အမျိုးသားတွေမှာ လိင်အင်္ဂါ ကမောက်ကမဖြစ်မှုကို ဖြစ်ပေါ်စေနိုင်တာပဲ ဖြစ်ပါတယ်။

(၄) နေ့တိုင်း ဆေးလိပ် ၁၀ လိပ်နဲ့အထက် သောက်တာ

Smoking
Photo : MensXP

ဆေးလိပ်သောက်ခြင်းဟာ လိင်အင်္ဂါသန်စွမ်းမှုကို လျှော့ကျစေရုံမက ကွီးတို့ရဲ့ လိင်မှုဘဝအပေါ်ပါ ဆိုးကျိုးများစွာ သက်ရောက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ တစ်နေ့ကို စီးကရက် ၁၀ လိပ်နဲ့အထက် သောက်သူတွေဟာ တခြားသူတွေထက် လိင်အင်္ဂါချို့ယွင်းမှု ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေက သွေးကြောတွေကို ပိတ်ဆို့စေပြီး သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေတာကြောင့် လိင်တံကောင်းကောင်း မထောင်မတ်နိုင်တာ ၊ လိင်တံသန်မာမှု လျှော့ကျတာတွေ ဖြစ်တက်တာပါ။

Source : MensXP

Featured Photo : Superdrug Online Doctor