ဒီတစ်ခေါက်တော့ အမျိုးသားတွေ စိတ်ဝင်စားလောက်မယ့် လိပ်ပြာလေးတွေအကြောင်း ပြောရအောင်ပါ။ လိပ်ပြာ လို့ ယဉ်ယဉ်ကျေးကျေး တင်စားခေါ်ဝေါ်ကြတဲ့ အမျိုးသမီးတို့ရဲ့ မအင်္ဂါ မိန်းမကိုယ်ဟာ စာရေးသူတို့ အမျိုးသားတွေလိုပါပဲ လူတစ်ဦးတစ်ယောက်ချင်းစီအရ ပြင်ပဖွဲ့စည်းမှု ပုံသဏ္ဍာန်တွေ ၊ အရောင်နဲ့ အရွယ်အစားတို့တွေဟာ သဘာဝအတိုင်း ကွဲပြားကြပါတယ်။ မိန်းမကိုယ် အမျိုးအစားရယ်လို့တော့ အတိအကျမရှိပေမယ့်လည်း လူတစ်ချင်းစီအလိုက် လိပ်ပြာပုံစံတွေဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင် ဖွဲ့စည်းပုံ လက္ခဏာတွေ ရှိကြတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး အမျိုးသမီးတွေရဲ့ လိပ်ပြာဖွဲ့စည်းမှုပုံစံ အမျိုးအစားတွေနဲ့ ကွဲပြားခြားနားချက်လေးတွေကို လေ့လာကြည့်လိုက်ရအောင်ပါ။

လိပ်ပြာ လေးတွေရဲ့ ပုံသဏ္ဍာန် ကွဲပြားပုံ

Vagina

Photo : La Tercera

အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ အတွင်းပိုင်း သားအိမ်ဖွဲ့စည်းပုံရော မိန်းမကိုယ်အင်္ဂါ အပြင်ပိုင်းဖြစ်တဲ့ မအင်္ဂါရောဟာ တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားကြပါတယ်။ ယေဘုယျအားဖြင့် အမျိုးသမီးတွေရဲ့ အင်္ဂါဇာတ်ဟာ ပုံသဏ္ဍာန်ချင်းဆင်တူတယ်လို့ ထင်ရပေမယ့် အသေးအစိတ် အချက်အလက်တွေနဲ့ ကွဲခြားမယ်ဆိုရင်တော့ ကွဲပြားမှုတွေ အများကြီး ရှိနေပါတယ်။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ် ပုံသဏ္ဍာန် ကွဲပြားမှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • မိန်းမကိုယ် အလျားနဲ့အနံ အရွယ်အစား ကွဲပြားခြင်း
  • မိန်းမကိုယ် ပြင်ပဖွဲ့စည်းမှု ပုံသဏ္ဍာန်နဲ့ နှုတ်ခမ်းအသား အထူအပါး မတူညီခြင်း
  • မအင်္ဂါအမွှေးအမျှင် ပမဏခြားနားခြင်း
  • မိန်းမကိုယ်အရောင် မတူညီခြင်း
  • မိန်းမကိုယ်ကနေ မတူညီတဲ့ အရည်ဆင်းခြင်းနဲ ကွဲပြားတဲ့ အနံ့အသက်တွေ ရှိခြင်း

စတဲ့ အချက်လေးတွေ ကွဲပြားခြားနား ကြပါတယ်။

မိန်းမကိုယ် အချိုးအစား

Vagina

Photo : Healthy Women

အမျိုးသမီးတွေရဲ့ မအင်္ဂါကို ရည်ညွှန်းကြတဲ့အခါ အများအားဖြင့် မြင်သာတဲ့ ပြင်ပအစိတ်အပိုင်းတွေကို ဖော်ပြကြပါတယ်။ ခန္ဓာဗေဒအခေါ်အဝေါ်အရ အမျိုးသမီးအင်္ဂါ (Vulva) လို့ ခေါ်ပါတယ်။ အမျိုးသမီး အင်္ဂါစပ်မှာ Labia Majora နဲ့ Labia Minora လို့ခေါ်တဲ့ အပြင်ပိုင်းနဲ့ အတွင်းပိုင်း နှုတ်ခမ်းသား ဖွဲ့စည်းပုံတွေ ပါပါတယ်။ ဒါဟာ မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းအပေါက်ကို ကာရံထားတဲ့ အရေပြားဧရိယာတွေ ဖြစ်ပါတယ်။ အမျိုးသမီးအင်္ဂါ (Vulva) ဟာ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အချိုးအစား ပုံစံတွေ များစွာရှိကြပြီး အချို့က မသိမသာတဲ့ ကွဲပြားတဲ့ ပုံသဏ္ဌာန်ကွဲပြားမှုတွေ ရှိပြီး အချို့ကတော့ သိသိသာသာ ကွဲပြားတက်ပါတယ်။

နောက်တစ်ချက်ကတော့ Labia Majora လို့ခေါ်တဲ့ မိန်းမကိုယ်ပြင်ပ နှုတ်ခမ်းသား ကွဲပြားမှု ရှိပါတယ်။ အချို့ အမျိုးသမီးတွေမှာ ပြင်ပ နှုတ်ခမ်းသားဟာ ထူတက်ပြီး အချို့ကတော့ ခပ်ပါးပါးပဲ ရှိတက်ပါတယ်။ တစ်ချို့ အမျိုးသမီးတွေမှာဆိုရင် အတွင်းပိုင်းနှုတ်ခမ်းသားနဲ့ မိန်းမကိုယ် အစေ့လို့ ခေါ်တဲ့ Clitoris ကို လုံးလုံးနီးပါး ဖုံးအုပ်နေတဲ့ Outer Lips ပြင်ပနှုတ်ခမ်းသား ပုံစံလည်း ရှိပါတယ်။ Labia Minora လို့ခေါ်တဲ့ Inner Lips အတွင်းပိုင်း နှုတ်ခမ်းသားမှာလည်း ကွဲပြားမှုတွေ ရှိပြီး တစ်ချို့ အမျိုးသမီးတွေရဲ့ အပြင်နှုတ်ခမ်းသားမှာ ဖုံးအုပ်ထားတဲ့ အတွင်းနှုတ်ခမ်းသား အတိုလေးတွေ ရှိနိုင်ပါတယ်။ အချို့ခြားသူမှာတော့ အပြင် နှုတ်ခမ်းသားနဲ့ အတွင်းနှုတ်ခမ်းတွေရဲ့ အရှည်ဟာ တူညီမှု ရှိကြပါတယ်။ အကယ်၍ အပြင်ပိုင်းနဲ့ အတွင်းနှုတ်ခမ်းသားတွေဟာ သေးငယ်ပြီး အတွင်းဘက်ပေါင်နဲ့ နီးကပ်စွာ ရှိနေပါက Clitoris ကို ဖုံးအုပ်နေတဲ့ Clitoral Hood ကိုလည်း မြင်နိုင်တွေ့ ရနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ မိန်းမကိုယ် အတွင်းပိုင်း ဖွဲ့စည်းပုံပါ။ မိန်းမကိုယ် အတွင်းပိုင်းဟာ ကျုံ့နိုင်ဆန့်နိုင်တဲ့ ရှည်လျားတဲ့ ပြွန်တစ်ခု ပုံစံနဲ့ ဆင်တူပါတယ်။ အမျိုးသမီးတွေရဲ့ မိန်းမအင်္ဂါအများစုဟာ မိန်းမကိုယ်အဝကနေ အတွင်းပိုင်း သားအိမ်ခေါင်းဆီသို့ တဖြည်းဖြည်းချင်း ကျယ်သွားတဲ့ ပြွန်ပုံစံ ရှိပါတယ်။ မြင်သာအောင် ပြောရရင် မိန်းမကိုယ်ရဲ့ အကျယ်ဆုံးချဲ့နိုင်တဲ့ အတွင်းပိုင်း အနေအထားဟာ “V” ပုံသဏ္ဍာန် ရှိနေတက်ပါတယ်။ မီးဖွားပြီးနောက်မှာတော့ မိန်းမကိုယ် အတွင်းပိုင်း ကြွက်သားတွေရဲ့ ဖွဲ့စည်းမှုဟာ လျော့တွဲသွားတက်တာကြောင့် မီးမဖွားခင် အခြေအနေထက် ပိုကျယ် သို့မဟုတ် ပိုလျော့ရဲ သွားတက်ပါတယ်။

နောက်ဆုံး မိန်းမကိုယ်အချိုးအစားထဲမှာ ပါဝင်နေတဲ့ အချက်တစ်ခုကတော့ Hymen လို့ခေါ်တဲ့ အပျိုအမြှေးပါ။ အပျိုအမြှေးပါးဟာ မိန်းမကိုယ်အတွင်းပိုင်းမှာ ဖုံးအုပ်ထားတဲ့ ပါးလွှာတဲ့ အလွှာနံရံတစ်ခု ဖြစ်ပါတယ်။ အပျိုအမြှေးပါးရဲ့ ပုံသဏ္ဍာန်နဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်း Eelasticity ကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ လူတော်တော်များများက အပျိုအမြှေးပါး ရှိခြင်းမရှိခြင်းပေါ်မူတည်ပြီး အပျိုစစ်မစစ်ကို ခွဲခြားသတ်မှတ်တက်ကြပြီး တကယ်တော့ ဒါဟာ မှန်ကန်မှု မရှိတဲ့ ခွဲခြားသတ်မှတ်ချက်တစ်ခုသာ ဖြစ်ပါတယ်။ အပျိုအမြှေးပါးဟာ ပထမဆုံးအကြိမ် လိင်ဆက်ဆံမှုကနေ ပေါက်ပြဲတက်တာ မှန်ပေမယ့်လည်း အခြားသော အကြောင်းအရင်း အမျိုးမျိုးကြောင့်လည်း အပျိုအမြှေးပါး ပေါက်ပြဲတက်ပါတယ်။

မိန်းမကိုယ် အရွယ်အစား

Vagina
Photo : Healthy Women

အမျိုးသမီးတွေရဲ့ မအင်္ဂါ လိပ်ပြာ တွေဟာ အရွယ်အစား သို့မဟုတ် အရှည်လည်း မတူညီကြပါဘူး။ လေ့လာမှုတွေအရ မိန်းမကိုယ်ရဲ့ ဒေါင်လိုက်အရှည်ဟာ ပျမ်းမျှအားဖြင့် ၄ လက်မခန့် ရှိပါတယ်။ မိန်းမကိုယ်ရဲ့ အလျား၊ အနံ အတိုင်းအတာတွေဟာလည်း အမျိုးမျိုးကွဲပြားနိုင်ပြီး မအင်္ဂါရဲ့ အလျား၊ အနံနဲ့ ထောင့်ဖြတ်အတိုင်းအတာတွေကို MRI Scans တွေ အသုံးပြုပြီး တိုင်းတာ ကြရပါတယ်။ အချို့ အမျိုးသမီးတွေမှာတော့ မအင်္ဂါ အရှည်ဟာ ၇ လက်မကနေ ၇.၅ လက်အထိ ရှိတက်တယ်လို့ သုတေသီတွေက ဆိုထားပြီး အခုလို သိသိသာသာ ကွဲပြားတဲ့ အရွယ်အစားတွေလည်း များစွာရှိကြပါတယ်။

မိန်းမကိုယ် အရောင်

Vagina
Photo : Pristyn Care

အမျိုးသမီးတွေမှာ မတူညီတဲ့ မိန်းမကိုယ် အရောင်အသွေးတွေလည်း ရှိကြပါတယ်။ အချို့က ခရမ်းပုပ်ရောင်ဘက် သမ်းတဲ့ အရောင်ရှိသလို ၊ အချို့ကလည်း ခပ်နီနီခပ်ရဲရဲ အရောင် ၊ ပန်းရောင်နဲ့ ဝိုင်နီအရောင်တွေဆိုပြီးလည်း ကွဲပြားစွာ ရှိတက်ပါတယ်။ မိန်းမကိုယ် အရောင်ဟာ သွေးစီးဆင်းမှုပေါ်မူတည်ပြီး အရောင်ပြောင်းနိုင်ပြီး လိင်စိတ်နိုးကြားကာ သွေးစီးဆင်းမှု တိုးလာချိန်မှာ မအင်္ဂါဟာ ခရမ်းရောင်ခပ်သမ်းသမ်း အရောင်ကို ပြောင်းလဲလာတက်ပါတယ်။ အချို့ကတော့ ကျန်းမာရေး နောက်ခံအခြေအနေတွေအရ မိန်းမကိုယ်အရောင်ပြောင်းခြင်း ဖြစ်တက်ကြပြီး ဥပမာအားဖြင့် မိန်းမကိုယ် ပိုးဝင်တဲ့ အခြေအနေတွေမှာ မိန်းမကိုယ် အရောင်ဟာ ခရမ်းပုပ်ရောင် သို့မဟုတ် အနီရင့်ရောင်အဖြစ် ပြောင်းလဲတက်ပါတယ်။

မိန်းမကိုယ် အမွှေးအမျှင်

Vagina
Photo : Covington Women’s Health Specialists

ကန့်သတ်ဧရိယာ အမွှေးအမျှင်တွေဟာ လိင်အင်္ဂါကို ဘက်တီးရီးယားတွေ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပြီး အများအားဖြင့် လူပျိုဖော်/အပျိုဖော်ဝင်စအချိန်မှာ စတင်ထွက်ပေါ်လာပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီပေါ်မူတည်ပြီး လိင်အင်္ဂါ အမွှေးအမျှင် ပမာဏ ၊ အရောင်နဲ့ အသွင်အပြင်တွေဟာလည်း အမျိုးမျိုး ကွဲပြားပါတယ်။ အသက်အရွယ် ကြီးလာတာနဲ့အမျှ ဟော်မုန်းပြောင်းလဲမှုကြောင့် လိင်အင်္ဂါ အမွှေးအမျှင်တွေ ပါးလာတာ ၊ နည်းလာတာမျိုးလည်း ရှိပါတယ်။

မိန်းမကိုယ် အနံ့အသက်

Vagina

Photo : Sea Witch Botanicals

မိန်းမကိုယ်မှာ သဘာဝအတိုင်း အနံ့ဆိုးတွေကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ ရှိနေတက်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်း ၊ ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးနဲ့ မိန်းမကိုယ်ရဲ့ သဘာဝအနံ့တွေဟာ အဆိုပါ အမျိုးသမီးရဲ့ မိန်းမကိုယ်အနံ့အသက်အပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ အများအားဖြင့် မိန်းမကိုယ်အနံ့တွေဟာ လူတစ်ယောက်နဲ့တစ်ယောက် မတူသလို တစ်ယောက်တည်းမှာပင် အခြေအနေအမျိုးမျိုးကြောင့် အနံ့အသက်တွေ ကွဲပြားတက်ပြီး ဒါက စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် မနှစ်မြို့ဖွယ်တဲ့ ဆိုးဆိုးရွားရွား အနံ့အသက်တွေ ထွက်ပေါ်နေတယ်ဆိုရင်တော့ ဒါဟာ Vaginosis သို့မဟုတ် Trichomoniasis ကဲ့သို့ ဘက်တီးရီးယား ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်နိုင်တာကြောင့် နားလည်တက်ကျွမ်းတဲ့ ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေး ပညာရှင်တွေနဲ့ ပြသစစ်ဆေး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ဒီလောက်ဆိုရင်တော့ အမျိုးသမီးအင်္ဂါ လိပ်ပြာ လေးတွေရဲ့ သဘောသဘာဝ ၊ မတူကွဲပြားတဲ့ အရွယ်အစာ ဖွဲ့စည်းပုံလက္ခဏာတွေနဲ့ ကွဲပြားခြားနားမှုတွေကို နားလည်သဘောပေါက်သွားမယ် ထင်ပါတယ်။

Source : Medical News Today

 

Featured Photo : TheHealthSite