လုပ်ငန်းခွင်ဆိုတာ ကိုယ့်ရဲ့ သက်မွေးဝမ်းကျောင်းဖြစ်သလို ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ရာထူးတိုးတာ ၊ လစာများများပိုရတာစတဲ့ အခွင့်အလမ်းတွေနဲ့ အလားအလာကောင်းတွေ ရှိနိုင်တဲ့နေရာပါ။ အလားတူပဲ ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမူတွေလုပ်မိမယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်အရာ ရှိတွေရဲ့ အမြင်မှာ ကိုယ့်ရဲ့ ရာထူးတက်ဖို အခွင့်အရေး ၊ တာဝန်ပိုယူဖို့ အခွင့်အရေးတွေကို လွဲချော်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ သတိထားလို့ရအောင် လုပ်ငန်းခွင် အတွင်းက အရေးကြီးတဲ့ ပရော်ဖက်ရှင်နယ် မဆန်တဲ့ အပြုအမူ တွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

(၁) အလုပ်နောက်ကျတာ

Photo : Pexels

လူတိုင်းက တစ်ကြိမ်မဟုတ်တစ်ကြိမ် အလုပ်နောက်ကျတတ်တာ ဖြစ်တတ်ပေမယ့် အမြဲလိုလိုအလုပ်နောက်ကျတာက လုပ်ဖော်ကိုင်ဖက်တွေရဲ့အမြင်မှာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို အမှန်တကယ် ထိခိုက်စေနိုင်ပါတယ်။

(၂) ဆိုရှယ်မီဒီယာကို အမြဲသုံးတာ

Photo : Pexels

ဖုန်းအမြဲသုံးတာက အလုပ်ခွင်မှာ ဖြစ်ရိုးဖြစ်စဉ် အကျင့်ဆိုးတစ်ခုပါပဲ။ ဒါပေမယ့် တစ်နေ့လုံး ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို စစ်ဆေးနေတာမျိုးကတော့ မလုပ်သင့်ပါဘူး။ ဒါက အရွယ်မရောက်သေးတဲ့သူတွေမှာ တွေ့ရတာမှန်ပေမယ့် လုပ်ငန်းခွင်ဝင်နေတဲ့သူတွေ အတွက်တော့ ကိုယ့်ရဲ့ ပရော်ဖက်ရှင်ကို အနှောက်အယှက်ပေးနိုင်တဲ့ မသင့်တော်တဲ့ အပြုအမူတစ်ခုပါ။

(၃) မကောင်းတဲ့ စိတ်သဘောထားရှိတာ

Photo : Pexels

အတင်းအဖျင်းပြောတာ၊ ညည်းညူတာ၊ လိမ်လည်တာ ဒါမှမဟုတ် လုပ်ဖက်ကိုင်ဘက်တွေအပေါ် မကောင်းတဲ့ သဘောထားရှိတာတွေကလဲ ကိုယ့်ကို ပရော်ဖက်ရှင်နယ် မဆန်စေတဲ့ အပြုအမူတွေပါပဲ။ တကယ်လို့ ဒီအချက်တွေကို လုပ်မိနေတယ်ဆိုရင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို အလွန်အကျွံမထိခိုက်စေအောင် အချိန်မီပြင်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် အခြားဘယ်အလုပ်သစ်ကိုပဲ ပြောင်းပြောင်း အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။

(၄) အလုပ်ကို အလေးမထားတာ

Photo : Pexels

လူအများစကားပြောနေတဲ့အချိန် ဒါမှမဟုတ် အစည်းအဝေးတွေမှာ အိပ်ငိုက်နေတာ၊ မျက်လုံးတွေကို မှိတ်ထားတာ၊ ဂရုမစိုက်တဲ့ပုံပြတာ စတဲ့ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ဝင်လာတာတွေက တခြားလုပ်ဖော်ကိုင်ဘက်တွေရဲ့ အမြင်မှာ အလုပ်ကို အလေးမထားတဲ့ ပုံပေါက်စေပါတယ်။ ဒါတွေအားလုံးက ကိုယ်ကို အလုပ်အတွက် စိတ်နှစ်ထားတာ ဒါမှမဟုတ် စိတ်လှုပ်ရှားခြင်းမရှိတာကို ညွှန်ပြနေတဲ့ ပရော်ဖက်ရှင်နယ်မကျတဲ့ အချက်ဖြစ်ပါတယ်။

(၅) အလုပ်မှာ နာမည်ယူတာ (သို့မဟုတ်) နေရာမပေးတာ

Photo : Pexels

အလုပ်မှာ တိုးတက်မှုအတွက် လိုအပ်တဲ့ အရေးကြီးဆုံး ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုတစ်ခုက အဖွဲ့ဝင်တွေကို နေရာပေးသင့်တဲ့အခါပေးတာနဲ့ ဘယ်လိုအချိန်တွေမှာ နေရာယူရမလဲဆိုတာကို သိတာဖြစ်ပါတယ်။ ကိုယ့် အလုပ်ခွင် ကလူတွေကို ချီးမြှောက်တာမျိုး မလုပ်နိုင်ရင် သူ့တို့ ဘက်ကကိုယ့်ကို လိမ်ညာတာ ဒါမှမဟုတ် မယုံကြည်ထိုက်သူ (အလွန်ပရော်ဖက်ရှင်နယ်မဆန်တဲ့သူ) လို့ ထင်မြင်လာရုံသာမက ကိုယ့်ရဲ့အထက်အရာရှိတွေ၊ မန်နေဂျာတွေကလည်း ပရော်ဖက်ရှင်နယ် မဆန်တဲ့သူလို့ မြင်လာစေတဲ့အတွက် အလုပ်ရာထူးတက်တာ၊ လစာတိုးတာစတဲ့ ကိုယ့်ရနိုင်တဲ့ အခွင့်အရေးတွေကို ထိခိုက်စေနိုင်ပါတယ်။

Featured Photo : MensXP