လူငယ် တွေအတွက် ဂိမ်း ကစားနည်းများသည် တစ်နှစ်ထက်တစ်နှစ် ဆန်းသစ်လို့လာခဲ့ပြီး ကစားနည်းအသစ်များလည်း အမြဲတမ်းဆိုသလို ထွက်ရှိနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က မိုဘိုင်းလ်ဂိမ်းများနှင့် ယနေ့ခေတ် မိုဘိုင်းလ်ဂိမ်းများသည်လည်း နည်းပညာအားဖြင့် ဘယ်လိုမှ ယှဉ်မရတော့ပါဘူး။
သို့သော် ယခင် လူငယ် ဘဝက မိုဘိုင်းလ် ဂိမ်း များကို တစေ့တစောင်း ပြန်ကြည့်လိုက်တဲ့အခါ ထိုစဉ်တုန်းက အမှတ်ရစရာအချိန်များကို ပြန်ပြောင်းသတိရမိမှာတော့ အမှန်ပါပဲ။
ကွီးတို့ရဲ့ ငယ်ရွယ်လွတ်လပ်တဲ့ လူငယ် ဘဝကို ဘယ်တော့မှ ပြန်ရနိုင်တော့မှာမဟုတ်ပေမယ့် ထိုခေတ်ထိုချိန်တုန်းက ထွက်ရှိခဲ့တဲ့ မိုဘိုင်းလ် ဂိမ်း လေးတွေကို တစ်ခါတစ်ခေါက်လောက် ပြန်ဆော့ရင်း အတိတ်နေ့ရက်များကို တမ်းတလွမ်းဆွတ်နိုင်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ထွက်ရှိခဲ့တဲ့ ဂိမ်းတွေသည်လည်း သူ့ခေတ်သူ့အခါမှာတော့ ပြိုင်စံရှားဘုရင်တစ်ပါးလိုပါပဲ။ ဒေါင်းလုပ်ဒ်ချသူများနှင့် ဆော့ကစားသူများလည်း အများအပြားရှိပါတယ်။ ထိုထဲကမှ လူကြိုက်အများဆုံးနှင့် ဆော့လို့အကောင်းဆုံး ဂိမ်းများကို ဖော်ပြပေးလိုက်ရပါတယ်။
Clash of Clans

ဒီဂိမ်းလေးကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိတဲ့တဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။ သို့သော် ထိုအချိန်တုန်းကတော့ iOS ဗားရှင်းပဲ ရှိပါသေးတယ်။ ၂၀၁၃ ကျမှ Android သများတွေပါ ဆော့ကစားနိုင်လာတာဖြစ်ပါတယ်။ စိတ်လှုပ်ရှားဖို့ကောင်းပြီး လူကြိက်များတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။
Monster Strike

ဂျပန်စတိုင်လ် ဂိမ်းတစ်မျိုးဖြစ်ပြီး iOS သမားတွေရော Android သမားတွေအတွက်ပါ ထုတ်လုပ်ပေးထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းလေးဖြစ်ပြီး အရောင်အသွေးစုံလင်စွာနဲ့ ဆော့ကစားလို့ကောင်းတဲ့ ဂိမ်းတစ်ခုပါ။
Puzzles & Dragons

၂၀၁၂ က ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်မျိုးဖြစ်ပြီး ရောင်စုံအဖိုးတန်ကျောက်တုံးများကို အသုံးပြုကာ တစ်ဖက်အသင်းကို တိုက်ခိုက်ရတာဖြစ်ပါတယ်။ တဖြည်းဖြည်း ကျွမ်းကျင်လာတာနဲ့အမျှ Level တွေ တက်လာမှာဖြစ်ပါတယ်။
PlayerUnknown’s Battlegrounds Mobile

PUBG ရဲ့ နာမည်အပြည့်အစုံကတော့ PlayerUnknown’s Battlegrounds Mobile ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး တဖြည်းဖြည်းနဲ့ လူကြိုက်များလာတဲ့အတွက်ကြောင့် ဗားရှင်းအမျိုးမျိုး အဆင့်မြင့်ကာ ပြောင်းလဲဆော့ကစားလာကြပါတယ်။
Candy Crush Saga

ကွီး တို့ရဲ့ လူငယ် ဘဝကို ရာနှုန်းပြည့် ပြန်လည်ကာ အမှတ်ရသွားစေမယ့် မိုဘိုင်း ဂိမ်း တစ်ခုဖြစ်ပါတယ်။ လူ အယောက် ၁၀၀ မှာ ၉၉.၉ ယောက်လောက်က Candy Crush ဂိမ်းကို ဆော့ဖူးကြပါလိမ့်မယ်။ Facebook နဲ့ ချိတ်ဆက်ထားပြီး သူငယ်ချင်းတွေ အတူတူ ဆော့ကစားမယ်ဆိုရင်တော့ Level တက်တာ ပိုမြန်ပါတယ်။
Roblox Mobile

၂၀၀၆ ခုနှစ်မှာတော့ PCs တွေ အတွက် စတင်ထုတ်လုပ်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ iOS ၊ ၂၀၁၄ ခုနှစ်မှာတော့ Android သမားတွေအတွက်ဆိုပြီး ပရိုဂရမ် ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ထွက်ရှိလာခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာခန့် ရှိနေပြီဆိုပေမယ့် ယနေ့ထိတိုင် လူကြိုက်များကာ ကလေး၊ လူကြီးမရွေး ဆော့ကစားကြတာဖြစ်ပါတယ်။
ကွီးတို့ရော လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ဘယ်လိုဂိမ်းတွေ ဆော့ကစားရင်း အချိန်တွေကို အပူအပင်ကင်းမဲ့စွာ ဖြတ်သန်းခဲ့ပါသလဲ။
Source: Smartlook
Featured Image: Sensor Tower
