နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ဖို့ပဲဖြစ်ဖြစ်၊ အလည်အပတ် သွားလည်ဖို့ပဲဖြစ်ဖြစ် ဘာအကြောင်းကိစ္စနဲ့ပဲသွားသွား လေဆိပ်က လုံခြုံရေးကောင်တာများ၊ လဝက ကောင်တာတွေကို ဖြတ်သွားရမှာပဲဖြစ်ပါတယ်။ လေဆိပ် မှာ ကွိုင် မတက်ဖို့ သိထားသင့်တဲ့ အချက်များရှိပါတယ်။ ကွီးတို့အနေနဲ့ ထိုအချက်များကို သေချာပြင်ဆင်သွားမှသာလျှင် လူပင်ပန်း၊ စိတ်ပင်ပန်းသက်သာပြီး ချောချောချူချူနဲ့ သွားလာနိုင်မှာပဲဖြစ်ပါတယ်။
ပြည်ပထွက်ခွာမယ့် ကွီးတို့အနေနဲ့ သိထားရမယ့် အဓိကအချက် (၃) ချက်ရှိပါတယ်။ ထိုအချက် (၃) ချက်အောက်မှာမှ အသေးစိတ်အချက်အလက်များကိုလည်း သေသေချာချာ ဖတ်ရှုထားမှသာလျှင် လေဆိပ် မှာ ကွိုင် မတက်ဘဲ ချောချောချူချူနဲ့ ထွက်ခွာနိုင်မှာပဲဖြစ်ပါတယ်။
ပထမအချက်ကတော့ Check-In လုပ်ရပါမယ်
လေယာဥ်ချိန်နီးမှ ထွက်ခွာတာမျိုး၊ လေယာဥ်ချိန်ထွက်မယ့်အချိန်နဲ့ တိုက်ပြီးမှ အိမ်က ထွက်လာတာမျိုးတွေ မလုပ်ရပါဘူး။ ခရီးသည်တစ်ဦးအနေနဲ့ အနည်းဆုံး လေယာဥ်ထွက်မယ့်အချိန်ထက် ၂ နာရီခွဲလောက် စောပြီးထွက်ရမှာပဲဖြစ်ပါတယ်။ Check-In ကောင်တာတွေက တစ်ခုနဲ့တစ်ခု ပိတ်တဲ့အချိန်က မတူပါဘူး။ ဒါ့ကြောင့် ကိုယ် စီးမယ့် လေယာဥ်ရဲ့ လေကြောင်းလိုင်းနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာထားသင့်ပါတယ်။ ကြန့်ကြာမှုကို တားဆီးဖို့ရန်အတွက် ခရီးသည်တွေအနေနဲ့ အခုဖော်ပြပေးမယ့်အချက်များကို အဆင်သင့်ပြင်ထားရင်တော့ အကောင်းဆုံးပါပဲ။
- မိမိရဲ့ ခရီးဆောင်အိတ်များကို လေကြောင်းလိုင်းက ချမှတ်ထားတဲ့ ဂိုက်လိုင်းများအတိုင်း ထုပ်ပိုးသွားရန်
- ခရီးသွားဖို့ရန်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းများအားလုံးကို ပြင်ဆင်ထားပါ (နိုတြီပြန်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းများအားလုံးကိုလည်း နိုတြီပြန်ထားရပါမယ်)
- လေဆိပ်ထဲ ရောက်ပြီဆိုတာနဲ့ Check-In မလုပ်ရသေးခင်မှာ Security Screening အရင်လုပ်ထားလိုက်ပါ။
- Check-In ကောင်တာကိုသွားပြီး Check-In လုပ်ပါ
- Boarding Pass ကို စစ်ဆေးပြီး Immigration ကတ်များကို ဖြည့်စွက်ထားပါ
လုံခြုံရေးပိုင်းနဲ့ ပတ်သက်လာရင်
ကွီးတို့ Check-In လုပ်ပြီးပြီဆိုတာနဲ့ ကွီးတို့ ခရီးဆောင်အိတ်တွေကို စစ်ဆေးခံဖို့ အလှည့်ကျလာပြန်ပါပြီ။ ပြည်ပထွက်ခွာ ခရီးသည်များအနေနဲ့ Immigration ပြီးသွားတဲ့အချိန်နဲ့ Transit Area ထဲ မဝင်ခင် စပ်ကြားမှာ Security Screening အဆင့်ကို ဖြတ်သန်းရမှာပဲဖြစ်ပါတယ်။ လုံခြုံရေးက ဦးစားပေးဖြစ်တာကြောင့် ခရီးသည်များအနေနဲ့ လုံခြုံရေးကို ဖီသွယ်နေတဲ့ ပစ္စည်းများကို သယ်ဆောင်သွားလို့ မရပါဘူး။ တားမြစ်ထားတဲ့ ပစ္စည်းများကတော့ …
- ပေါက်ကွဲစေနိုင်သော ပစ္စည်းများ (ဥပမာ – မီးရှူးမီးပန်းများ)
- ဂတ်စ်နှင့် ပတ်သက်သော ပစ္စည်းများ (ဥပမာ – အိမ်သုံးဂတ်စ်အမျိုးမျိုး၊ မျက်ရည်ယိုဗုံး၊ ငရုတ်ကောင်းစပရေး အစရှိသည်များ)
- မီးလောင်လွယ်သော ပစ္စည်းများ
- အဆိပ် (ဥပမာ – ပိုးသတ်ဆေးများ)
- ဆွေးမြေ့ ပျက်စီးစေနိုင်သော ပစ္စည်းများ (ဥပမာ – မာကျူရီ၊ ဗို့ဒ်အားပြင်း ဘက္ထရီများ)
- အခြား အန္တရာယ်ရှိသော ပစ္စည်းများ
လက်ဆွဲအိတ် ယူသွားတဲ့အခါ
ခရီးသည်များအနေနဲ့ လက်ဆွဲအိတ် ယူဆောင်သွားတဲ့အခါမှာလည်း အခုဖော်ပြပေးမယ့် ပစ္စည်းများကို ယူဆောင်သွားလို့မရပါဘူး။
ချွန်ထက်သော ပစ္စည်းများ၊ လက်နက်များ၊ အားကစား အသုံးအဆောင်ပစ္စည်းများ (ဥပမာ – ဘေ့စ်ဘောတုတ်တံ၊ ဂေါ့ဖ်ရိုက်တံ)၊ အရည်အမျိုးမျိုး၊ စပရေး အမျိုးမျိုးနှင့် ဂတ်စ်များကို ယူဆောင်သွားလို့ မရပါဘူး။
LAGs (Liquids, Aerosols and Gels) ထဲတွင် ဘယ်လိုပစ္စည်းတွေ ပါဝင်သလဲဆိုတော့…
ရေနှင့် အချိုရည်များ
ယိုစုံ၊ ဟင်းရည်၊ စတူး၊ ဟင်းအနှစ်များ
သံဘူးထဲ ထည့်ထားတဲ့ အသင့်စား အစားအစာများ
အလှပြင်ပစ္စည်းတွေ ဖြစ်တဲ့ ခရင်မ်၊ လိုးရှင်း၊ အဆီ၊ မာစကာရာ၊ Lip Gloss ၊ Lip Balm ၊ ရေမွှေးနှင့် စပရေးများ
မုတ်ဆိတ်မွှေး ရိတ်သော ခရင်မ်များ၊ ချိုင်းဖြန်း စပရေးများ၊ ခေါင်းလိမ်းဂျယ်လ်၊ သွားတိုက်ဆေး
မျက်ကပ်မှန်ဆေးရည် အစရှိသည်တို့ပဲဖြစ်ပါတယ်
ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း လေဆိပ် မှာ ကွိုင် မတက်ဖို့ ဘယ်လိုပြင်ဆင်သွားရမလဲဆိုတာ သိသွားလောက်ပြီပေါ့။
လေဆိပ်နဲ့ ပတ်သက်တဲ့ ဘယ်လိုအမှတ်တရလေးတွေရော ကွီးတို့ဆီမှာ ရှိပါသလဲ။
Source: Yangonairport
Featured Image: Visaplace