ပြည်ပခရီးသွားရင်ပဲဖြစ်ဖြစ်၊ ပြည်တွင်းခရီးကို အချိန်ကုန်သက်သာဖို့ရန်အတွက် လေယာဉ်နဲ့ ခရီးသွားရင်ပဲဖြစ်ဖြစ် သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်အချက်များရှိပါတယ်။ လေဆိပ် ရှိ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရတဲ့အခါ အခုဖော်ပြပေးမယ့် အလွဲ များကို သတိထားမယ်ဆိုရင်တော့ စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ ခရီးသွားနိုင်မှာပဲ ဖြစ်ပါတယ်။

မပြင်မဆင်ထားဘဲနဲ့ လေဆိပ်သို့ ရောက်ရှိသွားခြင်း

လေဆိပ် အလွဲ

လိုအပ်တဲ့ အချက်အလက်များ စာရွက်စာတမ်းများ မပြည့်မစုံနှင့် လေဆိပ်သို့ ရောက်သွားတဲ့အခါ သင်သည်လည်း ထို လေဆိပ် ထဲမှာပဲ သောင်တင်နေတတ်ပြီး ရှောင်ကြဉ်သင့်တဲ့ အဓိက အလွဲ တစ်ခုပဲဖြစ်ပါတယ်။ ကိုဗစ် ရောဂါမရှိကြောင်း ပြသသော ဆေးစစ်ချက်များ၊ အခြားသော ထောက်ခံစာများကိုလည်း စုံစုံလင်လင် ထည့်သွားဖို့လိုအပ်ပါတယ်။ အချို့နိုင်ငံများဆိုလျှင် ပတ်စ်ပို့ သက်တမ်း အနည်းဆုံး ၆ လ ခန့် ရှိထားမှသာလျှင် ခရီးသွားနိုင်တာဖြစ်ပါတယ်။ ထိုကဲ့သို့သော အသေးစိတ်အချက်များကအစ သေသေချာချာ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

အချိန်ကပ်ပြီး ကောက်ကာငင်ကာ သွားခြင်း

လေဆိပ် အလွဲ

Photo: Appreciationatwork

အလုပ်များလွန်းလို့ လေယာဉ်ချိန်နီးမှ ကောက်ကာငင်ကာ ထသွားတတ်တဲ့အကျင့်ကိုလည်း ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ ကားလမ်းပိတ်ချိန်တွေ ဘာတွေကိုလည်း ထည့်တွက်ရမှာဖြစ်တာကြောင့် မိမိလေယာဉ် ထွက်မယ့်အချိန်ထက် အနည်းဆုံး ၂ နာရီခန့် စောရောက်နေဖို့လိုအပ်ပါတယ်။

ခရီးဆောင်အိတ်ကို စနစ်တကျ မထုတ်ပိုးခြင်း

လေဆိပ် အလွဲ

Photo: Dailymail

လေဆိပ် ရှိ စစ်ဆေးရေးဂိတ်မှာ သင့်ရဲ့ Boarding Pass ၊ ID နဲ့ Passport တို့ကို ပြသရမှာဖြစ်ပြီး ထိုအရာများကို ခရီးဆောင်အိတ်ရဲ့ ဟိုးအတွင်းထဲထိ ထည့်ထားခြင်းသည်လည်း မှားယွင်းတဲ့ အလွဲ တစ်ခုပဖြြစ်ပါတယ်။

ထိုကဲ့သို့ ပြသရမယ့် စာရွက်စာတမ်းများကို အိတ်ငယ်လေးတစ်လုံးထဲ ထည့်ထားပြီး သင့်အနေနဲ့ အလွယ်တကူ အဖွင့်အပိတ် လုပ်နိုင်မယ့် လုံခြုံတဲ့နေရာတွင် ထားထားဖို့ လိုအပ်ပါတယ်။

သက်သောင့်သက်သာရှိသော အဝတ်အစားများကို ဝတ်ဆင်ဖို့ မေ့လျော့နေခြင်း

AIRPORT FASHION

Photo: Menstylefashion

လေယာဉ်က အချိန်ခဏလေး စီးရတာလည်း ရှိသလို အချိန်အကြာကြီး စီးရတာမျိုးလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ လေယာဉ်ပေါ်မှာ လိုက်ပါစီးနင်းတဲ့အခါ သက်သောင့်သက်သာဖြစ်စေဖို့အတွက် ကြပ်ထုပ်လွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။ သက်သောင့်သက်သာရှိပြီး ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားများ ဝတ်ဆင်ကာ လေယာဉ် လိုက်ပါစီးနင်းသင့်ပါတယ်။

တားမြစ်ထားသော ပစ္စည်းများကို ယူဆောင်သွားခြင်း

man at airport security

Photo: Extra

သင့်ရဲ့ လက်ထဲမှာ ကိုင်ဆောင်မယ့် အိတ်ပဲဖြစ်ဖြစ်၊ အဝတ်အစားတွေ ထည့်ထားတဲ့ ခရီးဆောင်အိတ်ပဲဖြစ်ဖြစ် တားမြစ်ထားတဲ့ ပစ္စည်းတွေ (လုံးဝ) ယူဆောင်သွားလို့မရပါဘူး။ ခရီးဆောင်အိတ် မထုပ်ပိုးခင်ကတည်းက ဘယ်ပစ္စည်းတွေကိုတော့ ယူဆောင်သွားလို့ရတယ်။ ယူဆောင်သွားလို့မရဘူးဆိုတာကို သိထားသင့်ပါတယ်။

ကွီး တို့အနေနဲ့ လေဆိပ် ရှိ စစ်ဆေးရေးဂိတ်ကို လွယ်လွယ်ကူကူဖြတ်သန်းပြီး စိတ်အနှောင့်အယှက် ကင်းကင်းနဲ့ လေယာဉ် စီးနင်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အလွဲ များကို ရှောင်ကြဉ်သင့်ပါတယ်။

Source: Travelandleisure

Featured Image: Traveldailymedia