လေ့ကျင့်ခန်းလုပ်ခြင်းက ကျွန်တော်တို့ အပါအဝင် လူသားများအလုံးအတွက် ကျန်းမာရေး သုခကို ပြည့်စုံစေပြီး နေ့စဉ် ဘဝအတွက် ကောင်းမွန်သော ခွန်အားများကိုလည်း ဖြစ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ပိုင်းစိတ်ရာ ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုတယ်ဆိုတာ ကွီးတို့သိပြီးသား ဖြစ်ပါမှာပါ။ ဒါ့အပြင် လေ့ကျင့်ခန်း လုပ်ခြင်းက စိတ်ဖိစီးမှု ကို သက်သာလျော့ပါးစေတဲ့ တိုက်ရိုက် အကျိုးကျေးဇူးတွေ ရှိပါတယ်။

စိတ်ဖိစီးမှု

လေ့ကျင့်ခန်း စိတ်ဖိစီးမှု

Photo : Exercise Right

ကျွန်တော်တို့ ကျင်လည်ရာ လူ့ဘဝမှာ လုပ်ငန်းခွင် ၊ လူမှုရေး ၊ ကျန်းမာရေးနဲ့ အခြားသော ကိစ္စတွေကနေ စိတ်ဖိစီးမှုတွေ ရနေပါတယ်။ အသက်ရှင်နေသရွေ့ စိတ်ဖိစီးမှုကို ရှောင်ရှားလို့ မရပါဘူး။ ဒါပေမဲ့ လျော့ပါးသက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ စိတ်ဖိစီးမှုကို သက်သာလျော့ပါးစေတဲ့ နည်းလမ်းတွေထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်းလည်း အပါအဝင် ဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းက Endorphin ကို ထုတ်လွှတ်ပေးပါတယ်

လေ့ကျင့်ခန်း စိတ်ဖိစီးမှု

Photo : Tubefilters.com

လမ်းလျှောက်ခြင်း ၊ ပြေးခြင်းနဲ့ အခြားသော အလယ်အလတ်လေ့ကျင့်ခန်းများက စိတ်ဓာတ်ကျခြင်းကို ဆန့်ကျင်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့မျိုးရိုးဗီဇကို လှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း တစ်နည်းအားဖြင့် ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါ ပျော်ရွှင်စေပြီး ခံစားချက်ကောင်းမွန်စေတဲ့ Endorphin ကို ထုတ်လွှတ်ပေးပါတယ်။ အေရိုးဗစ် လေ့ကျင့်ခန်းများကလည်း ထိုခံစားချက်ကို အထာက်အကူ ဖြစ်စေပါတယ်။ ထို့အပြင် ပြေးခြင်းအလေ့အထက ဦးနှောက်တွင်ရှိသော Serotonin နဲ့ Norepinephrine တို့ကို တိုးမြင့်စေကြောင်း ပြသသည့် သိပ္ပံနည်းကျ အထောက်အထားများလည်း ရှိပါတယ်။ ၎င်းတို့က စိတ်ခံစားချက်အပေါ် အကျိုးပြုသော လွှမ်းမိုးမှုရှိပြီး မရှိမဖြစ်လိုအပ်တဲ့ အာရုံကြောဓာတ်များ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း နှင့် စိတ်ဖိစီးမှု

EXERCISE

Photo : DA MAN Magazine

စိတ်ဖိစီးမှု ခံစားနေရချိန်မှာ ကွီးတို့ခန္ဓာကိုယ်က ဘယ်လိုခံစားရလဲ သတိထားမိပါသလား။ ကြွက်သားများ အထူးသဖြင့် မျက်နှာ၊ လည်ပင်းနှင့် ပခုံးများတွင် တင်းမာနေနိုင်ပြီး နောက်ကျော နှင့် လည်ပင်းနာခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှုကြောင့် ကွီးတို့ရဲ့ ရင်ဘတ်ထဲမှာ တင်းကျပ်ခြင်း ၊ သွေးခုန်နှုန်းများခြင်း သို့မဟုတ် ကြွက်သားများ ကြွက်တက်ခြင်းတိုကို ခံစားရနိုင်တဲ့အပြင် အိပ်မပျော်ခြင်း ၊ ရင်ပူခြင်း ၊ ဗိုက်နာခြင်း ၊ ဝမ်းလျှောခြင်း ၊ သို့မဟုတ် မကြာခဏ ဆီးသွားခြင်းစသည့် ပြဿနာများကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဤရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ အားလုံး၏ စိုးရိမ်ပူပန်မှုနှင့် မသက်မသာမှုများသည် စိတ်နှင့် ခန္ဓာကိုယ်ကြားတွင် ဆိုးရွားသော သံသရာကို ဖန်တီးပေးကာ ပို၍ပင် ဖိစီးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

EXERCISE

Photo : Eat This, Not That

နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ဒီ စိတ်ဖိစီးမှု သံသရာကိုဖြတ်ဖို ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ လေကျင့်ခန်းလုပ်ခြင်းကြောင့် အပေါ်မှာ ဖော်ပြခဲ့သည့်အတိုင်း ဦးနှောက်အတွင်းရှိ Endorphin များကို ထုတ်လွှတ်သည့်အပြင် ကိုယ်လက်လှုပ်ရှားမှုက ကြွက်သားများကို ပြေလျော့စေပြီး ခန္ဓာကိုယ်တွင်း တင်းမာမှုများကို သက်သာ စေပါတယ်။ ယနေ့ခေတ်လို စိတ်ဖိစီးမှုတွေ ဘက်ပေါင်းစုံက ရနေချိန်မှာ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကွီးတို့ရဲ့ ကိုယ် ၊ စိတ် ကျန်းမာရေး နှစ်ခုလုံးကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းက ကောင်းစွာအိပ်ပျော်စေခြင်းဖြင့်လည်း စိတ်ရောကိုယ်ပါ လန်းဆန်းတတ်ကြွ စေပါတယ်။ ဒီအချက်ကလည်း စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေတဲ့ အချက်ပါပဲ။ စိတ်ဖိစီးမှု လျော့ပါးသက်သာခြင်းက စိတ်ကျရောဂါ ခံစားရခြင်း ကဲ့သို့သော အခြေအနေများကိုလည်း ရှောင်ရှားပြီးသား ဖြစ်စေပါတယ်။ ဒါကြောင့် ကွီးတို့ စိတ်ရော၊ ကိုယ်ပါကျန်းမာလန်းဆန်းစေဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source : HelpGuide, MAYO CLINIC

Featured Photo : Ask Man