လှုပ်ရှားမှု နည်းတဲ့ ဘဝသည် ကွီးတို့ရဲ့ ဘဝကို အသက်ရှည် ကျန်းမာစေဖို့ ကူညီပေးမှာမဟုတ်ဘဲ ဆန့်ကျင်ဘက်အနေနဲ့ ရောဂါဘယတွေ ထူပြောလာအောင် လှုံ့ဆော်နေမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့သည် ကလေးဘဝတုန်းက ကလေးသဘာဝအလျောက် ပြေးလွှား ဆော့ကစားနေတာကြောင့် တော်ရုံရောဂါတွေကို မခံစားရပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်း အသက်အရွယ်ရလာတော့ စာကြည့်စားပွဲ၊ အလုပ်စားပွဲမှာပဲ အချိန်ကုန်ဆုံးနေရတော့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာပါတော့တယ်။

ဒီလို လှုပ်ရှားမှု နည်းတဲ့ ဘဝသည် ကွီးတို့ရဲ့ ဘဝကို အသက်ရှည် ရှည် မနေရအောင် တွန်းပို့နေပြီး အခုဖော်ပြပေးမယ့် ဆိုးကျိုးတွေကိုလည်း ခံစားရစေနိုင်ပါတယ်။

အဝလွန်ရောဂါ

လှုပ်ရှားမှု အသက်ရှည်

ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အတွက်ကြောင့် ကွီးတို့ခန္ဓာကိုယ်မှာ အဆီပိုတွေ စုပြီး တဖြည်းဖြည်းနဲ့ ဝိတ်တက်လာပါတော့မယ်။ ဒီလိုကနေ တစ်ရက်ပြီးတစ်ရက် အဆီတွေ ပိုပိုများလာပြီး အဝလွန်ရောဂါ ခံစားရလာတော့မှာပဲ ဖြစ်ပါတယ်။

နှလုံးရောဂါ

လှုပ်ရှားမှု အသက်ရှည်

နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ အစရှိတဲ့ နောက်ဆက်တွဲ ရောဂါများကို ခံစားရခြင်းသည် ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အထိုင်များတဲ့ လူနေမှု ဘဝကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဟိုနားက နာသလို၊ ဒီနားက ကိုက်ခဲသလိုလိုနဲ့ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း ဝေဒနာကိုလည်း ခံစားရမှာပဲဖြစ်ပါတယ်။

စိတ်ကျရောဂါ

လှုပ်ရှားမှု အသက်ရှည်

အလုပ်ကပဲဖြစ်ဖြစ်၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက်ကြောင့် စိတ်ဖိစီးမှုများ ခံစားနေရပါက စိတ်ကျရောဂါကို ခံစားရဖို့ နီးစပ်နေပြီပဲဖြစ်ပါတယ်။ အားကစားများ ပြုလုပ်ခြင်းသည် စိတ်ဖိစီးမှုများကို ယူပစ်သလို သက်သာပျောက်ကင်းသွားစေပါတယ်။ ဒါ့ကြောင့် ကွီးတို့သည် အလုပ်စားပွဲမှာပဲ တနေကုန် ထိုင်မနေဘဲ လှုပ်လှုပ်ရှားရှား နေထိုင်ပြုမူရမှာပဲဖြစ်ပါတယ်။

အိမ်မှာပဲ Work From Home အလုပ်လုပ်ရတယ်ဆို ကိုယ်လက်လှုပ်ရှားမှုရှိအောင် ဘယ်လို လုပ်ဆောင်ရမလဲ။

Work From Home

ဒီအချက်က လွယ်လွယ်လေးပါပဲ။ သိပ်မလေးလံတဲ့ ပစ္စည်းလေးတွေ မမယ်၊ လမ်းထိပ် ထွက်ပြီး ဝယ်ခြမ်းစရာရှိတာတွေ ဝယ်စားမယ်၊ YouTube က အားကစားဗွီဒီယိုတွေ ကြည့်ရင်း အားကစားလိုက်လုပ်မယ်၊ အိမ်မှာ ခွေးလေးတွေရှိရင် လမ်းထွက်လျောက်ပေးမယ်။ အိမ်သန့်ရှင်းရေးတွေ ပြုလုပ်မယ် အစရှိတဲ့ နည်းလမ်းများဖြင့် ကိုယ်လက်လှုပ်ရှားမှုရှိအောင် ပြုမူရမှာပဲဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာဆိုရင်ရော ကိုယ်လက်လှုပ်ရှားမှုရှိအောင် ဘယ်လိုလုပ်ရမလဲ

လုပ်ငန်းခွင်

ကွန်ပျူတာ ရှေ့မှာပဲ တနေကုန် ထိုင်နေမယ့်အစား ၁ နာရီပြည့်တိုင်းမှာ ထိုင်ခုံက ထပြီး ဟိုနား ဒီနား လျောက်ပေးပါ။ ဖုန်းပြောရင် ထလျက်သားဖြင့် ဖုန်းပြောနေပါ။ ဓာတ်လှေကား အသုံးပြုမယ့်အစား ရိုးရိုးလှေကား အသုံးပြုကာ အပေါ်တက် အောက်ဆင်း ပြုလုပ်ပေးလိုက်ပါ။ ဒီလိုနည်းလမ်းတွေ အသုံးပြုမယ်ဆိုရင်တော့ လှုပ်ရှားမှု ရှိတဲ့အတွက်ကြောင့် ကွီးတို့ရဲ့ ဘဝကလည်း ကျန်းမာ လှပလာမှာပဲဖြစ်ပါတယ်။​

ကွီးတို့ရော အခုချိန်ထိ ကိုယ်လက် လှုပ်ရှားမှု နည်းနေတုန်းလား၊ အသက်ရှည် ကျန်းမာဖို့အတွက် အားမထုတ်ချင်ဘူးလား။

Source: Medlineplus

Featured Image: Freepik