ကွီးအနေနဲ့ ဝိတ်ကျဖို့ လုပ်နေတယ်ဆိုရင် သောက်နေတဲ့ အရက်ထဲမှာ ပါဝင်နေတဲ့ ကယ်လိုရီ ပမာဏကို လျော့ချခြင်းဟာ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ တကယ်တော့ အရက်ထဲမှာ ကယ်လိုရီ စွမ်းအင်နဲ့ သကြား ပါဝင်ပါတယ်။ ကယ်လိုရီနဲ့ သကြားဟာ ဝိတ်တက်စေပါတယ်။ အရက်သောက်တာ ကြာလာတာနဲ့အမျှ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း အရက်ကို သင့်တင့်မျှတစွာ သောက်မယ်၊ မျှတတဲ့အစာနဲ့လည်းစားမယ်၊ သောက်တဲ့အရက်ကလည်း ကယ်လိုရီပါဝင်မှုနည်းမယ်ဆိုရင် ကွီးရဲ့ ဝိတ်ချတဲ့ အစီအစဉ်ကို မထိခိုက်ပါဘူး။ ဒါကြောင့် ဝိတ်တက်မှာ ကြောက်တဲ့ ကွီးတို့အတွက် ကယ်လိုရီအနိမ့်ဆုံးဖြစ်တဲ့ Alcoholic Drinks များကို ဖော်ပြပေးချင်ပါတယ်။ ကဲ ကယ်လိုရီတန်ဖိုးနည်းတဲ့ အရက်တွေကို လေ့လာကြည့်ရအောင်။
(၁) Vodka soda

Photo : Cutwater Spirits
ဝိတ်တက်မှာ ကြောက်တဲ့ ကွီးတို့အတွက် ကယ်လိုရီနည်းတဲ့ Alcoholic Drinks တွေထဲက တစ်ခုကတော့ ဗော့ကာနဲ့ ကလပ်ဆိုဒါအရော ဖြစ်ပါတယ်။ ကလပ်ဆိုဒါမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ သတ္တုဓါတ်ပါဝင်ပါတယ်။ ဗော့ကာနဲ့ ကလပ်ဆိုဒါ အရော ပမာဏ (၇.၅) အောင်စမှာ ကယ်လိုရီ ပမာဏ (၁၃၃) ဘဲပါဝင်အတွက် ပမာဏနည်းပါတယ်။ ကွီးတို့အနေနဲ့ အရသာကောင်းချင်ရင် သခွား သို့မဟုတ် ပူရှိန်း သို့မဟုတ် ရှောက်သံပုရာရည် ရောနိုင်ပါတယ်။ Club Soda အစား Sparkling Water ကိုလည်း ရောစပ်နိုင်ပါတယ်။
(၂) White Wine

Photo : BevAlc Insights
တကယ်လို့ ကွီးတို့အနေနဲ့ ကယ်လိုရီ ပမာဏလျော့ချချင်တယ်ဆိုရင် အရက် ပမာဏ ( ၅) အောင်စမှာ ကယ်လိုရီ ပမဏ (၁၂၃) ဘဲပါတဲ့ White Wine ကို ရွေးချယ်လိုက်ပါ။ Chardonnay, Sauvignon Blanc စတဲ့ White Wine တွေကို သောက်နိုင်ပါတယ်။ အကယ်၍ ကွီး အနေနဲ့ Spritzer အဖြစ်သောက်ချင်ရင် White Wine , Fresh Fruit, Club Soda (၃) မျိုးရောစပ် သောက်နိုင်ပါတယ်။
(၃) Hard Seltzer

Photo : Gear Patrol
ကြံရည်မှ အချဉ်ဖောက်နည်းဖြင့် ရရှိသော အယ်လ်ကိုဟော နဲ့ Carbonated Water တို့ ရောစပ်ထားသော သောက်စရာ အရည်မျိုးဖြစ်ပါတယ်။ သစ်သီးအရသာ ခံစားရပြီး ကယ်လိုရီ နည်းပါတယ်။ သရက်သီးဖျော်ရည်နဲ့ ပြုလုပ်ထားတဲ့ Hard Seltzer ပမာဏ (၁၂) အောင်စမှာ ( ၉၉) ကယ်လိုရီသာ ပါဝင်ပါတယ်။
(၄) Tequila with Lime

Photo : Olmeca Altos
Tequila ဟာ Blue Agave Plant မှ ထုတ်လုပ်ထားသော အရက်ဖြစ်ပါတယ်။ ကွီး ကိုယ်တိုင် သံပုရာသီးစိပ်တွေနဲ့ Tequila ကို ရောစပ် သောက်နိုင်ပါတယ်။ Tequila ကို သူ့ချည်း မသောက်ဘဲ Club Soda, Coconut Water တို့နဲ့ ရောစပ်သောက်ခြင်းသာ ကယ်လိုရီ နည်းတဲ့ ကော့လ်တေး ဖြစ်ပါတယ်။ ဝိတ်တက်မှာ ကြောက်တဲ့ ကွီးတို့အတွက် ကယ်လိုရီ အနိမ့်ဆုံးဖြစ်တဲ့ Alcoholic Drinks တွေထဲက တစ်ခုအပါအဝင် လည်းဖြစ်ပါတယ်။
(၅) Lighter Beer

Photo : JC Throught The Lens
တွေ့နေကျ ပုံမှန်ဘီယာထက်စာရင် အပျော့စားဘီယာတွေဟာ အယ်လ်ကိုဟော ပါဝင်နှုန်း နည်းသလို ကယ်လိုရီလည်း နည်းပါတယ်။ ကွီး ကြိုက်နှစ်သက်တဲ့ အပျော့စားဘီယာကို ရွေးချယ်နိုင်ပေမဲ့ ဝိတ်ကျဖို့တော့ သတိထားရပါမယ်။ Low Calories Lager Beer တွေကို ရွေးသင့်ပါတယ်။ ဥပမာ ပြော ရရင် ဘီယာ ပမာဏ (၁၂) အောင်စမှာ ကယ်လိုရီ (၅၅ – ၁၀၀) အတွင်းသာ ပါဝင်ထဲ့ Budweiser Select, Molson Ultra တွေ ဟာ အယ်လ်ကိုဟော ပါဝင်နှုန်းရော ကယ်လိုရီ ပါဝင်နှုန်းပါ နည်းပါတယ်။
(၆) Dry Martini

Photo : myfoodbook
ဂျင်အရက်နဲ့ ဝိုင်ဖြူ သို့မဟုတ် ဝိုင်နီ ကိုရောစပ်ပြီး သံပုရာသီးစိပ် သို့မဟုတ် သံလွင်သီး ထည့်ထားတဲ့ ကော့လ်တေးကို သောက်နိုင်ပါတယ်။ ကယ်လိုရီ (၁၈၅) ဘဲပါဝင်တဲ့ ဂျင် (၂.၅) အောင်စ နဲ့ ဝိုင် (၀.၅) အောင်စ အရော Dry Martini ကို ကွီးတို့ ကိုယ်တိုင်ရောစပ် သောက်နိုင်ပါတယ်။
ဝိတ်တက်မှာ ကြောက်တဲ့ ကွီးတို့အတွက် ကယ်လိုရီ အနိမ့်ဆုံးဖြစ်တဲ့ Alcoholic Drinks တွေထဲက တစ်ချို့ကို ရှာဖွေ တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။
အရက်သောက်ခြင်းဟာ လူအများအတွက် လူမှုရေးအရရော ယဉ်ကျေးမှုအရပါ လိုအပ်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ အရက်သောက်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းတဲ့ အချက်တွေရှိသလို ဆိုးတဲ့အချက်တွေကိုလည်း ဖြစ်စေပါတယ်။ ခန္ဓာကိုယ်အလေးချိန် လျော့ချဖို့ လုပ်နေသူ ကွီးတို့အတွက်တော့ အရေးကြီးတယ်ဆိုတာ သိထားရပါမယ်။
လေ့လာတွေ့ရှိချက်တွေအရ အယ်လ်ကိုဟောဟာ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး သက်ရောက်မှု ဘာတွေရှိသလဲ။ အယ်လ်ကိုဟော တစ်ချို့မှာ အာဟာရ ပမာဏ နည်းနည်းဘဲ ပါဝင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ လောင်ကျွမ်းမှုဖြစ်စေပြီး စွမ်းအင် ရရှိစေပါတယ်။ အယ်လ်ကိုဟောကို အလွန်အကျွံသောက်ခြင်းဟာ အသည်းမှာ အရက်ကြောင့် ဖြစ်လာတဲ့ အဆီကို စုစေပါတယ်။ ဝမ်းဗိုက် အဆီကို စုစေပါတယ်။ အစား ပိုစားဖြစ်ဖို့ လှုံ့ဆော်စေပါတယ်။ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေကို တိုးစေတဲ့အတွက် ကြွက်သားဆဲလ်တွေကိုပို အလုပ်လုပ်စေပါတယ်။ ဒီအချက်တွေက ဝိတ်ထိန်းသူအတွက် သိထားသင့်တဲ့ အချက်တွေပါ။ ဒါမှသာ ကွီးတို့အနေနဲ့ ရွေးချယ်သင့်တဲ့ ကယ်လိုရီအနိမ့်ဆုံးဖြစ်တဲ့ Alcoholic Drinks အမျိုးအစား၊ သောက်သုံးသင့်တဲ့ ပမာဏကို အစီအစဉ်ချနိုင်မှာ ဖြစ်ပါကြောင်း အသိပေးလိုက်ပါရစေ။
Source : Healthline
Featured Photo : Sports
