နွေရာသီမှာ ရွှေရင်အေး တစ်ခွက်က အမောပြေစေနိုင်ပေမယ့် ရင်ထဲက သောက အပူမီးတွေကို ငြိမ်းပေးဖို့အတွက်ကျတော့ ဝီစကီ ကော့တေး ကသာ ကွီးတို့အတွက် အသင့်တော်ဆုံးပါပဲ။ ဝီစကီ ကော့တေး လေးကို ဆိုင်မှာပဲ သွားသောက်မလား၊ ဒါမှမဟုတ် ကွီး တို့ ကိုယ်တိုင် အိမ်မှာပဲ ဖျော်သောက်ချင်ပါသလား။

ဆိုင်မှာ သွားသောက်ချင်သူတွေအတွက် ဆိုင်ကောင်းကောင်းလေးတွေလည်း အများအပြားရှိသလို ကိုယ့်အိမ်မှာပဲ ကိုယ်တိုင် ကိုယ်ကျ ဖျော်သောက်ချင်တဲ့ ကွီးတို့အတွက်လည်း လွယ်ကူ မြန်ဆန် ရိုးရှင်းတဲ့ ဖျော်စပ်နည်းလေးတစ်ခု ရှိပါသေးတယ်။

ကွီးတို့လည်း စိတ်ပြေလက်ပျောက်ဖြစ်သွားအောင်လို့ တစ်ခါလောက် စမ်းဖျော်ကြည့်သင့်ပါတယ်။

ပါဝင်ပစ္စည်းများ

ဝီစကီ ကော့တေး ကွီး

  • Bourbon ဝီစကီ (သို့) Rye ဝီစကီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • လိမ္မော်ရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • Grenadine ၁ စက်ခန့်
  • အလှဆင်ဖို့ရန်အတွက် ချယ်ရီသီးအနည်းငယ်
  • အလှဆင်ဖို့ရန်အတွက် လိမ္မော်သီးစိပ် တစ်စိပ်ခန့်

အစရှိတဲ့ ပါဝင်ပစ္စည်းများ လိုအပ်ပါလိမ့်မယ်။

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်ပါ။

ဝီစကီ ကော့တေး ကွီး

၂။ Cocktail Shaker ထဲတွင် Bourbon ဝီစကီ (သို့) Rye ဝီစကီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ လိမ္မော်ရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲနှင့် Grenadine ၁ စက်ခန့် တို့ထည့်ပါ။

ဝီစကီ ကော့တေး ကွီး

၃။ ထို့နောက် ရေခဲတုံးထည့်ပါ။ ပြီးရင်တော့ Cocktail Shaker ရဲ့ အဖုံးပိတ်ကာ ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

wardeight cocktail

၄။ စက္ကန့် ၃၀ လောက် လှုပ်ခါပေးပြီးတဲ့နောက်မှာတော့ မိမိကြိုက်နှစ်သက်ရာ ဖန်ခွက်တစ်ခွက်ထဲသို့ ရေခဲတုံးများနှင့်အတူတူ လောင်းထည့်လိုက်ပါ။

wardeight cocktail

၅။ နောက်တဆင့်အနေနဲ့ ချယ်ရီသီးများနှင့် လိမ္မော်သီးစိပ်ကို တုတ်တံတစ်ချောင်းတည်းဖြင့် ထိုးထားပြီးနောက် ဖန်ခွက်အပေါ်တွင် တင်ထားပေးလိုက်ပါ။

အားလုံးပြီးသွားပြီဆိုရင်တော့ ယစ်မူးသွားစေမယ့် ဝီစကီ ကော့တေး တစ်ခွက်က ကွီး တို့ကို စောင့်ကြိုနေပါပြီ။

Source: Thespruceeats

Featured Image: Thespruceeats