ကွီးတို့ရေ ဒီနေ့တော့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဝီစကီ Whiskey Brands တွေအကြောင်း တင်ပြပါရစေ။ ဝီစကီ Whiskey ဆိုတာက ကောက်နှံတွေကို အချဉ်ဖောက်တဲ့နည်းစဉ်ကို အသုံးပြုပြီး ပေါင်းခံထုတ်လုပ်ထားတဲ့ အရက်မျိုး ဖြစ်ပါတယ်။ ထုတ်လုပ်ပြီးတဲ့နောက် ဝက်သစ်ချစည်ကြီးတွေထဲမှာ ထည့်သွင်းပြီး ပုလင်းမသွင်းခင် နှစ်ပေါင်းများစွာ သိုလှောင်ထားကြပါတယ်။
ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက စျေးကြီးတဲ့ ဝီစကီ Whiskey ပုလင်းအများစုဟာ သူတို့ရဲ့ သက်တမ်း၊ အရည်အသွေး ဒါမှမဟုတ် အရသာ ကြောင့်မဟုတ်ဘဲ သိုလှောင်ထားတဲ့ စည်တွေကြောင့် ဈေးကြီးတာ ဖြစ်ပါတယ်။ သိုလှောင်ချိန်ကြာလာတာနဲ့အမျှ အငွေ့ပျံတာနဲ့ အရသာပိုကောင်းတာ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် လှောင်ချိန်ကြာလာလေ အငွ့ပျံနှုန်း ‘Devil’s Cut’ များလေ ရှားပါးလေ ဖြစ်ပြီး ဈေးကြီးလေ ဖြစ်လာပါတယ်။
(၁) Dalmore 62 Single Highland Malt Scotch (Matheson 1942)
Photo : Money Inc
Mr Alexander Matheson တည်ထောင်ထားတဲ့ Dalmore ဝီစကီ Whiskey ထုတ်လုပ်ရေးမှ Mr. Alexander Matheson ကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၄၂ ခုနှစ်မှာ ထုတ်လုပ်ထားတဲ့ အနီရင့် ဝီစကီ Whiskey ဖြစ်ပါတယ်။ စုစုပေါင်း (၁၂) ပုလင်းသာ ထုတ်လုပ်ထားပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၅၈,၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။
(၂) Glenfiddich 1937
Photo : Pt shows
စပျစ်သီး အပါအဝင် နည်းစဉ်များနဲ့ ထုတ်လုပ်ထားသော ကြေးညိုရောင် ဝီစကီ Whiskey ဖြစ်ပါတယ်။ စည်တွင်းသိုလှောင်ကာလ နှစ်ပေါင်း (၈၀) အတွင်း ပုလင်း (၆၀) ခန့်သာ ကျန်သောကြောင့် လေလံပွဲများတွင်သာ တွေ့နိုင်တဲ့ ကမ္ဘာ့စျေးအကြီးဆုံး ဝီစကီ Whiskey Brands ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၇၁,၇၀၀ ဖြစ်ပါတယ်။
(၃) The Macallan 1926 (Fine & Rare)
Photo : Sotheby’s
Fine & Rare မှ စုဆောင်းထားသော စပျစ်သီးမှ ထုတ်လုပ်ထားသော ရှေးအကျဆုံး ဝီစကီ Whiskey မှာ The Macallan 1926 ဖြစ်ပါတယ်။ နှစ်စဉ် ပုလင်းအနည်းငယ်သာ ထုတ်လုပ်တဲ့အတွက် ဈေးကြီးပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၅,၀၀၀ ဖြစ်ပါတယ်။
(၄) Springbank 1919
Photo : Whiskey Online Auctions
Springbank 1919 ဟာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ဝီစကီ Whiskey အဖြစ် တစ်ချိန်က ဂင်းနစ်မှတ်တမ်း ဝင်ခဲ့ပါတယ်။ ယခုအချိန်အထိ ကမ္ဘာပေါ်မှာ ဝီစကီချစ်သူများ အလိုချင်ဆုံး ဝီစကီ Whiskey များထဲမှာ ကမ္ဘာ့စျေးအကြီးဆုံး ဝီစကီ Whiskey Brand တစ်ခုအဖြစ် ရှိနေပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၇၈,၀၀၀ ဖြစ်ပါတယ်။
(၅) Glenfiddich Janet Sheed Roberts Reserve 1955
Photo : Pinterest
မုယော၊ သစ်တော်သီးနဲ့ ဟီသာအပင်တို့ပါဝင်တဲ့ ကောင်းကင်ဘုံက အရသာလို့တင်စားတဲ့ ရှားပါး ဝီစကီ Whiskey ဖြစ်ပါတယ်။ Glenfiddich Janet Sheed Roberts Reserve က ၁၉၅၅ ခုနှစ်မှာ (၁၁) ပုလင်းသာ ထုတ်လုပ်ခဲ့ပါတယ်။ ဒါကြောင့် ဝီစကီချစ်သူအတွက် ကမ္ဘာ့စျေးအကြီးဆုံး ဝီစကီ Whiskey Brands များထဲက တစ်ခုအဖြစ် ကျော်ကြားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၄,၀၀၀ ဖြစ်ပါတယ်။
ကွီးတို့ရေ ဝီစကီချစ်သူ ကွီးတို့အတွက် ကမ္ဘာ့စျေးအကြီးဆုံး ဝီစကီ Whiskey Brandsအချို့ ပဲဖြစ်ပါတယ်။ နောက်ထပ် ပိုပြီး ဈေးနှုန်း ကြီးမြင့်တဲ့ ကမ္ဘာ့စျေးအကြီးဆုံး ဝီစကီ Whiskey Brands များကို ဖော်ပြပေးပါဦးမယ်။
Source : Money Inc
Featured Photo : Elite Traveler