အိပ်ရာထက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်တဲ့ ပြဿနာဟာ အမျိုးသမီးတွေ တင်မကပါဘူး အမျိုးသားတွေမှာလည်း အဖြစ်များပါတယ်။ တချို့ကလည်း ကိုယ့်ရဲ့ ခန္ဓာကိုယ် ပုံပန်းသွင်ပြင်နဲ့ပတ်သတ်ပြီး ယုံကြည်မှု လျော့နည်းကြသလို တချို့က လက်တွဲဖော်ကို ဆန္ဒအပြည့်အဝ မဖြည့်ဆည်းပေးနိုင်မှာ တွေးပူပြီး စိုးရိမ်ကြောက်ရွံ့ မိကြပါတယ်။ တကယ်တော့ အိပ်ရာထက်မှာ ချစ်ပွဲဝင်ကြတဲ့အခါ အတွေးများပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့နေမယ်ဆိုရင် သင်ရောသင်လက်တွဲဖော်ပါ ၂ ဦးစလုံး လုံလောက်တဲ့ ရင်ခုန်ပျော်စရာ အချိန်တွေ ၊ သာယာတဲ့ အထိအတွေ့ ခံစားမှုတွေကို ရရှိပိုင်ဆိုင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ ဝံ့ဝံ့ကြွားကြွား အိပ်ရာ ထက်က ကျား တစ်ကောင်ဖြစ်ဖို့ နည်းလမ်းတချို့ကို လမ်းညွှန်ပေးချင်ပါတယ်။

(၁) စာတွေ့/လက်တွေ့တွေကို ကောင်းကောင်းပြန် အသုံးချပါ

Couple

Photo : MensXP

အိပ်ရာထက်မှာ မသေချာမရေရာမှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းနေတယ်လို့ ခံစားရချိန်တွေမှာ အကောင်းဆုံး အဖြေရှာနိုင်မယ့် နည်းလမ်းက အရင်က သိခဲ့တဲ့ စာတွေ့ / လက်တွေ့ သင်ခန်းစာတွေကို ပြန်လည် အသုံးချဖို့ပါပဲ။ အရင်က လေ့လာထားတဲ့ သိုင်းကျမ်း တွေကို တစ်ချက်လေး ပြန်စဉ်းစားပြီး လက်တွေ့ပြန်သုံးကြည့်ပါ။ တစ်ခါတစ်လေမှာ သင့်ပါတနာနဲ့ အရင်တုန်းက ရှိခဲ့ဖူးတဲ့ ရင်ခုန်စရာအတိတ်တွေကိုလည်း ပြန်လည်တူးဆွဖို့ လိုပါတယ်။ တချို့နည်းလမ်းတွေက ဟောင်းကောင်းဟောင်း နေပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အတွက် အသုံးဝင်နေသေးတယ်ဆိုရင် ပြန်ကျင့်သုံးကြည့်ပါ။ ကောင်းမွန်တဲ့ စတင်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

(၂) တစ်ကိုယ်ရည် အာသာဖြေခြင်းက အဖြေတစ်ခုပါ

Couple

Photo : MensXP

လိင်မှုရေးရာ ကျွမ်းကျင်သူတိုင်းကတော့ ဆက်ဆံခြင်းမပြုမီမှာ ကြိုတင် တစ်ကိုယ်ရည် အာသာဖြေဖို့ကို လမ်းညွှန်ကြပါတယ်။ ဒီနည်းလမ်းက တကယ်လည်း ရိုးရှင်းပြီး လက်တွေ့ အသုံးဝင်ပါတယ်။ တစ်ကိုယ်တော် ကြိုတင်ပြီး တစ်ကိုယ်ရည် အာသာဖြေခြင်းက ချစ်တင်းနှောချိန်မှာ စွမ်းဆောင်ရည် ပိုကောင်းစေပြီး ခံစားမှုအထွတ်အထိပ် ရောက်စေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) သာယာမှုအပေါ် အာရုံစိုက်ပါ

Couple

Photo : MensXP

အိပ်ရာ ထက်မှာ ချစ်တင်းနှောတဲ့အခါ ယောကျာ်းလေး တော်တော်များများက စွမ်းဆောင်ရည်အပေါ်ကိုပဲ အရမ်းကြီး အာရုံစိုက်ပြီး သာယာမှုကို ကန့်သတ်ဘောင်ခတ်တာမျိုး လုပ်မိတက်ကြပါတယ်။ တကယ်တော့ လက်ရှိ သင်နဲ့သင့်ပါတနာ နှစ်ဦးလုံး တက်ညီလက်ညီနဲ့ အချစ်နွံထဲ စိမ့်ဝင်စီးမြောနေဖို့ကို အာရုံစိုက်သင့်တာပါ။ မလိုအပ်တဲ့ အတွေးတွေ ၊ Pornstar တစ်ယောက်လို စွမ်းဆောင်ရည်တွေကို မေ့ထားလိုက်ပါ။ နှစ်ဦးသားရဲ့ အထိအတွေ့ သာယာမှုအပေါ်ကိုပဲ အပြည့်အဝ အာရုံစိုက်ထား သင့်ပါတယ်။

(၄) ရှက်စိတ်တွေ လျော့ထားပါ

Couple

Photo : MensXP

လိင်မှုကိစ္စမှာ အရေးကြီးဆုံးက နှစ်ဦးသားရဲ့ ဆက်ဆံရေး အခြေအနေပါပဲ။ တစ်ယောက်အပေါ်တစ်ယောက် ရှက်စိတ်ကြောက်စိတ်တွေ များနေရင် လွတ်လပ်ပေါ့ပါးစွာ ခရီးဆက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားဖို့က နံပါတ်တစ် အရေးကြီးပါတယ်။ ရှက်စိတ်တွေကို တက်နိုင်သမျှ လျော့ထားပြီး အပေးအယူမျှမျှ ရင်ခုန်စရာအခိုက်အတန့်တစ်ခုကို ဖန်တီးသင့်ပါတယ်။

ကွီးတို့အနေနဲ့ အိပ်ရာ ထက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ ဝံ့ဝံ့ကြွားကြွား ကျား တစ်ကောင်ဖြစ်ဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ ၊ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ဘော်ဒီကို ထိန်းသိမ်းတာ ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တာ ၊ ကျန်းမာတဲ့ Lifestyle တစ်ခု မွေးမြူတာ စတဲ့အချက်လေးတွေကိုလည်း လိုက်နာပေးဖို့ လိုပါမယ်။

Featured Photo : DeviantArt