လူတိုင်းဟာ ကျန်းမာပျော်ရွှင် တဲ့ဘဝကို တောင့်တကြပေမယ့် တကယ်တမ်း ကိုယ့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အရာတွေကို လုပ်ဖို့ မေ့နေတတ်ကြပါတယ်။ ကျန်းမာရေးဆိုတာ ဝယ်ယူရတာ မဟုတ်ပါဘူး။ ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ရတာပါ။ ဒီတစ်ခေါက်မှာတော့ ကိုယ့်ရဲ့ ကျန်းမာရေးကို တတ်နိုင်သမျှ စောင့်ရှောက်ရင်း အသက်ရှည်ရှည် နေထိုင်သွားနိုင်ဖို့ ကျန်းမာခြင်းရဲ့ လျို့ဝှက်ချက် ၅ ခုအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) တစ်ရက်ကို နာရီဝက် အနည်းဆုံး လှုပ်ရှားပါ

Photo : iStock
လှုပ်လှုပ်ရှားရှားနေခြင်းက လူကို စွမ်းအင်ပေးပါတယ်။ လှုပ်ရှားနေမှလည်း လူက နေမကောင်း ထိုင်မသာ ဖြစ်တာ နည်းပါးပြီး ကိုယ်လက်ကြံ့ခိုင်မှု အားကောင်းလာမှာပါ။ ဒါကြောင့် အမြဲတမ်း လှူပ်ရှားနေပါ။ ထိုင်တာ ကြာသွားရင် မတ်တပ်ရပ်ပြီး ဟိုဟိုဒီဒီ လမ်းလျှောက်ပေးပါ။ အနည်းဆုံး အကြောလျှော့တာဖြစ်ဖြစ် ခပ်ရွရွပြေးတာ ဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။
(၂) လေကောင်းလေသန့် ရှုရှိုက်ပါ

Photo : iStock
ကွီးတို့ မနက်ခင်းတိုင်း လမ်းလျောက်ရင်း ဖြစ်ဖြစ် လေကောင်းလေသန့် ကောင်းကောင်း ရှုရှိုက်သင့်ပါတယ်။ ဖြစ်နိုင်ရင် သစ်တောသစ်ရိပ်မှာ လမ်းလျှောက်တာ ၊ အနားယူတာ လုပ်သင့်ပါတယ်။ မြို့ပြမှာနေသူတွေ အတွက်ကတော့ အခန်းထဲက တံခါးတွေ ဖွင့်ထားတာ ၊ ပန်းခြံတွေထဲ သွားနားတာ လုပ်နိုင်ပါတယ်။
(၃) ရေလုံလုံလောက်လောက် သောက်ပါ

Photo : iStock
ရေကောင်းရေသန့် လုံလောက်အောင် သောက်သုံးပေးခြင်းဟာ လူကို ကြည်လင် လန်းဆန်းပြီး ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်မှု စနစ်ကောင်းမွန်စေပါတယ်။ ရေသောက်ရာမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါတဲ့ အဟာရဓါတ်တွေကို စားသုံးနေရတယ်လို့ မှတ်ယူပြီး အနည်းဆုံး ရေဖန်ခွက် ၇ ခွက်ကနေ ၉ ခွက်အထိ သောက်သုံးသင့်ပါတယ်။
(၄) သောကနည်း အောင်နေပါ

Photo : iStock
စိတ်ထောင်းကိုယ်ကြေ ဆိုတဲ့ စကားကို ကြားဖူးကြပါလိမ့်မယ်။ စိတ်မပျော်ရင် ကျန်းမာရေးပါ ထိခိုက်လာမှာပါ။ ဒါကြောင့် ကိုယ့်စိတ်အာရုံကို ရှုပ်ထွေးမွန်းကြပ်စေမယ့် အရာတွေကနေ ဝေးအောင်နေပါ။ တကယ်လို့ ဝေးအောင်နေလို့ မရဘူးဆိုရင် ကိုယ့်စိတ်ကို ပြင်ဆင်ပြီး စိတ်ခံစားမှု မလွန်ကဲအောင် နေသင့်ပါတယ်။ အကောင်းဆုံးကတော့ တရားထိုင်တာ ၊ ယောဂကျင့်တာနဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်တာမျိုးတွေဟာ စိတ်သောက နည်းစေမယ့် အလေ့အကျင့်ကောင်းတွေပဲ ဖြစ်ပါတယ်။
(၅) အထိုင်လျော့ များများမတ်တပ်ရပ်ပါ
Photo : iStock
ခန္ဓာကိုယ်ပုံစံဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ သက်တမ်းကို အတိုအရှည် ဆွဲဆန့်နိုင်တယ်ဆိုတာ ကွီးတို့ သိပါသလား။ အခုခေတ်မှာ လှူပ်ရှားမှုနည်းပြီး အထိုင်များရင် သေလောက်တဲ့ရောဂါ ဝင်နိုင်တယ်ဆိုတာ လူတိုင်း လက်ခံလာကြပြီ ဖြစ်ပါတယ်။ အထိုင်များခြင်းရဲ့ ဆန့်ကျင်ဘက်တစ်ခု ဖြစ်တဲ့ မတ်တပ်ရပ်တဲ့ အလေ့အကျင့်က သက်တမ်းပိုရှည်ဖို့ အကြောင်းအရင်းတစ်ခု ဖြစ်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
Photo : Slovenske novice

