သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ မြေပဲထောပတ် Peanut Butter အနှစ် အိမ်မှာ ကိုယ်တိုင် လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းလေး မျှဝေပေးချင်ပါတယ်။ ပြုလုပ်ရအရမ်းကိုလွယ်ကူပြီး ရယ်ဒီမိတ် Peanut Butter တွေထက်လည်း ကျန်းမာရေးနဲ့ ပိုညီညွှတ်ပါတယ်။ ကဲဒါဆို ပြုလုပ်နည်းအဆင့်ဆင့်ကို ဆက်ဖတ်ကြည့်ရအောင်ပါ။

Photo : Love And Lemons
ပါဝင်ပစ္စည်းများ
- အခွံချွတ်ထားတဲ့ မြေပဲအကျက် – ၄၀၀ ဂရမ်
- ဆား (ပင်လယ်ဆား Sea Salt သုံးနိုင်ရင်ပိုကောင်း) – စားပွဲတင်ဇွန်း၂ ဇွန်း
- မြေပဲဆီ – စားပွဲတင်ဇွန်း၂ – ၃ ဇွန်း
- ပျားရည် – စားပွဲတင်ဇွန်း၂ ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
Photo : Love And Lemons
ပါဝင်ပစ္စည်းတွေဖြစ်တဲ့ မြေပဲ ၊ ဆား ၊ ပျားရည်တို့ကို Food Processor ထဲမှာထည့်ကာ ကြေညှက်သွားသည်အထိ ၅ မိနစ်ခန့် မွှေပေးပါ။

Photo : Love And Lemons
ထို့နောက် မြေပဲဆီ စားပွဲတင်ဇွန်း၂ – ၃ ဇွန်း ခန့်ထည့်ပြီး ပိုမိုချောမွေ့ပြီး အနှစ်ဖြစ်လာတဲ့အထိ ၂ မိနစ်ခန့် ဆက်မွှေပေးပါ။

Photo : Love And Lemons
ဒါဆိုရင်တော့ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လတ်လတ်ဆတ်ဆတ် Homemade Peanut Butter ရရှိပြီ ဖြစ်ပါတယ်။

Photo : Love And Lemons
မြေပဲထောပတ်အနှစ်ကို လေလုံတဲ့ပုလင်းထဲမှာထည့်ပြီး ရေခဲသေတ္တာထဲထည့်သိမ်းထားမယ်ဆိုရင် ၂ ပတ် ကနေ ၃ ပတ်အထိ စားလို့ ရမှာ ဖြစ်ပါတယ်။
Featured Photo : South China Morning Post

