သွားဖြူစေတဲ့ ကုထုံးတွေဟာ ဈေးနှုန်းအားဖြင့် အင်မတန်ကြီးပါတယ်။ သွားဖြူကုထုံးဟာ တစ်ကြိမ်တစ်ခါတည်းနဲ့ ပြီးတာမဟုတ်ပဲ အကြိမ်ကြိမ်ပြုလုပ်ရတာဖြစ်တာကြောင့် ငွေကုန်ကြေးကျလည်း အရမ်းကိုများပါတယ်။ ဒါပေမယ့် ဒီနေ့မျှဝေပေးချင်တဲ့ သွားဖြူစေမယ့် နည်းလေးတွေကတော့ ထိရောက်မှုရှိပြီး ငွေကုန်ကြေးကျ မများတဲ့ အိမ်တွင်းကုထုံးလေးတွေဖြစ်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်ရအောင်။
(၁) လိုအပ်သည့်ပစ္စည်း – ဂျင်း ၊ ဆားအနည်းငယ် ၊ သံပရာသီး
Source : Brightside
ဂျင်းကို ကြိတ်စက်ဖြင့်ဖြစ်စေ ဓားဖြင့်ဖြစ်စေ နုတ်နုတ်ဆင်းပေးရပါမယ်။ ထို့နောက် နုတ်နုတ်ဆင်းထားတဲ့ ဂျင်းထဲကို ဆားအနည်းငယ်နှင့် သံပရာသီးတစ်စိတ် ညှစ်ထည့်ပေးပြီး သမအောင်မွေပေးပါ။ ပြီးရင်တော့ အဆိုပါရောထားတဲ့ ဂျင်းအနှစ်ကို သွားပွတ်တံမှာထည့်ပြီး သွားတိုက်ပေးလိုက်ပါ။ ၁ ပတ်အတွင်းသိသိသာသာသွားဖြူလာစေမှာဖြစ်ပါတယ်။
(၂) လိုအပ်သည့်ပစ္စည်း – ဆားခါး (Epsom salt) ၊ ရေ
Source : Brightside
ဖန်ခွက်တစ်ခုအတွင်းသို့ ဆားခါး (Epsom salt) နှင့် ရေတို့ကိုဆတူရောထည့်ပေးပါ။ ထို့နောက်ဆားများပျော်သွားသည်အထိ မွေပေးရပါမယ်။ ရလာတဲ့ဖျော်ရည်ကို သွားပွတ်တိုက်ဖြင့် စွတ်ပြီးသွားတိုက်ပေးနိုင်သလို ပလုတ်ကျင်းပေးလို့လည်းရပါတယ်။ သွားပေါ်က အညစ်အကြေးတွေကိုဖယ်ရှားပြီး ဖြူဝင်းတဲ့သွားလေးတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
(၃) လိုအပ်သည့်ပစ္စည်း – တမာရွှက် ၊ ရေ
Source : Brightside
အိုးတစ်ခုအတွင်း ရေ ၂ ခွက်ခန့် ထည့်ပြီး အပူပေးထားပါ။ ရေနွေးဆူလာပြီဆိုရင်တမာရွှက်ကိုတည့်ပြုတ်ပေးပါ။ ထို့နောက် ရလာတဲ့တမာရွှက်ပြုတ်ရည်ကို အအေးခံပြီး သွားတိုက်ဆေးအစားထိုးအသုံးပြုနိုင်ပါတယ်။ တမာရွှက်က သွားတွေကို သဘာဝအတိုင်းဖြူဝင်းလာစေမယ့် ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။
(၄) လိုအပ်သည့်ပစ္စည်း – ပူစီနံရွှက် ၊ အုန်းဆီ
Source : Brightside
ကြိတ်စက်ထဲသို့ ပူစီနံရွှက် နှင့် အုန်းဆီအနည်းငယ်တို့ကိုရောကြိတ်ပေးပါ။ ပူစီနံရွှက်ကအများကြီးမလိုပါဘူး။ ၄ – ၅ ရွှက်လောက်ထည့်ကြိတ်ပေးရင် လုံလောက်ပါတယ်။ ထို့နောက်ရလာတဲ့အနှစ်ကို သွားပွတ်တံမှာထည့်ပြီးသွားတိုက်ပေးလိုက်ပါ။ ပုလဲလုံးလေးတွေလို ဖြူဝင်းတဲ့ သွားလေးတွေရရှိလာမှာဖြစ်ပါတယ်။
(၅) လိုအပ်သည့်ပစ္စည်း – ကိုကိုးအမှုန့် ၊ အုန်းဆီ (သို့) ရေ
Source : Brightside
ကိုကိုးအမှုန့်က သွားကြွေပေါ်မှာရှိတဲ့ အညစ်အကြေးတွေကိုဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အထိရောက်ဆုံးပစ္စည်းတစ်ခုဖြစ်ပါတယ်။ စူပါမားကပ်တွေမှာလည်းအလွယ်တကူဝယ်လို့ရပါတယ်။ ကိုကိုးအမှုန့် တစ်ဇွန်းခန့်ကို အုန်းဆီသို့မဟုတ် ရေအနည်းငယ်တို့ဖြင့်ရောပြီး သမအောင်မွေပေးပါ။ရလာတဲ့အနှစ်ကို သွားပွတ်တံမှာထည့်ပြီး သေချာစွာတိုက်ပေးပါ။ ဖြူဝင်းတောက်ပတဲ့သွားလေးတွေကို ပိုင်ဆိုင်နိုင်မှာသေချာပါတယ်။