ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးတစ်ပွင့် ဖြစ်ချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်ကို အသေအချာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကွီးတို့ကို စကီလေးတွေက သမင် လည်ပြန်ငေးစေဖို့အတွက် ဟောလိဝုဒ် မင်းသားတွေလိုမျိုး ဖက်ရှင် ကျနေဖို့လိုအပ်ပါတယ်။
ဟောလိဝုဒ်မင်းသားတွေလို ဖက်ရှင်ကျကျ ဝတ်ဆင်ဖို့ မလုပ်တတ်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်လိုက်ပါ။ ကွီးတို့ကို စကီလေးတွေက သမင် လည်ပြန်ငေးစေမယ့် ဖက်ရှင် စတိုင်လ်လေးတွေပါ။
(၁) ဘောင်းဘီတိုဖက်ရှင်နဲ့ အဖြူရောင် Sneakers
ဘောင်းဘီအတိုနဲ့ အလန်းဇယားရှိုးထုတ်ချင်တဲ့ ကွီးတို့အတွက် အဖြူရောင် Sneaker ကလိုက်ဖက်မှုအရှိဆုံးရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ဘောင်ဘီအတိုနဲ့ Sneaker အဖြူကလူငယ်ဆန်တဲ့အသွင်ကိုဆောင်စေပြီး သက်တောင့်သက်သာရှိစေပါတယ်။အပေါ်က ရိုးရှင်တဲ့တီရှပ်ဒီဇိုင်းလေးတွေ ဒါမှမဟုတ် ပြောင်တီရှပ်လက်တိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် တကယ်ကိုကြည့်ကောင်းပြီး စတိုင်ကျနေစေမှာသေချာပါတယ်။
(၂) ကုတ်အင်္ကျီများနဲ့ အပီအပြင် ရှိုးထုတ်ပါ
ဖက်ရှင်ကျတဲ့ အမျိုးသားတို့ရဲ့ ဘီဒိုထဲမှာ ကုတ်အင်္ကျီတစ်ထည်တော့ ရှိသင့်ပါတယ်။ Fitting ကျတဲ့ Blazer ကုတ်တစ်ထည်လောက် ရှိရင် ပွဲတက်မလား ၊ ရုံးပဲ သွားမလား အေးအေးပါပဲ။
Blazer ဝယ်ရင်တော့ နက်ပြာရောင် ၊ မီးခိုးရောင် ၊ ကာလာအမှိုင်းစပ်တွေ ဝယ်သင့်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့တကယ် အံဝင်ခွင်ကျဖြစ်ပြီး ပုခုံးအကျ မှန်တဲ့ Blazer ဝယ်ဖို့တော့ မမေ့သင့်ပါဘူး။
(၃) ပိုလိုတီရှပ်နဲ့ ရှိုးထုတ်ပါ
ပိုလိုတီရှပ်တွေဆိုတာ ဘယ်လိုရာသီဥတုနဲ့မဆို ရှိုးထုတ်လို့ရတဲ့ ဖက်ရှင်အမျိုးအစားတစ်ခုပါ။ ပိုလိုရှပ်ဟာ ယောင်္ကျားဆန်ဆန်ထူးခြားပြီး ရိုးရှင်းတဲ့ အဝတ်အစားထဲမှာ ပါပါတယ်။ ခပ်အိုက်အိုက်ရာသီ၊ ဒါမှမဟုတ် အေးစိမ့်စိမ့် ရာသီမျိုးတွေမှာ ဘာဝတ်ရမလဲ ခေါင်းခြောက်မခံချင်ရင် ပိုလိုရှပ်ပဲဝတ်ဖို့အကြံပြုချင်ပါတယ်။
(၄) အနက်ရောင် ဖက်ရှင်နဲ့ ဆွဲဆောင်မှု တိုးမြှင့်လိုက်ပါ
ဖက်ရှင်နဲ့ ပတ်သတ်ပြီး ဘယ်ချိန်ပဲဖြစ်ဖြစ် ရိုးအီမသွားတဲ့ အရောင်ကတော့ အနက်ရောင်ပဲ ဖြစ်ပါတယ်။ အနက်ရောင်ဖက်ရှင်တွေဟာ အမျိုးသားတိုင်းလိုလိုလည်း ကြိုက်နှစ်သက်တဲ့ အရောင်တစ်မျိုးဖြစ်ပြီး ပေါ့ပေါ့ပါးပါးအပြင်သွားရင်ပဲ ဝတ်မလား ပွဲတက်အဝတ်အစားအဖြစ်ပဲ ဝတ်ဆင်မလားအဆင်ပြေစေတဲ့ အရောင်တစ်မျိုးပါ။All Black အနေနဲ့လည်း ဝတ်ဆင်နိုင်သလို ၊ အရောင်အနုအရင့် မရွေး တွဲဖက်လို့ဝတ်ဆင်လို့အကောင်းဆုံး အရောင်တစ်မျိုးပဲ ဖြစ်ပါတယ်။
(၅) ချည်ထည်အကွက် ဖက်ရှင်နဲ့ အကွက်ရွေ့နိုင်ပါပြီ
အသားထူပြီး နူးညံ့ပျော့ပျောင်းတဲ့ချည်သားလေးတွေနဲ့ ရက်လုပ်ထားတဲ့ အင်္ကျီအကွက်လေးတွေက အင်မတန်ဖက်ရှင်ကျပါတယ်။ ချည်ထည်အင်္ကျီအကွက်ကို ရိုးရိုးတီရှပ်ရယ်၊ ဂျင်းဘောင်းဘီနဲ့ တွဲဝတ်လိုက်မယ်ဆိုရင် အထာအကျဆုံးပုရိသတစ်ယောက်ဖြစ်နေမှာပါ။
ကွီးတို့ရော ကိုယ့်ရဲ့ ဖက်ရှင်ကို ဘယ်လိုဒီဇိုင်းမျိုးတွေနဲ့ ရှိုးထုတ်လေ့ရှိကြပါသလဲ။
Source: Fashionbean
Featured Image: Freepik